ဖလမ်းမြို့တွင်း လက်ကျန်စစ်အုပ်စုစခန်းကို ချင်းတော်လှန်ရေးတပ်တွေ ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား
ရိက္ခာပြတ် ၊ ရေပြတ် မသေချင်ရင် အမြန်လက်နက်ချ ပူးပေါင်းဖို့ ဖိတ်ခေါ်
ကိုသူ/MFP ၊ ဇန်နဝါရီ-၂၈
ချင်းပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဖလမ်းမြို့ကို အလုံးစုံသိမ်းယူနိုင်ရေး ချင်းညီနောင် တပ်ဖွဲ့ ဝင်တွေ ထိုးစစ်ဆင်နေပြီး လက်ရှိမှာ မြို့မှာ ကျန်ရှိနေတဲ့ စစ်အုပ်စုစခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ ရိက္ခာ ဖြတ်တောက်ထား တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တပ်ကုန်းပေါ်မှာ အခြေ ပြုနေထိုင်တဲ့ စစ်အုပ်စုကို ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ သောက် သုံးရေတွေ ပိတ်ဆို့ဖြတ်တောက် ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။
“ရိက္ခာ ဖြတ်တောက် ထားတာ က ကြာပါပြီ ။ အဓိက တော့ တောင် ပေါ်မှာက ရေ ပဲ ။ရေ က မသောက်လို့ နေလို့မှ မရတာ။ ရေပြတ်ရင် ကြာကြာခံမယ် မထင်ဘူး” လို့ စစ်အုပ်စုကို ရိက္ခာ ဖြတ်ထောက်ထားတဲ့ အခြေအနေနဲ့ ပတ် သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ စစ်အုပ်စုကို ရိက္ခာနဲ့သောက်သုံးရေပိတ်ဆို့ ဖြတ်တောက်ထားတဲ့အတွက် တပ်ကုန်း စခန်းမှာကျန်ရှိနေတဲ့ စစ်အုပ်စုတပ်တွေ ရိက္ခာပြတ်ပြီး အငတ်ဘေးကြုံနိုင်သလို သောက်စရာရေမရှိဘဲသေ ဆုံးတာ တွေ ရှိလာနိုင်တာမို့ အဲဒီအခြေအနေကို မကြုံတွေ့ချင်ရင် လက်နက်ချလာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ် လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“အဲ့ဒီ တော့ လာ ပူးပေါင်းကြဖို့ ပြောချင်ပါတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က စပြီး ချင်းညီနောင်စစ်ဆင်ရေး (Opration CB ) အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရဲ စခန်း၊ ခရိုင်ရဲစခန်း၊ ဆောက်လုပ်ရေး ရုံး စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အလားတူ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး ၊ ဒုရဲတပ်ဖွဲ့မှူး ဦးခင်မောင်ထွန်း၊ ရဲအရာရှိ တချို့အပါအဝင် စစ်အုပ်စု လက်နက်ကိုင် ၄၅ ဦးကို အရှင်လက်ရ ဖမ်းဆီး ရရှိကာ လက်နက်အများအပြားသိမ်းဆည်း ရရှိခဲ့တာဖြစ် ပါတယ်။
လက်ရှိမှာတော့ ဖလမ်းမြို့ပေါ် နောက်ဆုံးကျန်ရှိနေတဲ့စစ်အုပ်စု ခြေကျင်တပ်ရင်း (ခလရ) ၂၆၈ လက်အောက်ခံ တပ်ကုန်းစခန်းတစ်ခုကို ဝိုင်းဝန်းပိတ်ဆို့ကာ ရိက္ခာ ဖြတ်တောက်ထားပြီး စစ်အုပ်စုတပ်တွေ လာရောက်ပူးပေါင်း ဖို့ ဖိတ် ခေါ်ထားတာလို့ ချင်းညီနောင် စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတပ်ကုန်းစခန်းကို ချင်းညီနောင် တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၂ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတပ်က မြို့မကျရေး စစ်ဘက်သုံးရဟတ်ယာဉ်သုံးစီးနဲ့ ခုခံဗုံးကြဲခဲ့လို့ နေအိမ် တချို့ထိခိုက် ပျက်စီးခဲ့တယ် လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
” လူတွေက မရှိတော့ ဘူး ရှောင် နေတာ ကြာပြီ ။ ဘောလုံးကွင်းဘေးနဲ့ ကျောင်းနားက အိမ်တွေ ပျက်စီးတယ်လို့ သိ ရတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ် အတွင်းမှာတော့ တော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ် ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား စတဲ့ မြို့တွေကို သိမ်းပိုက် ထိန်း ချုပ် ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာတော့ ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်း၊ တီးတိန်မြို့နယ်တွေမှာသာ စစ်အုပ်စု စခန်းတွေကျန်ရှိတော့ တာ ဖြစ်ပါတယ်။