Category: News
-
ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ
ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံး၊ စစ်တပ်နှင့်ရဲ ဘက်မှ CDM ဝင်သူ ၁၄၇၆၀ ဦးရှိ ရန်ကုန်၊ ဇန်နဝါရီ ၅ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ် ချေမှုန်းတိုက်ဖျက်ရေးအတွက် ဖြစ်ပွားနေသော တော်လှန်ရေး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ ၅၃ ဦး သေဆုံး၊ ဒဏ်ရာရ နှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း အပါအဝင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့…
-
ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ
ရေးမြို့မစခန်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ ကျိုက်ထို၊ ဇန်နဝါရီ ၅ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းရဲ့ စခန်းမှူးဒုရဲမှူးအောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို အ တည်ပြုပါတယ်။ ရေးမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်မြို့ သိမ်ဇရပ်-မုပ္ပလင်လမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။ ခွင့်နဲ့ပြန်လာတဲ့ စခန်မှူးဒုရဲမှူး အောင်ကျော်စိုးဟာ ဇနီးဖြစ်သူရဲ့ သိမ်ဇရပ်မြို့ နေအိမ်ကနေ ကျိုက်ထိုမြို့ထဲ တစ်ဦးတည်းကားနဲ့လာပြန်စဉ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်။ ဖမ်းဆီးရမိထားတဲ့ စခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ ၁ သထုံခရိုင်ထံ လွှဲပြောင်းပေးထားတယ်လို့ ကျိုက်ထိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။…
-
အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း)
အခြေစိုက်ရာဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေလုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)… (ဓာတ်ပုံသတင်း) ဇန်နဝါရီ ၄ ၊ ၂၀၂၄ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေက လုံခြုံရေးကိစ္စရပ်တွေကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို ညီနောင် ERO တွေနဲ့ ပူးတွဲပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေ စဥ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
-
ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံး၊ ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင်
ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံး၊ ဓာတ်အားထုတ်လုပ်မှု တစ်ရက်လျှင် တစ်နိုင်ငံလုံး လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင် ရန်ကုန်၊ ဇန်နဝါရီ ၅ ရန်ကုန်မြို့တော်တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား မလုံလောက်တော့သဖြင့် မြို့နယ်များကို အုပ်စု ၃ ခွဲ၍ ၄ နာရီမီးပေးပြီး ၈ နာရီ မီးဖြတ်စနစ်ကို စတင်ကျင့်သုံးနေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တရားဝင် သတင်းထုတ်ပြန်သည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးကို အုပ်စု ၂ စုခွဲ၍ လျှပ်စစ်မီးပေး၊ မီးဖြတ်တောက်လုပ်နေရာမှ ဓာတ်အားလုံလောက်စွာ မရရှိတော့သဖြင့် ၄ နာရီမီးပေး၍ ၈ နာရီ…
-
ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည်
ရန်ကုန်မြို့ တစ်ရက် ရှစ်နာရီသာ လျှပ်စစ်မီးရတော့မည် ရောင်နီ/People’s Spring33 မီးပေးအချိန်ဇယားမေးကြလွန်းလို့ သူများပြုစုထားတာ ဝေမျှပေးထားလိုက်ပါသည်။ မနက်(၁)နာရီ အုပ်စု နှစ်ခုက ပေးဖို့လျာထားဟုသိရပြီး လိုအပ်က တအုပ်စုပိတ်ပါလိမ့်မယ်။ LDCအနေအထားက လျော့မယ်ထင်ပါတယ်။ မူရင်းဖန်တီးသူ Crd ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၅ရက်ကစတင်၍ တစ်ရက်လျှင် ၈နာရီသာ လျှပ်စစ်မီးရတော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။ လက်ရှိတွင် ရန်ကုန်ရှိ မြို့နယ်များ၌ အုပ်စု A ၊B ခွဲကာ လေးနာရီခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် မီးပေးနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ရက်ကစတင်၍ အုပ်စု C ကို ထပ်တိုးကာ ရှစ်နာရီခြားတစ်ကြိမ် လေးနာရီ လျှပ်စစ်မီးပေးမည်ဖြစ်သည်။ “မီးလာလာချင်း စုပြုံမသုံးကြပါနဲ့။ Feeder Over Load၊ Tr Over Loadနဲ့…
-
တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို
တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ စစ်ဦးစီးအရာရှိ ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးဟုဆို ရန်ကုန်၊ ဇန်နဝါရီ ၅ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကေတုမတီလေတပ် စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးစီးအရာရှိ ၃ ဦးအပါ အဝင် ၇ ဦးသေဆုံးပြီး လေတပ်အုပ်ချုပ်ရေးရုံး၊ ရိပ်သာနှင့် အရာရှိ နေအိမ်များပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၀၀ အချိန် ၀၅ မိနစ်က…
-
ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ
ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ 001 မဇ္ဈိမ။ ။ ယနေ့ (ဇန်နဝါရီလ ၄ ရက် )တွင် ကျရောက်သည့် ( ၇၇ ) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးမှုနှင့်အတူ ပြစ်ဒဏ် ခြောက်ပုံ တပုံလျှော့ပေါ့မှုကိုလည်း ကြေညာခဲ့ရာ ထိုအထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံရသည့် အမှုများထဲမှ အမှုနှစ်မှုသာ အကျုံးဝင်လျက်ရှိသည်။ စစ်ကောင်စီက လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်ဆိုင်ရာ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ…
-
စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို အတုအယောင်ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ
စစ်အုပ်စုကိုယ်စားလှယ်များကို ငြင်းပယ်မည်ဖြစ်သလို အတုအယောင်ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုမည့် ချက် ပါလီမန်အမတ်များ ရန်ကုန်၊ ဇန်နဝါရီ ၄ ချက်သမ္မတနိုင်ငံ၊ ပါလီမန် နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့ဒီမိုကရေစီအင်အားစုများအပေါ် ထောက်ခံမှုနှင့်ပတ်သက်သော သိသာထင်ရှားသည့် ဆုံးဖြတ်ချက်နှစ်ခုကို ပြီးခဲ့သည့်ခရစ္စမတ်မတိုင်မှီကာလအတွင်း ချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်များအတွင်း အဓိကအချက်အနေဖြင့် စစ်ကောင်စီကိုယ်စားလှယ်များအား ချက်သမ္မတနိုင်ငံအတွင်းရှိ တရားဝင်အခမ်းအနားများသို့ ဖိတ်ကြားခြင်း မပြုရန်နှင့် စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို အသိမှတ် မပြုရန် တို့ပါဝင်သည်။ “ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းကမ္ဘာကြီးမှာ ဒီမိုကရက်တစ်အင်အားစုတွေဆိုတာ အဖြစ်အပျက်တွေနဲ့ လူသားတွေအပေါ် စာနာနားလည်တဲ့ ချဉ်းကပ်မှုကို ကိုယ်စားပြုတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကိုယ့်ကိုကိုယ်သာမက တခြားသူတွေကိုပါ ဂရုပြုသင့်ပါတယ်၊ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ စွဲမြဲနေတဲ့တိုင်းပြည်အတွက် လွတ်လပ်မှုကို အားဖြည့်ပေးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မထောက်ခံခဲ့တယ်” ဟု…
-
ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…
ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်… ဇန်နဝါရီ ၄ ၊ ၂၀၂၅ အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။ သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်ဟာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်က အခကြေးငွေရယူပြီး ဖြန့်ဝေတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၅…
-
ရခိုင် – ဧရာဝတီအစပ်၌ စစ်ကောင်စီကလေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ်ဆောက်နေဟုဆို
ရခိုင် – ဧရာဝတီအစပ်၌ စစ်ကောင်စီကလေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ်ဆောက်နေဟုဆို ကဖေး/People’s Spring အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။ “မကျီးဇင်မှာ လေယာဉ်ကွင်းဆောက်ဖို့ လုပ်နေပြီ။ ဘယ်လောက်ကြီးမယ့်ကွင်းလဲ မသိပေမယ့် အားချင်းလုပ်နေကြပြီ။ မကျီးဇင်ကလူတွေလည်း တခြားနေရာတွေကို ပြေးနေကြရပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများက လေယာဉ်ကွင်းဆောက်နေသည်ဟု သိထားကြောင်းပြောသော်လည်း လူထုနွေဦးက အတည်မပြုနိုင်သေးပေ။ မကျီးဇင်ကျေးရွာသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် ချောင်းကူးတံတားခြားလျက် ရေလမ်းချင်း ဆက်စပ်နေသည်။ ဂွမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကျီးဇင်ရွာမှတဆင့် ရွှေသောင်ယံ -ချောင်းသာ – ပုသိမ်လမ်းအတိုင်း ကားများဖြင့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။…