-
ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ
ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ ရန်ကုန်၊ မတ် ၂၀ ချင်းပြည်နယ်၊ ဖလမ်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့တွင် ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်း၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟတို့…
-
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်ကြောင်းKNDFကြေညာ
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်ကြောင်းKNDFကြေညာ မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်နေ့ရက်စွဲဖြင့်ကြေညာသည်။ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ရှိနေ၍ စစ်ရေးအခြေအနေအရ အချိန် မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်ကြောင်းအသိပေးထာယသည်။ ထို့ကြောင့် မတ်လ ၂၀ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ယာဥ်ငယ်ဖြင့် ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီးလူထုလုံ ခြုံရေးအတွက် သတိပြုလိုက်နာရန်တိုက်တွန်းထားသည်။ လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မည့်အချိန် နှင့် နေ့ရက်ကိုပြန်လည်အသိပေးမည်ဖြစ်ပြီးသတိပေးကြေညာ ချက်ကို လိုက်နာမှုမရှိပါကဖြစ်ပေါ်လာမည့်ကိစ္စများ ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်သည်။ “ဆီဆိုင်မြို့ကိုစကစဘက်ကခုရက်ပိုင်းအင်အားအလုံးအရင်းဖြည့်နေတယ်။နောင်ထော်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ရှိသေးတယ်။ဆီဆိုင်-လွိုင်ကော်လမ်းကနေပဲ ကရင်နီဘက်ကို ဝင်မှာလား။တပ်အချိန်းအပြောင်းလုပ်တာလား။ဒါမှမဟုတ် အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်” ဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။ ရှမ်းပြည်တောင်ပိုင်းမှကရင်နီပြည်နယ်သို့ဝင်ရောက်နိုင်သည် လမ်းမနှစ်ခုအနက်ဆီဆိုင်-လွိုင်ကော် နှင့်…
-
စစ်မှုထမ်းဆင့်ခေါ်ရေး ဉပဒေနှင့်အညီမလုပ်၍ ပြဿနာများဖြေရှင်းနေရဟု စစ်ကောင်စီ ဒုခေါင်းဆောင်ပြော
စစ်မှုထမ်းဆင့်ခေါ်ရေး ဉပဒေနှင့်အညီမလုပ်၍ ပြဿနာများဖြေရှင်းနေရဟု စစ်ကောင်စီ ဒုခေါင်းဆောင်ပြော 001 မဇ္ဈိမ။ ။ စစ်မှုထမ်းများဆင့်ခေါ်ရာတွင် ဉပဒေနှင့်အညီမလုပ်သည့်အတွက် နိစ္စဓူဝ ပြဿနာများ ဖြေရှင်းနေရကြောင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၀ ရက်နေ့က ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောသည်။ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းရာတွင် အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ပျူစောထီးများ၊ သတင်းပေးလူမိုက်များက လူငယ်များကို ဖမ်းဆီးပြီး စစ်တပ်ကို ပြန်ရောင်းခြင်းများရှိကြောင်း လေ့လာစောင့်ကြည့်သူများပြောထားသော်လည်း ဒုခေါင်းဆောင်က စစ်မှုထမ်းဉပဒေအသက်သွင်းပြီးနောက် ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းကာ သတ်မှတ်အရည်အချင်းရှိသူများကိုသာ ဉပဒေနှင့်အညီ သင်တန်းများဖွင့်ပြီး သင်ကြားပေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အချို့က ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်သည့်အတွက် စစ်မှုထမ်းဆင့်ခေါ်ရာတွင် မလိုလားအပ်သည့် ငွေကြေးမသမာမှုများကြောင့် စုဆောင်းခံရသည့်…
-
မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို လူယုံ မောင်မောင်နိုင်က ဦးဆောင်ပြီး ဂျပန်နှင့်ဥရောပ အမှတ်တံဆိပ်ကားတာယာနှင့် အင်ဂျင်၀ိုင်ဆီများ တင်သွင်းခွင့်ရ
မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို လူယုံ မောင်မောင်နိုင်က ဦးဆောင်ပြီး ဂျပန်နှင့်ဥရောပ အမှတ်တံဆိပ်ကားတာယာနှင့် အင်ဂျင်၀ိုင်ဆီများ တင်သွင်းခွင့်ရ ရန်ကုန်၊ မတ် ၂၁ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများ ပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို စီးပွားရေး လူယုံ မောင်မောင်နိုင်က ဦးဆောင်နေပြီး ဂျပန်နှင့်ဥရောပ နာမည်ကျော်အမှတ်တံဆိပ် ကားတာယာနှင့် စက်သုံးဆီများကို တင်သွင်းဖြန့်ဖြူးခွင့်ရနေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ လူယုံဖြစ်သော မောင်မောင်နိုင်က အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction အပါအဝင် စီးပွားရေးလုပ်ငန်းများစွာကို ကြီးကြပ် ကွပ်ကဲနေပြီး အခြားတစ်ဖက်တွင်လည်း…
-
သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး
သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး မတ် ၂၀၊ ၂၀၂၅ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။ မတ်လ ၂၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ်အနောက်ဘက်မှာရှိတဲ့ အောင်သစ္စာလမ်းနေ စစ်အုပ်စုလက်ဝေခံတွေရှိရာကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “အဲ့ဒီအောင်သစ္စာလမ်းက စစ်တပ်နဲ့ပေါင်းနေတဲ့ ဒလန်တွေ၊ ပျူစောထီးတွေကို သွားရောက်သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အခုကာလက စာမေးပွဲလည်း ဖြေနေကြတဲ့အချိန်ဆိုတော့ အရပ်သားတွေမထိခိုက်ဖို့ စာမေးပွဲဖြေတာပြီးတဲ့အထိ အသင့်စောင့်ပြီး ခွဲခဲ့ပါတယ်။” လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့…
-
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေး
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေး ရန်ကုန်၊ မတ် ၂၀ ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အားလုံး အလံဖြူထောင်၍ စစ်ကွင်းမြို့ထဲ ဝင်ပြေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင်း ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အုတ်တွင်း တာဆုံဂိတ်ကို…
-
ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး
ဖလမ်း နောက်ဆုံးခံစစ်ဖြစ်သည့် ခလရ ၂၆၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သေဆုံး မတ် ၂၀၊ ၂၀၂၅ စစ်ကောင်စီတပ်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ ၂၆၈) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်း မကျရေးအတွက် ခလရ ၂၆၈ ထံကို တပ်ကူတွေ ပို့ခဲ့ပေမယ့် တပ်ကူတွေရောက်ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာပဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖလမ်းမှာက ၂၆၈…
-
နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို
နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို မတ် ၂၀၊ ၂၀၂၅ . နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်ကနေ အာဆီယံအနေတဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့ လိုအပ်တာကြောင့် မြန်မာ့အရေးမှာ ဝင်ရောက် ဦးဆောင်ဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေက ယူကရိန်းအရေးမှာသာ ဆက်ရှိနေရာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာတဲ့…
-
ပေါက်ကွဲအားပြင်းထန်သော ဗုံးများကို အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ်မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်တပ်က ထုတ်လုပ်ခိုင်းနေ
ပေါက်ကွဲအားပြင်းထန်သော ဗုံးများကို အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ်မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်တပ်က ထုတ်လုပ်ခိုင်းနေ ရန်ကုန်၊ မတ် ၂၀ မြန်မာနိုင်ငံတစ်ဝန်းမှ တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်ရန်အတွက် ပေါက်ကွဲအားပြင်းထန်သော လက်နက် ကြီးများနှင့် ဗုံးများ အရေအတွက်အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတစ်ဝန်း ဓာတ် မြေဩဇာစက်ရုံများမှ အမိုနီယမ်နိုက်ထရိတ် ၅ ဆတိုး၍ စစ်ကောင်စီက ထုတ်လုပ်ခိုင်းနေကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းထံမှ သိရှိရသည်။ စစ်ကောင်စီက ဒရုန်းဗုံး၊ လေယာဉ်ဗုံး၊ ဆင့်ကွဲဗုံးများ၊ လက်နက်ကြီးဗုံးများကို တိုးမြှင့်ထုတ်လုပ်ခိုင်းနေရာတွင် ယင်းသို့ ခဲယမ်းများ ထုတ်လုပ်ရန် အဓိက လိုအပ်နေသော အမိုနီယမ်နိုက်ထရိတ်ကိုလည်း ၅ ဆတိုး၍ ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း၊ အမိုနီယမ်နိုက်ထရိတ် မှာ ဗုံးခဲယမ်းများ ထုတ်လုပ်ရာတွင် အဓိကကျသော ဓာတ်ပေါင်းဖြစ်ပြီး ဓာတ်မြေဩဇာစက်ရုံများက…
-
အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား
အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား မတ် – ၂၀ ၊ ၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။ ပုသိမ် ကြီးမြို့အရှေ့ဘက် ရွှေကျင်တောင်ခြေမှာ မတ်လ၁၉ရက် နေ့ခင်း ၁နာရီဝန်းကျင်က သစ်ပင်ခြေရင်းမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရတာလို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ ” ကောင်မလေးက ဒဏ်ရာပြင်းတော့ နေရာမှာတင်လဲကျနေတာ” လို့အဲဒီကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။ ဖုန်းဝယ်မယ်ဆိုပြီး အွန်လိုင်းကနေ နေရာချိန်းဆိုကာ ၊ အရောင်းအဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာ အမျိုးသား…