တိုက်ပွဲအချိန်မ​ရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်​​ကြောင်းKNDF​ကြေညာ

by

in

တိုက်ပွဲအချိန်မ​ရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင်လမ်းကိုပိတ်လိုက်​​ကြောင်းKNDF​ကြေညာ
မတ်-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ လွိုင်ကော်-ဆီဆိုင် လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် (၂) ကမတ်လ ၂၀ရက်​နေ့ရက်စွဲဖြင့်ကြေညာသည်။
လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှု ရှိနေ၍ စစ်ရေးအခြေအနေအရ အချိန်
မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်ကြောင်းအသိပေးထာယသည်။
ထို့ကြောင့် မတ်လ ၂၀ ရက်ကစ၍ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ယာဥ်ငယ်ဖြင့် ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီးလူထုလုံ
ခြုံရေးအတွက် သတိပြုလိုက်နာရန်တိုက်တွန်းထားသည်။
လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မည့်အချိန် နှင့် နေ့ရက်ကိုပြန်လည်အသိပေးမည်ဖြစ်ပြီးသတိပေးကြေညာ ချက်ကို လိုက်နာမှုမရှိပါကဖြစ်ပေါ်လာမည့်ကိစ္စများ ကို တာဝန်ယူမည်မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်သည်။
“ဆီဆိုင်မြို့ကိုစကစဘက်ကခုရက်ပိုင်းအင်အားအလုံးအရင်းဖြည့်နေတယ်။နောင်ထော်ဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတာတွေလည်း ရှိသေးတယ်။ဆီဆိုင်-လွိုင်ကော်လမ်းကနေပဲ ကရင်နီဘက်ကို ဝင်မှာလား။တပ်အချိန်းအပြောင်းလုပ်တာလား။ဒါမှမဟုတ် အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်”
ဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။
ရှမ်းပြည်တောင်ပိုင်းမှကရင်နီပြည်နယ်သို့ဝင်ရောက်နိုင်သည် လမ်းမနှစ်ခုအနက်ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်း
တို့ရှိပြီး လက်ရှိတွင်မိုးဗြဲ မြို့တွင်တိုက်ပွဲပြင်းထန်နေသည်။
“တောင်ကြီး နဲ့ ညောင်ရွှေဘက်ကနေ လိုင်းကားတ ချို့ဆွဲနေတာရှိသလို လွိုင်ကော်ကို အသွားအလာလုပ်နေတဲ့သူတွေရှိတယ်”ဟု ကရင်နီဒေသခံတစ်ဦးက ဆီဆိုင်-လွိုင်ကော်လမ်းမကြီး အသုံးပြုနေမှုနှင့်ဆက်စပ်၍ လူထုနွေဦးသို့ရှင်းပြသည်။
ဆီဆိုင်မြို့ရှိ စစ်တပ်စခန်းများ၊တပ်ရင်းများ၊ပြည်သူ့စစ်စခန်းများကို PNLA ( ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် )နှင့်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်၍ ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းက ခတ္တထိန်းချုပ်နိုင်ခဲ့ဖူးသည်။
စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီး ပစ်ကူနှင့် မြေပြင်ထိုးစစ်များအသုံးပြုခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် PNLA
နှင့်ပူးပေါင်းတပ်များက ဆီဆိုင်မြို့မှ ဆုတ်ခွာပေးခဲ့ရသည်။
(လွိုင်​ကော်-ဆီဆိုင်လမ်းပိုင်းတ​စ်​နေရာ။
ဓါတ်ပုံ-CJ)