Category: News
-
မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင်ဝန်ခံ
မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင်ဝန်ခံ ဇန်နဝါရီ ၉၊ ၂၀၂၅ မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ အသက် ၆၀ အရွယ် တာကီရှိ အီဘာဆာဝါဟာ မြန်မာကနေ တခြားနိုင်ငံတွေဆီကို ယူရေနီယံနဲ့ လက်နက်အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မှောင်ခိုသယ်ပို့ခဲ့ကြောင်း နယူးယောက်၊ မန်ဟက်တန်မှာ အပြစ်ဝန်ခံခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်စွဲချက်တွေအတွက် အပြစ်ရှိကြောင်းကိုလည်း အီဘာဆာဝါက ဝန်ခံခဲ့ပါတယ်။ အီရန်မှာအသုံးပြုမယ်လို့ ယူဆရတဲ့ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မြန်မာပြည်ကနေ မှောင်ခိုသယ်ဆောင်ဖို့…
-
KIA၊ KPDF၊ ABSDFနှင့် ပူးပေါင်းတပ်များ၏ မံစီမြို့သိမ်း အောင်ပွဲ
KIA၊ KPDF၊ ABSDFနှင့် ပူးပေါင်းတပ်များ၏ မံစီမြို့သိမ်း အောင်ပွဲ ကဖေး၊ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၁၁)၏ ဦးဆောင်မှုနှင့်အတူ မံစီမြို့နှင့် မြို့ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ တပ်ရင်းသုံးခအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ABSDF ကျောင်းသားတပ်မတော်က ထုတ်ပြန်သည်။ ABSDF ကျောင်းသားတပ်မတော်၏ အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် KIA၏ ဦးဆောင်မှုနှင့်အတူ ကချင်ပြည်နယ် မံစီမြို့အခြေစိုက် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမြောက်တပ်(၃၅၂)တပ်ရင်းတို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ၂၀၂၅ ဇန်နဝါရီ ၈ရက်အထိ တစ်လတာ ထိုးစစ်အပြီးတွင် မြို့ရှိ တပ်ရင်းသုံးခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ မံစီမြို့ကို ၂၀၂၄…
-
နိုင်ငံတစ်ဝန်း ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေသော မင်းအောင်လှိုင်က လူထုဆင်းရဲဒုက္ခရောက်နေ၍ နိုင်ငံနှင့်လူမျိုးအကျိုုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များ ရပ်တန့်ကြရန် ပြောပြန်
နိုင်ငံတစ်ဝန်း ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေသော မင်းအောင်လှိုင်က လူထုဆင်းရဲဒုက္ခရောက်နေ၍ နိုင်ငံနှင့်လူမျိုးအကျိုုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များ ရပ်တန့်ကြရန် ပြောပြန် ရန်ကုန်၊ ဇန်နဝါရီ ၁၀ မြန်မာနိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှု အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက် မင်းအောင်လှိုင်က လူထု ဆင်းရဲဒုက္ခရောက်နေ၍ နိုင်ငံနှင့် လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များ ရပ်တန့်ကြရန် ထုတ်ပြန်ပြောဆိုသည်။ ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ထုတ်ပြန်သော မင်းအောင်လှိုင်၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောဆိုထုတ်ပြန်ထားခြင်းဖြစ်သည်။ ယနေ့ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သော ပြည်တွင်းပြည်ပ…
-
လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ဇန်နဝါရီ ၉ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် နှစ်ပေါင်း ၅၀ နီးပါကြာ တပ်စွဲထားသော မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။ လယ်ဒိုမြို့နယ်အတွင်း နှစ်ပေါင်း ၅၀ နီးပါးကာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တပ်မဟာ ၃ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များက…
-
တောင်ကုတ်-ပြည်ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီးဂိတ်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်
တောင်ကုတ်-ပြည်ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီးဂိတ်စခန်းကို AA သိမ်းပိုက်ထိန်းချုပ် ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၉ ရက် တောင်ကုတ်-ပြည်ပန်းတောင်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ တောင်ပုံကြီးဂိတ်စခန်းကို အာရက္ခ တပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ကတည်းက တောင်ပုံ ကြီးဂိတ်ကို ပိတ်ဆို့ထားပြီး ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့က စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ “ရက်ပိုင်းအတွင်းမှာပဲ ပိတ်ဆို့လိုက်နိုင်ပြီး စစ်ကူတွေကိုဖြတ်တောက်လိုက်နိုင်တာပေါ့။ တောင်ပုံကြီး စခန်း ကို ရပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီတပ်သည် ပန်းတောင်းမြို့အဝင်ဂိတ်ထိ တပ်ဆုတ်သွားပြီးနောက် အရေးပေါ်ခုခံစစ်ကို ပြင်ဆင်၍ စစ်ကူအင်အားများပါတိုးချဲ့ထားပြီး တောင်ပုံကြီးဂိတ်စခန်းကို အဓိကကွပ်ကဲနေသည့် (စကခ-၅) တပ်မမှူး…
-
ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက်
ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ် သိမ်းပိုက် ဟန်နွေ/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဖော်ပြကာ KIAနှင့်အတူ မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည့် ကျောင်းသားတပ်မတော်(ABSDF)ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံထွက်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ပြောပြသည်။ “စကစ လေယာဉ်ကွင်းနားက ဆုတ်သွား။ ဒရုန်းပျံနေဆဲလို့ သိရ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲကို KIAနှင့်အတူ ကျောင်းသားတပ် ABSDF ၊ KPDF တပ်များ ပါဝင်တိုက်ခိုက်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်လေဆိပ် သိမ်းပိုက်နိုင်မှုအခြေအနေအပါအဝင် ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဆက်ရှိနေပြီး…
-
KNU တပ်မဟာ ၅ တွင် စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးအပါဝင် ၁၆ ဦးအလံဖြူထောင် အလင်း၀င် ၊ လက်နက်မချသည့် စစ်ကောင်စီတပ်သား ၆ ဦးထွက်ပြေးလွတ်မြောက်နေ
KNU တပ်မဟာ ၅ တွင် စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးအပါဝင် ၁၆ ဦးအလံဖြူထောင် အလင်း၀င် ၊ လက်နက်မချသည့် စစ်ကောင်စီတပ်သား ၆ ဦးထွက်ပြေးလွတ်မြောက်နေ Salween Press ဇန်နဝါရီ ၉ ရက်နေ့ ၂၀၂၅ KNU တပ်မဟာ ၅ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်တွင်အခြေစိုက်တပ်စွဲထားသည့် လှဂွန်းပျို (ခို့သွိထ) စစ်ကောင်စီတပ်စခန်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့၀င် ၁၆ ဦးသည် ဇန်နဝါရီလ ၇ ရက်နေ့ည ၁၁နာရီအချိန်တွင် အလံဖြူထောင်ကာ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံသို့အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။ အလံဖြူထောင်သည့်စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှာလည်း KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှသိရှိရသည်။ လှဂွန်းပျိုစခန်းကိုရှင်းလင်းခဲ့ပြီးနောက် တပ်စခန်းအား မီးရှို့ဖျက်စီးခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ် ကဆိုပါတယ်။ “စခန်းကလက်နက်ခဲယမ်းပစ္စည်းအများအပြားသိမ်းဆည်းပြီးစခန်းကိုမီးရှို့လိုက်ပြီး။ လက်ရှိတော့ လက်နက်မချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆…
-
စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ယောက် သေ
စစ်ကိုင်းက နာမည်ကြီး ပျူခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ ပစ်ခတ်ရှင်းလင်းခံရပြီး ၇ယောက် သေ ဇန်နဝါရီ ၉ ၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ လိုက်ပါလာတဲ့ အိမ်စီးကားတွေ မင်းကွန်း-စစ်ကိုင်းလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခံရပြီး ရွှေကျားအပါအဝင် သေဆုံးသူ ၇ယောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းမှာ မင်းကွန်းတိုက်နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်အုပ်စုအိမ်စီးကားတွေကို တော်လှန်ရေးအဖွဲ့တွေက လမ်းပိုင်းတစ်နေရာကနေ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ People Servant Force (P.S.F) အဖွဲ့တာဝန်ခံ ကိုနက်ရှိုင်းက မောင်းကိုပြောပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဖြစ်လဲ ပျူစောထီးခေါင်းဆောင် ကျော်မျိုးထွန်း(ခ)ရွှေကျားနဲ့ ဇနီးသည် အပါအဝင် သေဆုံးသူ ၇ယောက်အထိ ရှိခဲ့ပါတယ်။…
-
ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက် ■ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့် ဖမ်းမိ
ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက် ■ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့် ဖမ်းမိ ရဲခေါင်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။ ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ် မှ အင်အား ၅၀ခန့်ရှိသည့် ရွှေတစ်ဂူတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။ “၁၀ ယောက်လောက်မိတယ်။ကလေး စစ်သားတွေရော PNO တွေရောပါတယ်။လက်နက်က ၃၀ကျော်ရရှိတယ်”ဟု ကရင်နီတပ်ပေါင်းစု မှ ရဲဘော်တစ်ဦးက ပြောသည်။ ဆီဆိုင်မြို့ဒေသခံတစ်ဦးကလည်း “စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ထိုင်ထားတဲ့ စခန်း။ သေနတ်…
-
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၉ မကွေးတိုင်း၊ စလင်းမြို့ အနီး တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို အကြမ်းဖက် စစ်တပ်က ယာယီ ပိတ်ထားလိုက်ပြီး အရေးကြီး စာရွက်စာတန်းများကို မကွေးမြို့သို့ ပြောင်းရွှေ့သယ်ယူနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့ စလင်း-ဆင်ဖြူကျွန်း ကားလမ်းပိုင်း၌ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခရီးသွား ပြည်သူများကို သွားလာရေး အဆင်ပြေစေရန်…