-
ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်ဟု NUG ဆို
ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်ဟု NUG ဆို 1 July 2025 By Ko Myo / MPA မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အထူးစိုးရိမ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)က ဆိုသည်။ ယနေ့(ဇူလိုင်တစ်ရက်)ပြုလုပ်သည့် NUGအစိုးရ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က အထက်ပါ အတိုင်းပြောသည်။ “နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့ဟာလည်း အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး လုံ လောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိမနေတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား တွေအားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးပဲ…
-
တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား ဇူလိုင် ၁၊ ၂၀၂၅ စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။ ဇွန်လ ၃၀ ရက်၊ တနင်္လာနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ကြားနာမှုအတွင်း နိုင်ငံခြားရေးကော်မရှင်၊ အောက်လွှတ်တော်အမတ် Abraham Sridjaja က ဒီကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ တော်လှန်ရေးတပ်တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး အသက် ၃၃ နှစ်အရွယ် လူမှုကွန်ရက်နာမည်ကျော်တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ အထောက်အထားကလည်း ခိုင်လုံမှုမရှိကြောင်း သူက ပြောဆိုပါတယ်။ “သူပုန်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံရပြီး မြန်မာပြည်မှာ အဖမ်းခံထားရတဲ့ ကျနော်တို့ နိုင်ငံသားတစ်ယောက်ရှိပါတယ်။ သူလည်း ကျနော့်လောက်ပဲ၊ အသက်…
-
လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွား၊ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲအရာရှိ ၁ ဦးဒဏ်ရာရ
လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွား၊ ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲအရာရှိ ၁ ဦးဒဏ်ရာရ ရန်ကုန်၊ ဇူလိုင် ၂ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦးသေဆုံး ရဲအရာရှိ ၁ ဦးဒဏ်ရာရရှိကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်များအရ သိရှိရသည်။ ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင် အရေးပေါ်…
-
မြန်မာနိုင်ငံက အရှေ့တောင်အာရှတွင် လူကုန်ကူးခြင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြစ်ပွားရာဒေသ ဖြစ်လာနေပြီး မြန်မာပြည်သူများ ဆင်းရဲတွင်းကျနေ
မြန်မာနိုင်ငံက အရှေ့တောင်အာရှတွင် လူကုန်ကူးခြင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြစ်ပွားရာဒေသ ဖြစ်လာနေပြီး မြန်မာပြည်သူများ ဆင်းရဲတွင်းကျနေ ရန်ကုန်၊ ဇူလိုင် ၁ မြန်မာနိုင်ငံက အရှေ့တောင်အာရှဒေသတွင် လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြစ်ပွားရာဒေသ တစ်ခု ဖြစ်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဇွန်လ ၃၀ ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် United Nations Global Plan of Action to Combat Trafficking in Persons အတွက် အဆင့်မြင့် အစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သက်ဆိုင်ရာတာဝန်ခံများနှင့် အလွတ်သဘော အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများ၊…
-
တရုတ်သည် အိမ်နီးချင်းကောင်းမဟုတ်ဟု ISP စစ်တမ်း ဖော်ပြ
တရုတ်သည် အိမ်နီးချင်းကောင်းမဟုတ်ဟု ISP စစ်တမ်း ဖော်ပြ ဂျူချန်း မဇ္ဈိမ။ ။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူ ၆၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ၏ စစ်တမ်းတခုတွင် ဖော်ပြသည်။ ဇွန်လ ၃၀ ရက်နေ့ထုတ် ၂၀၂၄ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်းတွင် ကောက်ယူရရှိထားသည့်အချက်အလက်၌ ဖော်ပြထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းမဟုတ်ဟု ယူဆသူ ၅၀ ရာခိုင်နှုန်းရှိပြီး လုံးဝမကောင်းဟုယူဆသူ ၁၈ ရာခိုင်နှုန်းရှိကာ ၂၉ ရာခိုင်နှုန်းမှာ ကောင်းသည်ဟု ဖြေဆိုထားပြီး ၁ ရာခိုင်နှုန်းက အလွန်ကောင်းပါသည် ဟု ဖြေဆိုထား သည်။ စစ်တမ်းကောက်ယူရာတွင် အရပ်ဘက်အဖွဲ့အစည်းမှ ၁၀၅ ဦး၊ နိုင်ငံရေးနယ်ပယ်မှ ၁၆ ဦး၊…
-
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နှင့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်ပြီး စောချစ်သူ(ခ) စံမြင့်၊ သားသမီး ၃ ဦးနှင့် စီးပွားရေးတာဝန်ခံ ၁ ဦးတို့ကို အမည်ပျက်သူများအဖြစ် ကြေညာ
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ နှင့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်ပြီး စောချစ်သူ(ခ) စံမြင့်၊ သားသမီး ၃ ဦးနှင့် စီးပွားရေးတာဝန်ခံ ၁ ဦးတို့ကို အမည်ပျက်သူများအဖြစ် ကြေညာ ရန်ကုန်၊ ဇူလိုင် ၁ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းပြီး ဗိုလ်မှူးကြီး စောချစ်သူနှင့် သားသမီးများ အပါအဝင် ဒါရိုက်တာများကိုပါ အမည်ပျက်သူများအဖြစ် စစ်တပ်က ကြေညာသည်။ အကြမ်းဖက် စစ်ကောင်စီထံသို့ ပို့ကုန်ရငွေ နိုင်ငံ ခြားငွေ မပေးသွင်းသည့် ပို့ကုန်/သွင်းကုန် ကုမ္ပဏီ ၁၉၇ ခုနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာခဲ့ရာတွင် ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီး…
-
ရေးရှိ ခမရ (၃၄၃)၏ စခန်းကုန်းတစ်ခုကို ရေးဘီ လူး သိမ်းပိုက်၊ တော်လှန်ရေးရဲဘော်၁ဦးကျဆုံး
ရေးရှိ ခမရ (၃၄၃)၏ စခန်းကုန်းတစ်ခုကို ရေးဘီ လူး သိမ်းပိုက်၊ တော်လှန်ရေးရဲဘော်၁ဦးကျဆုံး ဇူလိုင်-၁၊၂၀၂၅။ရဲခေါင်/People’s Spring မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန် တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။ ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅ နာရီခန့်က အာယုတောင်ကျေးရွာရှိ စစ်ကောင်စီတပ်သား ၂၀ ဝန်း ကျင်ရှိသော စခန်းကုန်းကို သိမ်းပိုက်မှု တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ကာတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျ ဆုံးခဲ့ရသည်ဟုသိရသည်။ “စကစ အလောင်း dead body တွေရော၊လက် နက် တွေရောက သိမ်းဆည်းရမိမှုမရှိခဲ့ဘူး။တပ်ဝင်းနဲ့က အရမ်းနီးတော့ ကျွန်တော်တို့ထပ်ပြီးရုန်းမရတော့ဘူး။စခန်းကုန်းကိုပဲကျွန်တော်တို့ရခဲ့တယ်။သူတို့ကခံပစ်မနိုင်တဲ့အခြေအနေမှာစခန်းကို ဆုတ် ပြီး…
-
အိုးဘိုထောင်တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဝန်ထမ်းများက သံတုတ်ဖြင့် ရိုက်နှက်မှုကြောင့် သတိလစ် မေ့မျောသွားခဲ့ပြီး ဆေးဝါးကုသပေးခြင်းမရှိဘဲ ခြေကျင်းခတ် တိုက်ပိတ်ထား
အိုးဘိုထောင်တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဝန်ထမ်းများက သံတုတ်ဖြင့် ရိုက်နှက်မှုကြောင့် သတိလစ် မေ့မျောသွားခဲ့ပြီး ဆေးဝါးကုသပေးခြင်းမရှိဘဲ ခြေကျင်းခတ် တိုက်ပိတ်ထား ရန်ကုန်၊ ဇူလိုင် ၁ မန္တလေးမြို့ရှိ အိုးဘိုထောင်သို့ ထောင်ပြောင်းရောက်ရှိလာသော မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို ထောင်ဝန်ထမ်းများက သံတုတ်ဖြင့် ရိုက်နှက်မှုကြောင့် သတိလစ် မေ့မျောသွားခဲ့ပြီး ဆေးဝါးကုသပေးခြင်းမရှိဘဲ ခြေကျင်းခတ် တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၁၂ ရက်နေ့ မုံရွာအကျဉ်းထောင်မှ မန္တလေး အိုးဘိုထောင်သို့ ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့် နိုင်ငံ ရေးအကျဉ်းသားများကို ထောင်အဝင်ဗူးဝတွင် မတရားရိုက်နှက်နှိပ်စက်မှုများပြုခဲ့သည့် ဖြစ်စဉ်တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဦးတည်ချက်ထား၍ အကျဉ်းဦးစီးဝန်ထမ်းအရာရှိတစ်ဦးမှ သံတုတ်ဖြင့် စတင်ရိုက်နှက်ရာမှစ၍ အခြားနိုင်ငံရေးအကျဉ်းသားများပါ နောက်ဆက်တွဲအနေဖြင့် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်တွင် ကိုဝေမိုးနိုင်သည်…
-
ဧရာဝတီမှစစ်စခန်းအချို့ AAနှင့်ပူးပေါင်းတပ်သိမ်းပိုက်
ဧရာဝတီမှစစ်စခန်းအချို့ AAနှင့်ပူးပေါင်းတပ်သိမ်းပိုက် ဇွန်-၃၀၊၂၀၂၅။မိထက်/People’s Spring ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ် ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက် ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။ တိုက်ပွဲများပြင်းထန်နေသည့်လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်နေသောကျေးရွာများ ၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို ဇွန်လဆန်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း၌ နေ့ရောညပါ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ၂၉ရက်ညနေပိုင်းတွင် စခန်းသုံးခုထက်မနည်းသိမ်းယူလိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ဧရာဝတီတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ဘက်ကသေတာတွေအများကြီးရှိတယ်။ လက်နက်တွေလည်းအများကြီးရထားတယ်” ဟုပြောသည်။ AA နှင့် ပူးပေါင်းတပ်များသိမ်းယူလိုက်သည့် နေ ရာသည် ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက (၅) နှင့်လည်း မိုင်အနည်းငယ်သာကွာဝေးသည်ဟုသိရသည်။ စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးပေ။ AAနှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်န ဝါရီလနှင့် ဖေဖော်ဝါရီလက ဖြစ်ပွားသောတိုက်ပွဲများအတွင်း ရွှေသောင်ယံမြို့၊သာပေါင်းမြို့တို့မှ စစ်တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်…
-
ဧရာ၀တီတိုင်းတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ရေကြည်နှင့် လေးမျက်နှာ ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံး
ဧရာ၀တီတိုင်းတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ရေကြည်နှင့် လေးမျက်နှာ ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံး ရန်ကုန်၊ ဇူလိုင် ၁ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း AYA PDF အမှတ်၂၉ ဗျူဟာ က ပြောဆိုသည်။ မေလ ၁၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ထိ ရေကြည်မြို့နယ် အခြေစိုက် အမတ ၃၄၄ တပ်စခန်းနှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ…