◼️ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူး တဦးအပါ စကစ ၆ ဦးသေဆုံး
🔹မြစ်သာဆည်စခန်းမှ ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို သေနတ် တလက်နဲ့ အရှင်ဖမ်းမိ
၁၈ မတ် ||| နွေဦးအသံ |||
ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၇၊ ၈၊ ၉ ရက်တွေမှာ ဒရုန်းဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး တဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို လက်နက်နဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ၃ ရက်ဆက်တိုက် ဒရုန်းဗုံးသီး မြောက်များစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှုး ၁ ဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၂ ဦး ပျူ ၄ ဦး ပေါင်း ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြစ်သာဆည်ပေါ်ရှိ စကစစခန်းမှ ထွက်ပြေးလာတဲ့ စကစတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း မတ် ၁၆ ရက်မှာ အရှင်ဖမ်းမိခဲ့ပြီး MA11 ၁ လက်နဲ့ ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်းနဲ့ ဆည်အနီးရှိ ကျေးရွာတွေသို့ စစ်ကောင်စီက မတ် ၁၇ ရက်၊ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် မြောက်ခရမ်းပျူကျေးရွာကိုလည်း မတ် ၄ ရက်၊ မနက် ၉ နာရီခန့်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုတွေကို မြိုင် ပကဖ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖ၊ ပေါက်/မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့က စုဖွဲ့ပြီး တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။