-
ကသာမြို့သို့ ထွက်ပြေးနေသည့် တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်မှု စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထား
ကသာမြို့သို့ ထွက်ပြေးနေသည့် တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်မှု စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထား ရန်ကုန်၊ မတ် ၁၇ စစ်ကိုင်တိုင်း၊ ကသာမြို့သို့ ထွက်ပြေးနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်ရာ စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ် ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်ကို စစ်ကူလာသည့် တပ်မ ၇၇ မှ အင်အား ၁၅၀ ပါ…
-
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်း အထိနာ
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး အောင်ဇေယျစစ်ကြောင်း အထိနာ ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ကော့ကရိတ် − မြဝတီ အာရှလမ်းပိုင်းအားထိန်းချုပ်ရန် အင်အားသုံးစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေရာ ယနေ့(မတ်လ ၁၇ရက်)တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့သည်ဟု ကော့ကရိတ်ဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။ ယနေ့(မတ်လ ၁၇ရက်)တွင် ကော့ကရိတ်မြို့အနီး၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု အဆိုပါ စစ်ကြောင်းမှူးက ပြောသည်။ “တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ။ ဒါပေမယ့် ဒီနေ့(မတ်လ ၁၇ရက်)ကတော့ ပွဲကြီးနှစ်ပွဲ ဖြစ်တယ်လို့ သတင်းပို့လာတယ်။ အောင်ဇေယျအထိအခိုက်လည်း အတော်များနေတယ်”ဟု ကော့ကရိတ်ဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။ ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး မြဝတီဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်တောက်ထားချိန်တွင် အင်အားဖြည့်တင်းထားသောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ…
-
ပဲခူးတိုင်း၊ ပန်းတောင်းတွင် တိုက်ပွဲပြင်းထန်နေဟု AA ပြော
လက်နက်စက်ရုံများရှိသော ပဲခူးတိုင်းအနောက်ခြမ်းကို ထိုးစစ်ဆင်လာသည့် AA က ဥသျှစ်ပင်မြို့ အနီး စစ်တပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေသည်ဟု သိရသည်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာအနီးရှိ စစ်ကောင်စီတပ် ကာကင်းစခန်းများကို သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်ဖြစ်နေသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို မတ် ၁၅ ရက်နေ့ညပိုင်းက ပြောသည်။ “တိုက်ပွဲကတော့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာနဲ့ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာ အပြန်အလှန် အပြင်းအထန် ဖြစ်ပွားနေတာရှိပါတယ်။ ညောင်ကျိုးရွာရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကာကင်းစခန်းအများစုကိုတော့ ကျွန်တော်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ “ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲ ဟိုတစ်စု ဒီတစ်စု ကစဉ့်ကလျား ဆုတ်ခွာနေကြတာတွေ ရှိပါတယ်။ ဒီကြားထဲ…
-
စစ်ခေါင်းဆောင်များရုံးထိုင်သည့် စစ်ရုံးချုပ်ကို အဓိကလုံခြုံရေးယူထားသည့် စကခ ၆ တွင် ခံစစ်ပြင်၍ တပ်လှန့်ထား
စစ်ခေါင်းဆောင်များရုံးထိုင်သည့် စစ်ရုံးချုပ်ကို အဓိကလုံခြုံရေးယူထားသည့် စကခ ၆ တွင် ခံစစ်ပြင်၍ တပ်လှန့်ထား ဧရာဝတီတိုင်းမ် မတ် ၁၇ ရက် စစ်ခေါင်းဆောင်နှင့် စစ်အရာရှိများရုံးစိုက်ရာ စစ်ရုံးချုပ်ကို အဓိကလုံခြုံရေးတာဝန်ယူထားရသည့် အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) တွင် လက်နက်ကြီးများတပ်ဆင်ကာ ခံစစ်ပြင်၍ တပ်လှန့်ထားကြောင်း သိရသည်။ စကခ-၆ အတွင်း ဟောင်ဝစ်ဇာအမြောက်၊ တင့်ကား၊ သံချပ်ကာယာဉ်များဖြင့် တပ်လှန့်ပြင်ဆင်ထားပြီး ပတ်လည်ရှိ စိုးမိုးကုန်းများတွင်လည်း တပ်အသင့်ပြင်စုဖွဲ့ထားကြောင်း ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။ “စကခ ၆ ဆိုတာ နေပြည်တော်အတွက် သီးသန့်ထားတဲ့ တပ်ရင်းတပ်မလို့တောင်ပြောလို့ရတယ်။ သူတို့ (စကစ)က ကြိုပြီးလုပ်တတ်တာရှိတယ်။ ပြောလို့မရဘူး ဝင်လာခဲ့သည်ရှိသော်ဆိုတဲ့ကြောက်စိတ်ပေါ့။ သတင်းသဲ့သဲ့ကြားပြီဆိုတာနဲ့ ခံစစ်ကိုချက်ချင်းလက်ငင်းပြင်တဲ့ အနေအထားပါ။ အခုပြင်နေတယ်ဆို တော့ တကယ်လို့တိုက်ကောင်းတိုက်လာနိုင်တဲ့အနေ အထားမျိုးကို သူတို့မျှော်မှန်းထားပုံရတဲ့ အနေအထားကို ရောက်နေပြီ”ဟု…
-
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ် မတ် ၁၇၊ ၂၀၂၅ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့ စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းတွေမှာ ဒီနေ့ မတ်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက အပတ်စဉ် (၁၁) အတွက် စစ်မှုထမ်းမယ့် အရေအတွက်ကိုတော့ တရားဝင်ထုတ်ပြန်လာခြင်းမရှိပါဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေ ၅၀၀၀ အထိ စုဆောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အပတ်စဉ်…
-
ကသာမှ အင်းတော်ဘက်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံပြီး ၂၉ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိ
ကသာမှ အင်းတော်ဘက်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံပြီး ၂၉ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိ ရန်ကုန်၊ မတ်၁၇ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှ အင်းတော်မြို့နယ်ဘက်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံပြီး ၂၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်းကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ကသာမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်းအား ၁၅၀ ခန့်ဖြင့် အင်းတော်မြို့နယ်ဘက်ကို စစ်ကူလာရောက်စဉ် KIA ၊ PDF ပူးပေါင်း…
-
အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး
အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး မတ် ၁၇၊ ၂၀၂၅ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။ မနေ့က မတ် ၁၆ ရက် ညနေ ၅နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်းဘေး၊ မြန်မာပလာဇာရှေ့နားက အင်းလျားကန်ဘောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်အယောက် ၂၀ ကို တန်းစီထိုင်ခိုင်းပြီး စစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ လူငယ် အယောက် ၂၀ ထဲက သူတို့ မသင်္ကာတဲ့ ၆ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီ လူငယ် ၆…
-
မြင်းခြံနယ်မှာ အမျိုးသမီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ
မြင်းခြံနယ်မှာ အမျိုးသမီးတွေကို ပြည်သူ့စစ်သင်တန်းပေးနေ ဆိုင်းမင်း/People’s Spring စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း ၊မြင်းခြံမြို့နယ်မှာ အမျိုးသမီးတွေကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။ အမျိုးသမီးစစ်သင်တန်းကို မြင်းခြံမြို့အခြေစိုက် အမှတ်( ၁၅ ) ခြေမြန်တပ်ရင်း ဌာနချုပ် မှာ သင်တန်းပေးနေတာပါ။ ” အခုအသုတ်နဲ့ဆိုရင် သုံး ကြိမ်လောက်တော့ရှိနေပြီ “လို့ မြင်းခြံမြို့ပေါ်မှာနေထိုင်တဲ့ အသက်၅၀ အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက မြင်းခြံမှာ အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂၀ စုစုပေါင်း ပြည်သူ့စစ် ၅၀ တို့ စစ်သင်တန်းတက်ရောက်နေတယ်လို့ မတ်လ ၁၃ ရက်မှာ ဖြန့်ဝေလာပါတယ်။ အမျိုးသမီးတွေကို မြင်းခြံမှာ စစ်သင်တန်းပေးနေတာ အပတ်စဉ် (၃) ရောက်နေပြီလို့ သိရပါတယ်။ စစ်သင်တန်းဆင်း အမျိုးသမီးတွေကို မြို့ပေါ်မှာ…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDFပြော ▪️စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDFပြော ▪️စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို ဟန်နွေ/People’s Spring ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ချင်းညီနောင်မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဖလမ်းမြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိရာ လေးလအကြာ မတ်လ ဒုတိယပတ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ကုန်း ခလရ(၂၆၈)တပ်ရင်းအား စစ်ရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “တိုက်ပွဲကတော့ နေ့တိုင်းလို ပြင်းထန်ပါတယ်။ နေ့တိုင်းလို အနည်းနဲ့အများ ရှိတာပေါ့။လေကြောင်းကတော့ တကယ်ကို ပြင်းထန်ပါတယ်။ မနေ့ညတင်ပဲ ၁၅၀ကျော် ၂၀၀နီးပါးပေါ့။ Y12နဲ့ ဆိုလို့ရှိရင် ဗုံးသီးချတာရှိတယ်။ အနီးအနားမှာရှိတဲ့ရွာတွေကိုလည်း ပတ်ပြီးတော့ဗုံးချတယ်ပေါ့။…
-
တောင်ခမ်းပြန်ရပြီဟု အောင်ပွဲခံနေသည့် စစ်ကောင်စီက ခဲယမ်းရိက္ခာနှင့် လူအင်အားများ အပြည့် ဖြည့်၍ တောင်ခမ်းသို့ ထပ်မံပို့ဆောင်နေရ
တောင်ခမ်းပြန်ရပြီဟု အောင်ပွဲခံနေသည့် စစ်ကောင်စီက ခဲယမ်းရိက္ခာနှင့် လူအင်အားများ အပြည့် ဖြည့်၍ တောင်ခမ်းသို့ ထပ်မံပို့ဆောင်နေရ ဧရာဝတီတိုင်းမ် မတ် ၁၆ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ တောင်ခမ်းရှိ စစ်ကောင်စီတပ် စခန်းအများစုကို နယ်မြေစိုးမိုးမှု ရယူပြီးကြောင်း အောင်ပွဲခံနေသည့် စစ်ကောင်စီက စစ်ကူများထပ်မံပို့ ဆောင်နေရကြောင်း သိရသည်။ တောင်ခမ်းမှ နယ်မြေ များကို စိုးမိုးမှုယူပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့က ရန်ကုန်တွင်ကြိုဆိုပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် မြေပြင်ထိုးစစ်များသုံး၍ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အပြန်အလှန်ထိုးစစ်ဆင်နေသည့် တောင်ခမ်းရှိ စခန်း အချို့ကို ပြန်လည်စိုးမိုးထားနိုင်ကြောင်း သိရသည်။ TNLA တပ်များ သိမ်းပိုက်ထားသော…