အရွယ်မရောက်သေးသူ သမီးအရင်းကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ အကြိမ်များစွာ သားမယားပြုကျင့်
(DBA) ဇူလိုင် – ၁၉|}
ပဲခူးတိုင်း ပြည်မြို့ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေရဲတွင် အရွယ်မရောက်သေးသူ သမီးအရင်းကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအမှုကို လာရောက်တိုင်ကြားခဲ့သူမှာ သမီးအကြီးဆုံးဖြစ်သူ တရားလို မနှင်းဝတ်ရည်(ခ)နှင်းနှင်း ခိုင်ရွှေဝါလမ်း ရွှေပင်ရပ်ကွက်တွင်နေသူမှ ဇူလိုင်၁၈ရက် ညနေ၅နာရီအချိန်က နယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး တိုင်ကြားခဲ့အမှုဖြစ်ပါတယ်။
သမီးအရင်းဖြစ်သူကို အလိုမတူဘဲ အကြိမ်များစွာ သားမယားပြုကျင့်ခဲ့တဲ့ အဖေဖြစ်သူမှာ အသက်(၅၅) နှစ် အရွယ်မောင်ဦးဆိုသူဖြစ်ပြီး သမီး၃ဦးမွေးဖွားထားတာဖြစ်ပြီး သားမယားပြုကျင့်ခံရတဲ့သမီးဖြစ်သူမှာ အသက်(၁၅)နှစ်အရွယ် ဒုတိယသမီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အကြီးဆုံးကောင်မလေးကိုသူ့ညီမကတိုင်တာ။နောက်ဆုံးပြုကျင့်ခဲ့တာ၁၄ရက်နေ့က၂ကြိမ်လုပ်တယ်လို့ပြောတယ်။နောက်ပြီးရန်ကုန်သွားတုန်းကလည်းခုပြုကျင့်ခံရတဲ့ကလေးနဲ့အငယ်ဆုံးသမီးလေးပါသွားတယ်။ရန်ကုန်မှာလည်းပြုကျင့်ခံရတယ်လို့ပြောတယ်။မနေ့ဖမ်းပြီးစစ်နေကြတယ်” လို့ သူကပြောပါ တယ်။
ဇူလိုင်၁၄ရက်နေ့ နေ့လည်၁၁နာရီအချိန်က ဖခင်အရင်းဖြစ်သူ မောင်ဦး မှ အရက်သေစာသောက်စား မူးယစ်ပြီး နေအိမ်အရှေ့ခန်းတွင် အသက်(၁၅)နှစ်အရွယ် သမီးဖြစ်သူကို သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ပါတယ်။
လွန်ခဲ့သော (၂)လခန့်က ဖခင်ဖြစ်သူ ဦးမောင်ဦး နဲ့ ညီမအငယ်ဆုံးဖြစ်သူ အသက်၁၃နှစ်ရွယ် မအသဲလေး အသက်၁၅နှစ်အရွယ် ပြုကျင့်ခံရသူ (၃)ဦးမှာ ရန်ကုန်မြို့သို့ သွားရောက်လည်ပတ်စဥ် ဖခင်ဖြစ်သူ မောင်ဦးက သမီးဖြစ်သူကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
မောင်ဦးက သမီးဖြစ်သူကို သားမယားပြုကျင့်ပြီးသည့် အချိန်များတွင် အရက်နှင့် ကေသီပန်ဆေး ရောပြီးတော့ သမီးဖြစ်သူကို တိုက်ခဲ့ပါတယ်။
အရွယ်မရောက်သေးသူ အသက်(၁၅)နှစ်နဲ့(၁၀)လရှိသူ သမီးအရင်းကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ မောင်ဦးကို ဥပဒေအရ အရေးယူပေးပါရန် သမီးကြီးဖြစ်သူ မနှင်းဝတ်ရည်(ခ)နှင်းနှင်း မှ တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့တဲ့အမှုဖြစ်ပါတယ်။
ဥသျှစ်ပင်နယ်ရဲစခန်းကလည်း (ပ)၇၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ-ရာဇသတ်ကြီးပုဒ်မှ- ၃၇၆ဖြင့် အမှုဖွင့် ဆောင်ရွက်ပြီး အမှုစစ်အဖြစ် နယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းဆန်း မှ စစ်ဆေးနေတယ်လို့ သိရပါတယ်။