ဧရာဝတီမှစစ်စခန်းအချို့ AAနှင့်ပူးပေါင်းတပ်သိမ်းပိုက်
ဇွန်-၃၀၊၂၀၂၅။မိထက်/People’s Spring
ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ်
ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက်
ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။
တိုက်ပွဲများပြင်းထန်နေသည့်လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်နေသောကျေးရွာများ ၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို ဇွန်လဆန်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း၌ နေ့ရောညပါ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ၂၉ရက်ညနေပိုင်းတွင် စခန်းသုံးခုထက်မနည်းသိမ်းယူလိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ဧရာဝတီတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ဘက်ကသေတာတွေအများကြီးရှိတယ်။ လက်နက်တွေလည်းအများကြီးရထားတယ်” ဟုပြောသည်။
AA နှင့် ပူးပေါင်းတပ်များသိမ်းယူလိုက်သည့် နေ
ရာသည် ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက
(၅) နှင့်လည်း မိုင်အနည်းငယ်သာကွာဝေးသည်ဟုသိရသည်။
စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးပေ။
AAနှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်န
ဝါရီလနှင့် ဖေဖော်ဝါရီလက ဖြစ်ပွားသောတိုက်ပွဲများအတွင်း ရွှေသောင်ယံမြို့၊သာပေါင်းမြို့တို့မှ စစ်တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီတပ် နှင့် AA ဦးဆောင်သောပူးပေါင်းတပ်များကြား ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် လတ်တလောတိုက်ပွဲများဖြစ်ပွားနေသည်။ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီအဓိကတပ်စွဲထားသည့်အမြောက်တပ်(၃၄၄)အနီး၌လည်း တိုက်ပွဲများ ပြင်းထန်နေသည်။
“အခုရက်ပိုင်းတွေ တိုက်ပွဲတော်တော် ပြင်းပြင်း
ထန်ထန်ဖြစ်နေတာပါ။ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ပဲ။ ညဘက်တွေဆို လေ
ကြောင်းက ပစ်ကူပေးတာပါ။ AAနဲ့ ပူးပေါင်းတပ်တွေကတော့ရှေ့ဘက်ကိုတိုးလာတဲ့ သဘောထင်တယ်”ဟုဟင်္သာတမြို့ခံတဦးကပြောသည်။
တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီကရန်ကုန်
တိုင်းဘက်မှ ဧရာဝတီတိုင်းသို့ဝင်သည့်လမ်း
ကြောင်းများ နှင့် မြို့အဝင်အထွက်ဂိတ်များ၌ စစ်
ဆေးမှုများကို ပို၍တင်းကြပ်နေသည်။
( ၂၀၂၅ နှစ်ဆန်းပိုင်းက ရက္ခိုင် နှင့် ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk )