Bukit Bintangနားတစ်ဝိုက် စားသောက်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးစဉ် ပါကစ္စတန် နိူင်ငံသားတစ်ဦး ဖမ်းဆီးခံရတဲ့အတွက် ငိုယိုခဲ့တယ်လို့ ဖော်ပြ
ပါကစ္စတန်အမျိုးသားတစ်ဦး ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကွာလာလမ်ပူ လဝက ဝင်ဖမ်းဆီးတဲ့ အခါ စားသောက်ဆိုငိမှာ
နိုင်ငံခြားသား အလုပ်သမားများကို ခန့်ထားတာ ကြောင့် ရယ်,
ဇနီးဖြစ်သူရဲ နာမည် ကို အသုံးချပြီး ဆိုင်ဖွင့် ထားတာရယ်ကြောငိ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်
သူဟာ အသက် ၃၀ အရွယ် ရှိပြီး မလေးရှားနိုင်ငံတွင် ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီး နိူင်ငံသားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထားတယိလို့ ဝန်ခံထွက်ဆိုထားပါတယ်
DBKLပါဝင်တဲ့ ဖမ်း ဆီး မှုအတွင်း စားသောက်ဆိုင်ထဲမှာရှိတဲ့ ကုလားထိုင်များ၊ စားပွဲများ၊ ဟင်းချက်အသုံးအဆောင်များနှင့် မီးဖိုချောင်သုံး ဗီဒို စသဖြင့် အားလုံးကို(DBKL) သိမ်းဆည်းသွားပါတယ်
“ဒီပစ္စည်းတွေက ရင်းဂစ် 70,000 တန်ဖိုးရှိတယ်
ငါ့မိန်းမနဲ့ ကလေးတွေအတွက် ရှာဖွေကျွေးမွေးနေတာဖြစ်လို့ မဖမ်းပါနဲ့ ,
ဖမ်းမယ့်အစား ငါသေပဲ သေချင်တယ်၊ ပြီးတော့ ရာဇ၀တ်ကောင်မဟုတ်ဘူး!” အော်ဟစ်ငိုကြွေးသွားခဲ့ပါတယ်
(ဇူလိုင် ၂၇ ရက်) ည ၁၁ နာရီခွဲခန့်တွင် ဖမ်းဆီးခံရသော နိုင်ငံခြားသား ၁၁ ဦးဖမ်းဆီးရရှိခဲ့ပြီး အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦး တို့ဖြစ်ကြပါတယ်
ထိုနေ့က Bukit Bintang နားတစ်ဝိုက် ဖမ်းဆီီးမူမှာတရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဟု နိုင်ငံခြားသား ၁၀၀ ခန့်ကိုလည်း ဖမ်းဆီးနိူင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်