ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ မလေးရှားမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးဖို့ရှိ
အေတီ/BVJ-ဇူလိုင်၂၈၊၂၀၂၅
မလေးရှားရဲ့ ကြားဝင်ဖျန်ဖြေမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုမှာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ထိုင်းယာယီဝန်ကြီချုပ် Phumtham Wechayachai နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ ဟာ ဒီနေ့မှာ မလေးရှားနိုင်ငံကို လေယာဥ်နဲ့လာပြီး နှစ်နိုင်ငံခြားဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခ အမြန်ဆုံး ပြေလည်ရေး အတွက် ဆွေးနွေးညှိနှိုင်းကြဖို့ရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အတည်ပြုပါတယ်။
“ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျွန်တော်စကားပြောခွင့်ရခဲ့ ပါတယ်။သူတို့နှစ်ဘက်လုံးက ဒီကိစ္စမှာ မလေးရှားနိုင်ငံကိုပဲ ကြားဝင်ဖြန်ဖြေသင့်တယ်လို့ ယူဆတဲ့အတွက် ကြားဝင်ညှိနှိုင်းပေးတဲ့သူအဖြစ် ကျွန်တော်ဝင်ပါရတာဖြစ်ပါတယ်“
ထိုင်းနိုင်အရှေ့မြောက်ပိုင်း ခရိုင်လေးခုက ဆေးရုံတွေနဲ့ လူနေရပ်ကွက်တွေကို ကမ္ဘောဒီးယား ကဆက်လက် တိုက်ခိုက်နေတဲ့အတွက် စစ်အရှိန်မြင့်လာတဲ့အတွက် နှစ်ဖက် အရှိန်အမြန်လျော့ ကျသွားအောင် အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါရီ ကိုယ်တိုင်ကလဲ ကြိုးစားနေပါတယ်။
စနေနေ့က အမေရိကန်သမ္မဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောပြီးနောက် ထိုင်းကော ကမ္ဘောဒီးယား နှစ်ဖက်လုံးက မူအားဖြင့် အပစ်အခတ်ရပ်စဲရေးဖို့ သဘောတူထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲက ဆက်ပြီး ပြင်းထန်နေပါတယ်။ အပြင်မှာ အပစ်အခတ်ရပ်စဲရေးအမြန်လုပ်ချင်တယ်လို့ ကမ္ဘောဒီးယားက ပြောနေပေမယ့် လက်တွေ့မှာတော့ မှန်တကယ် ဆန္ဒမရှိဘူးလို့ ထိုင်းအစိုးရဘက်က ထောက်ပြနေပါတယ်။
ပြီးခဲ့တဲ့ကြာသာပတေးနေ့က စတင်ဖြစ်ပွားတဲ့ ထိုင်းနဲ့ ကမ္ဘောနယ်စပ်ပဋိပက္ခဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ပြင်းထန်တဲ့အခြေအနေဖြစ်လာပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပြီး လေးရက်အကြာမှာ ထိုင်း အရပ်သား ၁၃ ဦးနှင့် ကမ္ဘောဒီးယား ရှစ်ဦး အပါအဝင် သေဆုံးသူ ဦးရေ ၃၀ ကျော်ထိရှိသွားပြီဖြစ်ပါတယ်။ပြီးတော့ နှစ်နိုင်ငံနယ်စပ်ဒေသက အရပ်သား၂သိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
REF- Thai TBS
