-
ငါ့သရောက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းအနက် သတ်ကွင်းအတွင်း ရောက် လာသည့် စစ်ကြောင်းပျက်စီးပြီး စစ်ကြောင်းမှူးအပါအဝင် ၇၄ ဦးသေဆုံးခြင်းဖြစ်
ငါ့သရောက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းအနက် သတ်ကွင်းအတွင်း ရောက် လာသည့် စစ်ကြောင်းပျက်စီးပြီး စစ်ကြောင်းမှူးအပါအဝင် ၇၄ ဦးသေဆုံးခြင်းဖြစ် ဧရာဝတီတိုင်းမ် မတ် ၁၉ ရက် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်းစစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇၄ ဦးသေဆုံးကာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်နှင့် ပျူပူးပေါင်းစစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်က ထောက်ဝရွာနှင့် အိုရင်းရွာကြားအရောက်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူအဖွဲ့ဝင် ၆၉ ဦးနေရာတွင်ပင်…
-
ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)
ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ) မတ် ၁၉၊ ၂၀၂၅ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို ထောက်ဝရွာနဲ့ အိုရင်းရွာကြား တိုက်ခိုက်ခဲ့ရာ စစ်သား ၆၉ ယောက်သေခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ညောင်ဦးဆေးရုံသို့ ပို့ဆောင်ဆေးကုသရာ ၅ ယောက်ထပ်မံသေဆုံးတာကြောင့် စုစုပေါင်း ၇၄ ယောက်သေခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်က ရဲဘော် ၁…
-
မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေချိန် ဝန်ထမ်းများကိုမူ စီးပွားရေး မလုပ်ရန် အကြမ်းဖက် စစ်ခေါင်း ဆောင်က လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်
မင်းအောင်လှိုင်၏ သားနှင့်သမီးတို့က စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေချိန် ဝန်ထမ်းများကိုမူ စီးပွားရေး မလုပ်ရန် အကြမ်းဖက် စစ်ခေါင်း ဆောင်က လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန် ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ အကြီး အကျယ် လုပ်ကိုင်နေသော်လည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ဇနီး/သားသမီးများကို စီးပွားရေးလုပ်ကိုင်ခြင်းမပြုရန် လျှို့ဝှက် အမိန့်ညွှန်ကြား ချက်တစ်ရပ်ကို ထုတ်ပြန်လာကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က Non-CDM ဝန်ထမ်းများအနေဖြင့် ပြင်ပစီးပွားရေးများ မလုပ်ကိုင်ရန် တားမြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံ့ဝန်ထမ်းများ အနေ ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍…
-
ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေး၊ တိုက်ခိုက်မှုများ လုပ်ရန် လျှို့ဝှက်အစည်းအဝေး လုပ်ခဲ့ဟု ရဲက ပြောဆို
ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေး၊ တိုက်ခိုက်မှုများ လုပ်ရန် လျှို့ဝှက်အစည်းအဝေး လုပ်ခဲ့ဟု ရဲက ပြောဆို ရန်ကုန်၊ မတ် ၁၉ ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသော ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စတင်စုံစမ်းစစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။ မတ်လ ၁၆ ရက်နေ့တွင် ARSA ခေါင်းဆောင် Ataullah Abu Ammar Jununi အပါအဝင် ပတ်သက်ဆက်နွယ်သူ ၁၀ ဦး ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို တရား…
-
လေးမျက်နှာတွင် တိုက်ပွဲဖြစ် ၊ ဧရာဝတီတိုင်း စစ်ဧရိယာကျယ်ပြန့်လာ
လေးမျက်နှာတွင် တိုက်ပွဲဖြစ် ၊ ဧရာဝတီတိုင်း စစ်ဧရိယာကျယ်ပြန့်လာ ကဖေး/People’s Spring ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။ ” ရေကြည်ဘက်ကနေ ပိတ်တယ်။ ဟင်္သာတဘက်ကနေ ဝင်တဲ့လမ်းတွေလည်း အရမ်းစစ်ဆေးနေတယ်။ တိုက်ပွဲက ညက စဖြစ်တာ။ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်တပ်ဖက်က စပြီး စစ်ကြောင်းထိုးတာကနေဖြစ်တာ” ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။ ပုသိမ်၊မုံရွာလမ်းဘေးရှိစက်စက်ယိုရွာနှင့်ချင်းလယ်ရွာပတ်ဝန်းကျင်ရှိ ရိုးမတောတွင်းနေရာအချို့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံများကပြောသည်။ လေးမျက်နှာမြို့နယ်သည် ဟင်္သာတခရိုင်အတွင်းပါဝင်သည် ။ ထို့အပြင် ရေကြည်မြို့နယ်၊ မြောက်စမ်းရွာရှိ စစ်ကောင်စီအမြောက်တပ်အမတ(၃၄၄) နှင့်လည်း ဒေသချင်းဆက်စပ်နေသည်။ “ချင်းလယ်ရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထုတ်ခွင့်မပေးဘဲ စစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းသိမ်းထားတယ်။အထူးသဖြင့်ဒေသခံတွေကို မဲမယ့်အနေအထားရှိတယ်”ဟုPDFများနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ရေကြည်မြို့နယ်တွင်းရှိရေနံသာလမ်းဆုံ၊ စက်…
-
လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ(ရုပ်/သံ)
လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ(ရုပ်/သံ) ရန်ကုန်၊ မတ် ၁၈ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။…
-
နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး
နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး ရန်ကုန်၊ မတ် ၁၉ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူနိုင်သည့် စစ်တပ်အရာရှိများနှင့် လက်အောက်ငယ်သားများကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် အလွန်အရေး ကြီးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့တာဝန်ကို တာဝန်ကျေပွန်စွာဖြင့် ရွပ်ရွပ်ချွံ့ချွံ့ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ပိုင်းအနေဖြင့်လည်း မိမိ၏အသက်ကို ပဓာနမထားဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော စစ်သားများ၊ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်…
-
နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မည်ဟု CNF ကြေညာ၊ အကျဉ်းသား ၇၀ကျော် လွတ်ငြိမ်းပေး
နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အရှိန်မြှင့်မည်ဟု CNF ကြေညာ၊ အကျဉ်းသား ၇၀ကျော် လွတ်ငြိမ်းပေး ကဖေး/People’s Spring ၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှု အရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ကြေညာပြီး ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သည်။ အထက်ပါကြေညာချက်ကို ချင်းအမျိုးသားတပ်ဦးဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ (မတ်လ၁၈ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ လာမည့် မတ်လ ၂ဝရက်သည် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ဖြစ်သည်။ ချင်းတော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား(၇၂)ဦးအားလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်းလည်း ကြေညာသည်။ ချင်းအမျိုးသားတပ်ဦးသည် ၂၀၂၅အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှု အရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ဟု အသိပေးထားသည်။…
-
◼️ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူး တဦးအပါ စကစ ၆ ဦးသေဆုံး 🔹မြစ်သာဆည်စခန်းမှ ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို သေနတ် တလက်နဲ့ အရှင်ဖမ်းမိ
◼️ဂန့်ဂေါမြို့နယ် မြစ်သာဆည် စစ်တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ စခန်းမှူး တဦးအပါ စကစ ၆ ဦးသေဆုံး 🔹မြစ်သာဆည်စခန်းမှ ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို သေနတ် တလက်နဲ့ အရှင်ဖမ်းမိ ၁၈ မတ် ||| နွေဦးအသံ ||| ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မတ် ၇၊ ၈၊ ၉ ရက်တွေမှာ ဒရုန်းဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး တဦးအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး ထွက်ပြေးလာတဲ့ စကစ ၂ ဦးကို လက်နက်နဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ၃ ရက်ဆက်တိုက် ဒရုန်းဗုံးသီး မြောက်များစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းမှုး…
-
KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ
KNLA စစ်ဦးစီးချုပ် စောဂျော်နီအိမ်အနီး ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲ မဇ္ဈိမ မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဌာနချုပ်ဝင်းအတွင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအိမ် အနီးဝန်းကျင်သို့ ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် အသေခံ ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာနချုပ်ဝင်းအတွင်း ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး နံနက် ၃ နာရီ ၄၆ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၁ မိနစ်တွင် တကြိမ်နှင့် ၄ ၁၂ မိနစ်တွင် တကြိမ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ “တပ်မဟာထဲကို ဒရုန်းဗုံးသုံးလုံး ကျတယ်။ စောဂျော်နီအိမ်ဘေးရော၊…