လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ(ရုပ်/သံ)
ရန်ကုန်၊ မတ် ၁၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးကာ MA-3 သေနတ် ၁ လက် ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။
လောင်လုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင် စစ်တပ်စခန်းကို တိုက်ခိုက်ရာ စကစ ၁၂ ဦးသေဆုံး
မတ် ၁၈ ရက်
တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၃ ရက်၊ မနက် ၇ နာရီခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားတဲ့ လက်ခတ်တောင် တာဝန်တိုင်စခန်းကုန်းကို သွားရောက် တိုက်ခိုက်ခဲ့ရာ ၆ နာရီခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထားဝယ်ခရိုင် တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။