ရေးရှိ ခမရ (၃၄၃)၏ စခန်းကုန်းတစ်ခုကို ရေးဘီ
လူး သိမ်းပိုက်၊ တော်လှန်ရေးရဲဘော်၁ဦးကျဆုံး
ဇူလိုင်-၁၊၂၀၂၅။ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်
တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။
ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅ နာရီခန့်က အာယုတောင်ကျေးရွာရှိ စစ်ကောင်စီတပ်သား ၂၀ ဝန်း ကျင်ရှိသော စခန်းကုန်းကို သိမ်းပိုက်မှု တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ကာတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျ ဆုံးခဲ့ရသည်ဟုသိရသည်။
“စကစ အလောင်း dead body တွေရော၊လက်
နက် တွေရောက သိမ်းဆည်းရမိမှုမရှိခဲ့ဘူး။တပ်ဝင်းနဲ့က အရမ်းနီးတော့ ကျွန်တော်တို့ထပ်ပြီးရုန်းမရတော့ဘူး။စခန်းကုန်းကိုပဲကျွန်တော်တို့ရခဲ့တယ်။သူတို့ကခံပစ်မနိုင်တဲ့အခြေအနေမှာစခန်းကို ဆုတ်
ပြီး ပြေးသွားကြတာ”ဟုအထက်ပါအဖွဲ့ခေါင်း
ဆောင်က တိုက်ပွဲ ဖြစ်စဥ်ကိုရှင်းပြသည်။
အာယုတောင်ကျေးရွာရှိစခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားခြောက်ဦးခန့် သေဆုံးနိုင်သည်ဟု၎င်းကခန့်မှန်းသည်။
ထို့အတူ ရေးဘီလူးတပ်ရင်းမှ ရဲဘော်ထက်မြတ်မောင် (ခေါ် ) အသေးလေးသည်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့ကြောင်း အသိပေးသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်
ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နှင့် အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ ၃၁၆)တို့ရှိသည်။
ရေးမြို့နယ်အခြေစိုက်စစ်တပ်စခန်းနှင့်တပ်ရင်းများကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မည်ဖြစ်၍ တပ်
ရင်းအနီး နေထိုင်သူများအနေဖြင့်ကြိုတင်ရွှေ့
ပြောင်းရန်လည်း ရေးဘီလူးကတိုက်တွန်းထား
သည်။
(ရေးဘီလူး တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရေးဘီလူး)