-
လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ(ရုပ်/သံ)
လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ(ရုပ်/သံ) ရန်ကုန်၊ မတ် ၁၈ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။…
-
နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး
နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး ရန်ကုန်၊ မတ် ၁၉ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူနိုင်သည့် စစ်တပ်အရာရှိများနှင့် လက်အောက်ငယ်သားများကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် အလွန်အရေး ကြီးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့တာဝန်ကို တာဝန်ကျေပွန်စွာဖြင့် ရွပ်ရွပ်ချွံ့ချွံ့ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ပိုင်းအနေဖြင့်လည်း မိမိ၏အသက်ကို ပဓာနမထားဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော စစ်သားများ၊ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်…
-
နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မည်ဟု CNF ကြေညာ၊ အကျဉ်းသား ၇၀ကျော် လွတ်ငြိမ်းပေး
နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မည်ဟု CNF ကြေညာ၊ အကျဉ်းသား ၇၀ကျော် လွတ်ငြိမ်းပေး ကဖေး/People’s Spring ၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှု အရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ကြေညာပြီး ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သည်။ အထက်ပါကြေညာချက်ကို ချင်းအမျိုးသားတပ်ဦးဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (မတ်လ၁၈ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ လာမည့် မတ်လ ၂ဝရက်သည် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ဖြစ်သည်။ ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအားလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်းလည်း ကြေညာသည်။ ချင်းအမျိုးသားတပ်ဦးသည် ၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှု အရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ဟု အသိပေးထားသည်။…
-
◼️ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူး တဦးအပါ စကစ ၆ ဦးသေဆုံး 🔹မြစ်သာဆည်စခန်းမှ ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို သေနတ် တလက်နဲ့ အရှင်ဖမ်းမိ
◼️ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူး တဦးအပါ စကစ ၆ ဦးသေဆုံး 🔹မြစ်သာဆည်စခန်းမှ ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို သေနတ် တလက်နဲ့ အရှင်ဖမ်းမိ ၁၈ မတ် ||| နွေဦးအသံ ||| ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၇၊ ၈၊ ၉ ရက်တွေမှာ ဒရုန်းဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး တဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို လက်နက်နဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ၃ ရက်ဆက်တိုက် ဒရုန်းဗုံးသီး မြောက်များစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှုး…
-
KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ
KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ မဇ္ဈိမ မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဌာနချုပ်ဝင်းအတွင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအိမ် အနီးဝန်းကျင်သို့ ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် အသေခံ ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာနချုပ်ဝင်းအတွင်း ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး နံနက် ၃ နာရီ ၄၆ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၁ မိနစ်တွင် တကြိမ်နှင့် ၄ ၁၂ မိနစ်တွင် တကြိမ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ “တပ်မဟာထဲကို ဒရုန်းဗုံးသုံးလုံး ကျတယ်။ စောဂျော်နီအိမ်ဘေးရော၊…
-
စစ်ခေါင်းဆောင်၏ နေအိမ်တွင် ဘန်ကာများ တိုးချဲ့ဆောက်လုပ်ထားပြီး နေပြည်တော်တွင် အထူးခံစစ် ပြင်ဆင်နေ
စစ်ခေါင်းဆောင်၏ နေအိမ်တွင် ဘန်ကာများ တိုးချဲ့ဆောက်လုပ်ထားပြီး နေပြည်တော်တွင် အထူးခံစစ် ပြင်ဆင်နေ ဧရာဝတီတိုင်းမ် မတ် ၁၈ ရက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် အထူးခံစစ် ပြင်ဆင်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်တွင်ပါ လုံခြုံရေးတိုးမြှင့်ကာ ဘန်ကာများပါ ဆောက်လုပ် ထားကြောင်း သိရသည်။ စစ်ခေါင်းဆောင်၏ နေအိမ်တွင် ဘန်ကာ ငါးလုံး အခိုင် အမာဆောက်လုပ်ပြီးစီးနေပြီး စစ်ရုံးချုပ် အနီးတွင်ပါ လက်နက်ကြီး၊ သံချပ်ကာယာဉ်များပါ တိုးချဲ့၍ ခံစစ် အတွက် အထူးပြင်ဆင်လျက်ရှိကြောင်း သိရသည်။ “အရင်က စစ်ခေါင်းဆောင်အိမ်မှာ လုံခြုံရေးတပ်ရင်းတပ်ဖွဲ့ပဲရှိတာ။ အခုက ဘန်ကာတွေပါ ဆောက်ထား တယ်။ သူ့အိမ်ပတ်ချာလည်မှာပဲ ဘန်ကာတွေဆောက်ထားတာ။ သူ့ကိုပြန်ဝိုင်းတိုက်မှာ စိုးလို့ ထင်ပါတယ်” ဟုတပ်တွင်း သတင်းများကို စုံစမ်းဖော်ပြနေသည့် CDM စစ်သားဗိုလ်ကြီး…
-
Breaking News ရွှေဆိုင်ဖွင့်ရန် သွားသည့် အမျိုးသမီးကို လူတစုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွား
Breaking News ရွှေဆိုင်ဖွင့်ရန် သွားသည့် အမျိုးသမီးကို လူတစုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွား ရောင်နီ (မဇ္ဈိမ ) ။ ။ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းက ရွှေဆိုင်ဖွင့်ရန်သွားသည့် အမျိုးသမီးတဦးကို ကားတစီးဖြင့် လူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။ သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် လင်းလက်ရွှေစင်ရွှေဆိုင်အမည်ဖြင့် ဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်) မိထုပ်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ၎င်းနေအိမ်ရှိရာ ထူပါရုံ (၂၂) လမ်းမှ စျေးသို့အသွား လမ်းထိပ်၌ အသင့် စောင့်ဆိုင်းနေသည့် လူလေးဦးက ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။…
-
မန္တလေးမှာ စစ်မှုထမ်းလူသစ်စုရာ မိသားစုဝင်တွေကိုပါ ကိုယ်စားမဲနှိုက်ခိုင်းနေ
မန္တလေးမှာ စစ်မှုထမ်းလူသစ်စုရာ မိသားစုဝင်တွေကိုပါ ကိုယ်စားမဲနှိုက်ခိုင်းနေ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။ အိမ်ထောင်စုစာရင်းမှာ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား အမျိုးသားတွေ ရှိတဲ့နေအိမ်တွေကို အသက်သတ်မှတ်ချက် အကြုံးဝင်သူ ကာယကံရှင် ကိုယ်တိုင် အိမ်မှာ ရှိမနေရင်လည်း မိသားစုဝင်တွေကို ကိုယ်စား မဲနှိုက်ခိုင်းတာပါ။ မဲပေါက်ရင် ကာယကံရှင်ကို ခေါ်ယူစေပြီး ရပ်ကွက်ရုံးကို ပို့ဆောင်ဖို့ အတင်း အကြပ် ဖိအားပေးခံနေရတယ်လို့လည်း ရပ်ကွက်နေသူအချို့က အသိပေးပါတယ်။ အဲဒီလို မဲနှိုက်ခိုင်းတာတွေ ပြည်ကြီးတံခွန်မြို့နယ် ထဲက (ဋ ) ရပ်ကွက်၊ သင်ပန်းကုန်း ရပ်ကွက်၊…
-
ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၇၀ ကျော် သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၇၀ ကျော် သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ မတ် ၁၈ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းသို့ ဝင်ရောက်လာ သော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၇၄ ဦးသေဆုံးပြီး စစ် ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း ပုဂံဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၁၄ ရက်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်း သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ထောက်ဝရွာ နှင့်အိုရင်းရွာကြား အရောက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ…
-
စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ်လည်ပေးခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦးကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေးအပ်
စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ်လည်ပေးခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦးကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေးအပ် By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ် လည်ပေးခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး ကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေး အပ်သည်။ မင်းအောင်လှိုင်က မတ်လ ၁၃ ရက်နေ့တွင် နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးကို နည်းပညာထူးချွန် (ပထမအဆင့်) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၆ ရက်နေ့တွင် ဆုပေးပွဲ…