Category: News
-
လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက်
လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက် ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၅ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ ယမန်နေ့၌ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့ ပန်းတောကြီးရွာကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေသခံတဦးက “ပန်းတောကြီးမှာ စစ်ကောင်စီဘက် အတော်အထိနာပြီးတော့ ဆီဆုံကုန်းဘက်ကို တပ်ဆုတ်သွားတာ။ အခုညနေ အဲဒီဘက်မှာ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု ဆိုသည်။ ပန်းတောကြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု ဒေသခံတချို့က ပြောသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီ တပ်ဆုတ်သွားသည့် ဆီဆုံကုန်းရွာသည် ပန်းတောကြီးနှင့် လေးမျက်နှာမြို့ကို ဆက်သွယ်ထားသောလမ်းမပေါ် ရှိပြီး ပန်းတောကြီးနှင့် ၂ မိုင်ကျော်သာ…
-
စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား
စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူအုပ်ချုပ်ပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထား ရန်ကုန်၊ ဧပြီ ၁၈ စစ်ကောင်စီကင်းစင်သွားသော နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်များ တွင် တိုင်း ရင်းသားလက်နက်ကိုင် EROs များက တာဝန်ယူထားပြီး တိုင်းဒေသများကို NUG အစိုးရက အုပ်ချုပ်ရန် တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရ၏ ၄ နှစ်ပြည့်အစီရင်ခံစာတွင် ထုတ်ပြန် ပြောဆိုလိုက်သည်။ တော်လှန်ရေးကာလ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးသည့်နောက် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေရန်အတွက် ပြည်နယ်များ၏ အုပ်ချုပ် ရေးထူထောင်မှုကို ပြည် နယ်လွတ်မြောက်ရေး အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင် ရာ EROs များနှင့် ပြည်နယ်အတိုင်ပင်…
-
လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်
လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ) ဧပြီ ၁၈၊ ၂၀၂၅ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။ MNDAA ဟာ တရုတ်ရဲ့ ဖိအားကြောင့် သင်္ကြန်ကာလအတွင်း လားရှိုးမြို့ကနေ ဆုတ်ခွာသွားပြီး မြို့ပတ်လည်မှာတော့ ဆက်လက်တပ်စွဲထားကြောင်း သိရပါတယ်။ Video-လူမှုကွန်ရက် UWSA နှင့်MNDAA လုံခြုံရေးအကူအညီဖြင့် လာရှိူးမြို့တွင်းသို့ စစ်ကောင်စီပြန်ဝင်လာ ◾️လားရှိူးကောင်းကင်ယံ၌ စစ်ကောင်စီ လေယာဉ်အချို့ပတ် ပျံနေ ဧပြီ ၁၈၊၂၀၂၅။ခွာညို/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့…
-
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ရန်ကုန်၊ ဧပြီ ၁၈ ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအနီးတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၁၅ ရက်နေ့မှစတင်ပြီး စစ်တပ်က လေးမျက်နှာမြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားတိုးမြှင့်ခြင်း၊ ကင်းစခန်းများ တိုးချထားခြင်းများ လုပ်ဆောင်ခဲ့ရာ AA၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ် ကြောင်း၊ နေ့စဉ်တိုက်ပွဲများဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “သင်္ကြန်တွင်းမှာလည်း တိုက်ပွဲဖြစ်တယ်။ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုမှာလည်း…
-
မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်၊ အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ အပြု သဘော ဆောင်ဟုဆို
မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ်၊ အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ အပြု သဘော ဆောင်ဟုဆို ရန်ကုန်၊ ဧပြီ ၁၈ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်နဝါက အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်နှင့် စစ်ကောင်စီခေါင်း ဆောင် အကြမ်းဖက် မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံခဲ့မှုအပေါ် နှစ်ဖက်စလုံးက ကန့်ကွက်မှုမရှိဘဲ တွေ့ဆုံမှုမှာ အပြု သဘောဆောင်ကြောင်း မလေးရှားဝန်ကြီးချုပ်က သတင်းထုတ်ပြန်သည်။ ယနေ့ နံနက်ပိုင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မလေးရှားဝန်ကြီးချုပ်တို့အကြား မိနစ် ၄၀ ကြာ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မြန်မာပြည်သူများထံသို့ ပေးနိုင်ရေးနှင့် အကူအညီလိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။…
-
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ) ဧပြီ ၁၈၊ ၂၀၂၅ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီတိုင်းစစ်ဌာန ဗျူဟာ (၂၉) အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးဗျူဟာအရ အဆင့် (၃) ဆင့်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တနိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးစားခဲ့ကြရပြီး ဒုတိယအဆင့်အနေနဲ့လည်း မဟာဗျူဟာ ထိုးစစ်ဆင်၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ကာ တတိယ…
-
ငလျင်ဘေး ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေ
ငလျင်ဘေး ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေ မြန်မာနိုင်ငံရဲ့ ငလျင် နောက်ဆက်တွဲ ကူညီရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ မလုံလောက်မှုနဲ့ ရုန်းကန်နေရကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ အဖွဲ့ချုပ် (IFRC)က ပြောကြားခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး မြန်မာနိုင်ငံက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ဆွစ်ဖရန့် သန်း ၁၀၀၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၂.၄ သန်း ရရှိဖို့ တောင်းခံခဲ့ပေမယ့် အဲဒီပမာဏရဲ့ အပိုင်းအစ အနည်းငယ်လောက်ကိုသာ စုစည်း ရရှိထားတယ်လို့…
-
နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီပြောင်းရွှေ့၊ ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို
နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီပြောင်းရွှေ့၊ ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို ရန်ကုန်၊ ဧပြီ ၁၈ နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီ ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း အတည်ပြုပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လုံး၀ ပြိုကျပျက်စီးသွားသော ဝန်ကြီးဌာနရုံးများအနက်မှ ဟိုတယ်ခရီး၊ နိုင်ငံ ခြား ရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့်ဝန်ထမ်းများကို ရန်ကုန်ရုံးများသို့ ယာယီ ပြောင်းရွှေ့ လာခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မှာ နောက်ချန်ရုံးရှိတဲ့ ဝန်ကြီးဌာနတွေက ယာယီ ပြောင်းလာကြပြီ။ အခု…
-
ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်း အမြတ်ပေးသည့် ပုံစံဖြင့် ငွေကြေးစုဆောင်း လိမ်လည်၊ ငွေကျပ် သိန်းထောင်သောင်းချီပါသွား
ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်း အမြတ်ပေးသည့် ပုံစံဖြင့် ငွေကြေးစုဆောင်း လိမ်လည်၊ ငွေကျပ် သိန်းထောင်သောင်းချီပါသွား ရန်ကုန်၊ ဧပြီ ၁၈ ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့် စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်းအမြတ်ပေးသည့်ပုံစံဖြင့် ငွေကျပ် သိန်းထောင်သောင်းချီ လိမ်လည်သွားကြောင်း လိမ်လည်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်အာဏာသိမ်းပြီးနောက် KBZ ဘဏ်က ဘဏ်အကောင့်အဟောင်းများ(Old Account) ထံမှ ငွေကြေးထုတ်ယူမှုများကို ကန့်သတ်ထားခဲ့ကြောင်း၊ ယင်းနောက် KBZ ဘဏ်တွင် ငွေကြေးအပ်နှံထားသူများက ဘဏ်အတွင်း မိမိတို့၏ ပိတ်မိနေသော ငွေကြေးများကို ဘဏ်မှ…
-
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည် ရန်ကုန်၊ ဧပြီ ၁၈ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်ဖြစ် ကြောင်း မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းလွှတ်တော်အမတ် Kannavee Suebsangတို့၏ လူမှုကွန်ရက်မှ တစ် ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ မလေးရှားဝန်ကြီးချုပ် အန်နဝါက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှာ ပွင့် လင်း မြင်သာပြီး အပြှုသဘောဆောင်ကြောင်း၊ မြန်မာပြည်သူများအတွက် အရေးပေါ် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကွင်းဆင်း ဆေးရုံတစ်ခု ဖွင့်လှစ်ရေး ဆွေးနွေးခဲ့သည့်အပြင်…