Kepong မှာရှိတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အတု ပြုလုပ်တဲ့နေရာတစ်ခုကို လဝက ကဝင်ဖမ်း
ကွာလာလမ်ပူ- စာရွက်စာတမ်း အစုံ စာအုပ်အတု လုပ်သည့် နေအိမ်ကို ဝင်ရောက်စီးနင်းမှုအတွင်း ရာနှင့်ချီသော ပတ်စ်ပို့အတုများကို တွေ့ရှိခဲ့တယ်လို့ဖော်ပြ
ယနေ့နံနက်အစောပိုင်းတွင် Kepong ရှိ တိုက်ခန်းတစ်ခုတွင် City Immigration Department မှ ရဲတပ်ဖွဲ့က ဖမ်း ဆီး မှုအ တွင်း ရာနှင့်ချီသော ပတ်စ်ပို့များကို အိပ်ခန်းသုံးခန်းပါ တိုက်ခန်း အတွင်း၌ အတု ထုတ် လုပ်တဲ့နေရာမှာ ပတ်စပို့အတုပြုလုပ် နေတဲ့ အသက် 20 အရွယ်ရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသားနှစ်ဦးစလုံးကို ဖမ်းဆီးထားပါတယ်
ဝင်ရောက်ဖမ်းဆီးမူအချိန်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်များကို ပရင်တာတစ်ခုနဲ့ထုတ်နေတာကို လက်ပူးလက်ကြပ်မိ ခဲ့ပါတယ်တဲ့
ငှားရမ်းထားသော တိုက်ခန်းတွင် တွေ့ရှိရသည့် နိုင်ငံကူးလက်မှတ် ကာဗာ ပုံများမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ပတ်စပို့အတုများကို အဆောက်အအုံအတွင်း စစ်ဆေးမှုများ တွေ့ရှိခဲ့ပါတယ်
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် နိုင်ငံရပ်ခြားအလုပ်သမားများ၏ ဆေးစစ်မှုနှင့် စောင့်ကြည့်လေ့လာရေးအေဂျင်စီ (Fomema) နှင့် ပတ်သက်သည့် စာရွက်စာတမ်း အတု များစွာကိုလည်း ထပ် မံ ရှာဖွေတွေ့ရှိခဲ့ပါတယ်
“ထုတ်လုပ်သောနိုင်ငံကူးလက်မှတ်အတုတစ်ခုစီအတွကက် RM400 တန်ဖိုးစျေးပေါက်ပါတယ်”
သူတိို့ တွေဟာ နိုင်ငံကူးလက်မှတ်အတုကို ၁၀ မိနစ်ခန့်အတွင်း ထုတ်နိူင်တဲ့အစွမ်းရှိတယိလို့သိရပါတယ်
တစ်လလျှင် လစာ RM2,500 ယခုအလုပ်ကိုလုပ်နေတယ်လို့ဝန်ခံထားပါတယ်
“သူဌေးက အော်ဒါ ပေးတဲ့ ပေါ်မူတည်ပြီး ပတ်စပို့အတုကို အယောက် ၂၀ ကနေ ၃၀ (နိုင်ငံကူးလက်မှတ်အတု) လုပ်နိုင်တယ်။ ပတ်စပို့တစ်ခုကို ၂၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း လုပ်နိုင်တယ်။
“ကျွန်တော်က ဒီမှာ အလုပ်လုပ်နေတာ။ ဒီပတ်စပို့ အလုပ်က ဘယ်သူပိုင်ရှင်လဲဆိုတာမသိဖူးတဲ့ သူဌေးကို တစ်ခါမှ မမြင်ဖူးဘူး ဟု ဝန်ခံ ပြောကြားခဲ့ပါတယ်
ပဏာမစုံစမ်းစစ်ဆေးမှုများအရ မှာယူ သူများ နှင့် အေးဂျင့်များကြား အရောင်းအ၀ယ်ပြုလုပ်မှုအားလုံးကို WhatsApp မှတစ်ဆင့် လုပ်ဆောင်ခဲ့ကြောင်း၊
“ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူတစ်ဦးမှ ပိုင်ဆိုင်သည်ဟု ယူဆရသော အကောင့်တစ်ခုသို့ ငွေပေးချေမှုများ ပြုလုပ်ခဲ့ပါတယ်တဲ့
ဆက်လက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိပါတယ်တဲ့
ဖမ်း ဆီး ရရှိသူ နှစ်ဦးလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 ပုဒ်မ 55D အရ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထောက်ခံချက် သို့မဟုတ် စာရွက်စာတမ်းများ အတုပြုလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းအတွက် စုံစမ်းစစ်ဆေးအရေးယူထားပါတယ်
Sent 6m ago
Write to Repair G Ads