Category: News

  • MNDAA ​ခေါင်း​ဆောင်ဖုန်တာရွှင် ​ယူနန်ပြည်နယ်တွင်​ဆေးကုသမှုခံယူ​နေဟု တရုတ်ဆို

    MNDAA ​ခေါင်း​ဆောင်ဖုန်တာရွှင် ​ယူနန်ပြည်နယ်တွင်​ဆေးကုသမှုခံယူ​နေဟု တရုတ်ဆို

    by

    in

    MNDAA ​ခေါင်း​ဆောင်ဖုန်တာရွှင် ​ယူနန်ပြည်နယ်တွင်​ဆေးကုသမှုခံယူ​နေဟု တရုတ်ဆို အီယိုရီ၊​ယောနသံ /People’s Spring ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဆေး ကုသမှုခံယူနေကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယနေ့(နိုဝင်ဘာ ၁၉ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်။ “မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ်နိုင်ငံလာရောက်ဖို့ အစောပိုင်းက လျှောက်ထားခဲ့ပါတယ်။ (သူဟာ)လက်ရှိ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် MNDAA ခေါင်းဆောင် မည်သည့်အချိန်က တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အစိုးရ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက ဖုန်တာရွှင်ကို မည်သို့ထားရှိသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယမန်နေ့(နိုဝင်ဘာ…

  • မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ်

    မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ်

    by

    in

    မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ် အင်ကြင်း/People’s Spring မန္တလေးမြို့လယ်နေ အိမ်ထောင်စု ၂ဝ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားသုံး၍ နှင်ထုတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ဝင်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် အချုပ်ကားပါယူဆောင်လာကာ လမ်းပိတ်ထားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ထို့နောက် အဆိုပါလမ်းကြားရှိ ဝင်းတစ်ခုအတွင်းမှ အိမ်ထောင်စုပေါင်း ၂၀ ခန့်အား ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲပြီး အင်အားအများအပြားဖြင့် လာရောက်ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “အရင်တုန်းကတော့…

  • KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး

    KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး

    by

    in

    KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး နိုဝင်ဘာ ၁၉၊ ၂၀၂၄ ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ အနန်းကွင်းဗျူဟာကုန်း အနီးနားမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။ “အင်အား ၁၀၀ ကျော်တယ် တက်လာတာ။ အနန်းကွင်းဗျူဟာကုန်းက တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူတက်လာတာ။ အရာရှိကြီးကို စနိုက်ပါနဲ့ပစ်လို့ ခေါင်းထိမှန်သေဆုံးသွားတယ်။ အခြားအဆင့်…

  • AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း

    AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း

    by

    in

    AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။ AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း ယခုနိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ…

  • မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင်အမျိုး သမီးတစ်ဦးကဓားဖြင့်လုယက်မှုဖြစ်ပွား

    မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင်အမျိုး သမီးတစ်ဦးကဓားဖြင့်လုယက်မှုဖြစ်ပွား

    by

    in

    မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင်အမျိုး သမီးတစ်ဦးကဓားဖြင့်လုယက်မှုဖြစ်ပွား ———————————————— နိုဝင်ဘာ ၁၈ မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊၆၉လမ်း၊၃၈×၃၉ လမ်း ကြားရှိ POWER KAW LIN ဖုန်းအရောင်းဆိုင် ၌ ယမန်နေ့နံနက်ပိုင်းကအမျိုးသမီးတစ်ဦးကဆိုင်ဝန်ထမ်းအားဓားထောက်လုယက်မှုဖြစ် ပွားကြောင်းသိရသည်။ ဖြစ်စဥ်မှာယမန်နေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်ကမိုးပွင့်ဖြူ၊၂၃နှစ်၊(ဘ) ဦးစိုးမိုး၊မင်းလှဇာတိ၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူသည်အဆိုပါဖုန်းအရောင်းဆိုင်အတွင်းသိုရောက်ရှိလာသည်။၎င်းက Kpay သိန်း ၅၀ထုတ်ချင်ကြောင်းပြောရာဆိုင်ဝန်ထမ်းများမှဘဏ်သွားထုတ်ရန်ပြောဆိုခဲ့ကြောင်း၊၎င်းနောက်မမိုးပွင့်ဖြူမှ၎င်းဖုန်းအားစစ် ဆေးပေးရန်ပြသရာဆိုင်ဝန်ထမ်းမှဖုန်းအားကြည့်ပေးနေစဉ်မမိုးပွင့်ဖြူကဓားဖြင့်လှန်းထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆိုင်ဝန်ထမ်းများကထွက်ပြေးပြီးဆိုင်တံခါးအားပိတ်ထားခဲ့ကာသက်ဆိုင်ရာသို့သတင်း ပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကတရားခံမမိုးပွင့်ဖြူအားဖမ်းဆီးခေါ်ဆောင်သွားပြီးအမှုဖွင့်အရေးယူနိူင်ရေးဆောင် ရွက်လျက်ရှိကြောင်းသိရသည်။ #PAN

  • “ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”

    “ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”

    by

    in

    “ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”

  • ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း

    ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း

    by

    in

    ဟုမ္မလင်းနယ်မှ စစ်‌ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း အိမ်သွင်/People’s Spring ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်‌ကောင် စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်း တစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။ ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ‌ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်‌ကောင်စီနှင့် ရှမ်းနီတပ် အင်အား…

  • ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး

    ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး

    by

    in

    ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီးသေဆုံး၊ မင်းဘူးတွင် စစ်မှုထမ်း စုဆောင်းနေသော မန်းရွှေစက်တော် အုပ်ချုပ်ရေးမှူး ကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အောင်သစ္စာရပ်ကွက်မှ စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး သန်းဌေး ဓားထိုးခံရပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး သန်းဌေးသည် အရက်ဆိုင်တွင် ဓားဖြင့် ထိုးခံရပြီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဌေးက အရက်ဆိုင်တွင် ရန်ဖြစ်နေသူများကို ဖြန်ဖြေရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဓားနဲ့ ထိုးခံရပြီး သေဆုံးသွားတာက အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးပါ။ သူက အရက်ဆိုင်မှာ…

  • MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်

    MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင်

    by

    in

    MNDAA ခေါင်းဆောင်နှင့် ဝ ဒုစစ်ဦးစီးချုပ်ကို တရုတ်ဖမ်းပြီး တော်လှန်ရေးအင်အားစုများကို အကြပ်ကိုင် အိမ်သွင်/People’s Spring လားရှိုးမြို့အား စစ်ကောင်စီကိုပြန်ပေးအပ်ရန် MNDAAအား ဖိအားပေးနေသည့်တရုတ်အစိုးရက MNDAA ခေါင်းဆောင်ဖုန်တာရွှင် နှင့် ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအားနေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီထားကြောင်း People’s Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။ “ပေါက်ကျွင်းဖုန်းကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂ရက်က ဖမ်းဆီးခဲ့တယ်။ ဖုန်းတာရွှင်ကိုတော့ အောက်တိုဘာလကုန်ပိုင်းမှာ ပြန်မလွှတ်ဘဲ နေအိမ်အကျယ်ချုပ်လုပ်လိုက်တယ်။ တရုတ်က အစွမ်းကုန် ယုတ်မာမဲ့ သဘောရှိတယ်”ဟု UWSA၊MNDAA၊ တရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်​သောသတင်ရင်းမြစ်တဦးက ပြောသည်။ UWSAဒုတိယစစ်ဦးစီးချုပ်ပေါက်ကျွင်းဖုန်းအား ဖမ်းဆီးခဲ့ရာတွင် ကျားဖြန့်လုပ်ငန်းများကြောင့်ဟု တရုတ်ကအကြောင်းပြထားသော်လည်း အမှန်တကယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီ​နောင် သုံးဖွဲ့အား UWSAက ကူ…

  • ပြင်ဦးလွင်တွင် တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက် ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေ

    ပြင်ဦးလွင်တွင် တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက် ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေ

    by

    in

    ပြင်ဦးလွင်တွင် တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက် ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေ ရန်ကုန်၊ နိုဝင်ဘာ ၁၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့်အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြကြောင်း၊ အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်း…