မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ
ဇူလိုင် ၃၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက မိုးဗြဲတစ်မြို့လုံးနီးပါးကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလပိုင်းကတည်းက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပါ။
စစ်ကောင်စီက မိုးဗြဲမြို့ကို လေကြောင်းတိုက်ခိုက်ရေးတွေ အပါအဝင် သာလွန်အင်အားနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေသလို တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း မိုးဗြဲမြို့ မကျရေးအတွက် ခုခံတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကနေ ဖော်ပြထားပါတယ်။
အခုလို မိုးဗြဲမြို့ကို စစ်ကော်စီက ပြန်လည်သိမ်းပိုက်လိုက်ပြီဆိုတဲ့အပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “မိုးဗြဲကတော့ စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေထဲအထိ ထိုးဖောက် ဝင်ရောက်လာနိုင်သွားပြီပေါ့နော်၊ ဒါပေမယ့် တိုက်ပွဲတွေကတော့ ဖြစ်ပွားနေတုန်းပဲ ဖြစ်ပါတယ်” လို့ မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ မှာ ရှမ်းတောင်နဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်တွေ အင်အား အဆမတန်သုံးကာ ထိုးဖောက်ဝင်ရောက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့က အဓိက မိန်းလမ်းမကြီးကို လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကနေ သတင်းထုတ်ပြန်ထားပါတယ်။
