Kbz ဘဏ်မှာစာအုပ်နဲ့ပဲစုပြီး ကေပေးမသုံးသူဦးလေးက ကျပ်သိန်း ၅၀၀ ကျော်ကနေ သူမထု.တ်ပဲ ၆သိန်းကျော်ပဲကျန်တဲ့ဖြစ်စဥ်ကို ကိုယ်ချင်းစာလို့ဝင်ရောက်ကူညီပေးနေတဲ့ Lady Grace စိန်တိုက်ပိုင်ရှင်
Kbz ဘဏ်မှာ ၂၀၁၂ ခုနှစ်ကနေစပြီး ငွေစုလာခဲ့တဲ့ ဦးလေးကြီးတစ်ဦးဟာ ကေပေးလည်း မချိတ်ထားသလို app ကနေလည်း အသုံးပြုခြင်းမရှိပါဘူးတဲ့. ငွေစုတဲ့သီးသန့်စာအုပ်ပဲ ရှိပြီး 2025 ဇန်နဝါရီလ မှာ တိုးရင်းသွားပေါင်းခဲ့ချိန်က ငွေပမာဏ ကျပ်သိန်း ၅၂၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်. ခါတိုင်း ၃လတစ်ကြိမ်သွားပေမယ့် အခုတစ်ခါ ၃လပြည့်တဲ့နေ့က ဘဏ်ပိတ်လို့ 2025 ဇူလိုင်လ ၁ရက်နေ့မှာမှ တိုးရင်းသွားပေါင်း ဖြစ်တဲ့အခါ လက်ကျန်ငွေက ၆သိန်းကျော်ပဲ ရှိတော့တယ်ဆိုပြီး ပြနေခဲ့တာပါတဲ့. ဒါကြောင့် ဦးလေးက အံ့သြပြီး 2025 ဇူလိုင်လ ၁ရက်နေ့မှာပဲ အဆိုပါလက်ကျန် ၆၆၀၀၀၀ ကျပ်ကို ထုတ်ယူခဲ့ပါတယ်တဲ့.
အဆိုပါ ဦးလေးတွေက ခုလိုဖြစ်တာကို သူတို့နဲ့ရင်းနှီးတဲ့ ညီမလေးတစ်ဦးဆီဝင်မေးကြရင်း အဆိုပါညီမလေး က ကူညီပြီး ပို့စ်တင် မေးမြန်းပေးခဲ့တာပါ. အဲဒီညီမလေး ပို့စ်တင်မေးမြန်းတာကို တွေ့ခဲ့ရတဲ့ Lady Grace စိန်တိုက်ပိုင်ရှင် ဒေါ်နန်းတင်မိုးသူက သူမအနေနဲ့ ခုကိစ္စလေးအမှန်အတိုင်းဖြစ်စေချင်တဲ့ စေတနာနဲ့ ကေဘီဇက်ဘဏ်ဘက်ကို ဖြေရှင်းပေးဖို့ ကူပြောပေးခဲ့တာဖြစ်ပါတယ်. Lady grace ဆိုင်ပိုင်ရှင်ကိုယ်တိုင်က အခုလိုပြောလာတဲ့အခါ ကေဘီဇက်ဘဏ်ဘက်က တာဝန်ရှိသူတွေက သူတို့အနေနဲ့လည်း ဒီကိစ္စကို အဆင်ပြေဆုံးဖြစ်အောင် ကူညီဖြေရှင်း စ.စ်ဆေ:ပေးသွားပါ့မယ် လို့ ပြောလာတယ်လို့ သိရပါတယ်. ကိ.စ္စဖြေရှင်းလို့ သိရှိရရင်လည်း ပြန်လည် ပြောပြသွားပါ့မယ်လို့ ပို့စ်တင်ပြီး ကူညီပေးသူ အမျိုးသမီးလေးက ဆိုထားပါတယ်.
အဆိုပါအမျိုးသမီးလေး တင်ခဲ့တဲ့ပို့စ်မှာတော့ ” 2012 ကစပြီး စာအုပ်ထဲမှာပဲ စုလာခဲ့တဲ့သူပါရှင့်။
Banking Software လည်း မရှိ သုံးလည်း မသုံးတတ်တဲ့ နယ်ကသူ ဖြစ်ပါတယ်။ ( အခုဦးလေးတို့ ဇနီးမောင်နှံက ဘဏ်သွားပြီး အပြန် ကိုယ်နဲ့ရင်းနီးတာရော ငွေလွှဲငွေထုတ်ဆိုင်ဖွင့်ထားတာကြောင့်ရော လာပြီးမေးတာမလို့ ကျွန်မတို့လည်းသိရတာပါ) မှ.တ်.ပုံ.တ.င်နံပါတ် ၊ OTP တွေကိုလည်း လိမ်တာတွေ ကြားဖူးနေတာမို့ ဘယ်သူ့ကိုမှ မပြောမိပါဘူးတဲ့။ ခု အတိုးအရင်းပေါင်းဖို့ ဘဏ်သွားတော့မှ သူစုထားတဲ့ သိန်း 520 ကျော်မှာ 6 သိန်းကျော်ပဲ ရှိပါတော့တယ် Banking Software တောင်မရှိဘဲ သုံးလည်းမသုံးပဲ သိန်း 520 ကျော်ကို ခြောက်လအတွင်း Banking Software သုံးပြီး အလွယ်လေး ယူသုံ:ထာ:ခံရတာပါရှင့် ။ တစ်သက်လုံးရှာထားသမျှ စုဆောင်းထားတာမလို့ ဘယ်လိုတာဝန်ယူ ဖြေရှင်:ပေးမလဲဆိုတာ သိချင်ပါတယ်ရှင့်။ ဘဏ်ဘက်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်း၊ ရဲ.စခန်:အ.မှု.ဖွ.င့်.စာနဲ့ ကောလ်စင်တာ ခေါ်ဖို့ စာတ.င်ဖို့ ပြောပါတယ်တဲ့ရှင့် ရဲ.စ.ခန်:အ.မှု.ဖွ.င့်စာအတိုင်းဆို သုံးလအတွင်း လိုအပ်တာစ.စ်ဆေ:ပြီး အကြောင်းပြန်တာစောင့်ရမှာပါ။ ကာယကံရှင်ကတော့ အိ.ပ်မ.ပျော်စာ:မဝ.င်ပါပဲ” လို့ တွေ့ခဲ့ရတာဖြစ်ပါတယ်.
#kbz
