Category: News
-
မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆီဂိုဒေါင်၊ စခန်းရုံးနှင့် ရိက္ခာဂိုဒေါင် တို့လည်း မီးလောင်ပေါက်ကွဲဟုဆို
မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ဆီဂိုဒေါင်၊ စခန်းရုံးနှင့် ရိက္ခာဂိုဒေါင် တို့လည်း မီးလောင်ပေါက်ကွဲဟုဆို ရန်ကုန်၊ ဇွန် ၂၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက် ရော့ကတ်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၂၂ ဦးသေဆုံးပြီး ဆီဂိုဒေါင်၊ စခန်းရုံးနှင့် ရိက္ခာဂိုဒေါင် တို့လည်း မီးလောင်ပေါက်ကွဲခဲ့ကြောင်း Chindwin Rocket Brother -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် မုံရွာမြို့နယ်…
-
ရန်သူစစ်ကောင်စီဘက်က ငွေကြေးသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ KNDF ဒုစစ်ဦးချုပ် ပြော
ရန်သူစစ်ကောင်စီဘက်က ငွေကြေးသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ KNDF ဒုစစ်ဦးချုပ် ပြော ============== ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက် Radio NUG ရန်သူစစ်ကောင်စီဘက်က ငွေကြေးအင်အားသုံးပြီး တန်ပြန်ထောက်လှန်းနေတာတွေကို သတိပြုဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဒုစစ်ဦးချုပ် မာဝီက သတိပေးပြောကြားလိုက်ပါတယ်။ ရန်သူတွေဟာ မိတ်ဆွေယောင်ဆောင်တတ်တဲ့အလေ့အကျင့်ရှိတာကြောင့် KNDF ဒုစစ်ဦးချုပ်က KNDF ရဲဘော်တွေနဲ့ အခြားသောတော်လှန်ရေးတပ်တွေက ရဲဘော်တွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ တကယ့်စိတ်ရင်းနဲ့ ကူညီပေးနေသူတွေကြားမှာ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဘက်က ငွေကြေးအင်အားသုံးပြီး ဝတ်စုံဖိုးနဲ့ ထမင်းဖိုးထောက်ပံ့ကာ သတင်းထောက်လှန်နေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ အချို့ကလာလိမ့်မယ် ရှေ့တန်းဘယ်နေရာအတွက် ဟင်းလေးလှူချင်လို့ ထမင်းကျွေးချင်လို့ လူဦးရေ ဘယ်လောက်ရှိလဲ ဆိုပြီး မင်းတို့ငါတို့ကလည်း…
-
ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဇွန် ၂၉ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော စစ်င်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ၃ နေရာခွဲ၍ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi) နှင့်အတူ မဟာမိတ်ညီနောင်များက ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း…
-
မင်းအောင်လှိုင် ဘယ်လာရုစ်သို့ သွားရောက်စဉ် မိန်းမ ကြူကြူလှကို မမြင်တွေ့ရဘဲ ရုရှားရောက်ရှိချိန်မှ လင်စုံ မယားဖက် နှစ်ကိုယ်တူ ပွဲထွက်ပြ 🟥 နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော MAI Airbus A 319 လေယာဉ်ကို မင်းအောင်လှိုင်မိသားစုအတွက် လိုသလို ခေါက်တုံ့ ခေါက်ပြန်ပျံသန်း အသုံးပြုနေဟုဆို
မင်းအောင်လှိုင် ဘယ်လာရုစ်သို့ သွားရောက်စဉ် မိန်းမ ကြူကြူလှကို မမြင်တွေ့ရဘဲ ရုရှားရောက်ရှိချိန်မှ လင်စုံ မယားဖက် နှစ်ကိုယ်တူ ပွဲထွက်ပြ 🟥 နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော MAI Airbus A 319 လေယာဉ်ကို မင်းအောင်လှိုင်မိသားစုအတွက် လိုသလို ခေါက်တုံ့ ခေါက်ပြန်ပျံသန်း အသုံးပြုနေဟုဆို ရန်ကုန်၊ ဇွန် ၂၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့မှစတင်၍ ဘယ်လာရုစ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ထိုသို့ ထွက်ခွာချိန်က မိန်းမ ကြူကြူလှကို မမြင်တွေ့ရဘဲ ဇွန်လ ၂၈ ရက်နေ့ ရုရှားနိုင်ငံ၊ Buryatai ပြည်နယ်ရောက်ရှိချိန်တွင် မင်းအောင် လှိုင်က မိန်းမ ကြူကြူလှနှင့်အတူ လင်စုံမယားဖက် နှစ်ကိုယ်တူပွဲထွက်လာသည်။ မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံတွင် ဇွန်လ…
-
စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ချိန် ယမန်နေ့ညသန်းခေါင်ယံအချိန်နှင့် ယနေ့နံနက်အစောပိုင်း ငလျင် ၂ ကြိမ်လှုပ်ခတ်ပြန် ၊ မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြစ်သားနှင့်မြို့ကြီးတချို့တွင် ပြည်သူများ ထိတ်လန့်
စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ချိန် ယမန်နေ့ညသန်းခေါင်ယံအချိန်နှင့် ယနေ့နံနက်အစောပိုင်း ငလျင် ၂ ကြိမ်လှုပ်ခတ်ပြန် ၊ မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြစ်သားနှင့်မြို့ကြီးတချို့တွင် ပြည်သူများ ထိတ်လန့် ရန်ကုန်၊ ဇွန် ၂၉ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး ၃ လပြည့်ချိန် ယမန်နေ့ ညသန်းခေါင်ယံအချိန်နှင့် ယနေ့ နံနက်အစောပိုင်း အင်အားအသင့်အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် သက်ဆိုင်ရာ၏ ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၃၁ မိနစ်အချိန် တွင်လည်းကောင်း၊ ယနေ့…
-
မြစ်သားမြို့အနီးမြေငလျင်လှုပ်၊ သိသိသာသာခံစားလိုက်ရ
မြစ်သားမြို့အနီးမြေငလျင်လှုပ်၊ သိသိသာသာခံစားလိုက်ရ ဇွန်-၂၉၊၂၀၂၅။အိမ်သွင်/People’s Spring မန္တလေးတိုင်း၊ မြစ်သားမြို့အနီးတွင် မြေအနက် ၆မိုင်ခန့်ကို ဗဟိုပြု၍ရစ်ခ်တာစကေး ၄ဒဿမ၈ အဆင့်ရှိ နောက်ဆက်တွဲမြေငလျင်လှုပ်ရှားသွားရာနေအိမ်အဆောက်အအုံများ သိသိသာသာလှုပ်ရမ်းသွားသည်။ စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး သုံးလပြည့်ပြီးနာရီပိုင်းအလွန်တွင် နောက်ဆက်တွဲမြေငလျင်မှာ ဇွန်လ ၂၉ ရက်နံနက် ၁နာရီထိုးကာနီး ၌လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး မြစ်သားမြို့အပြင် ကျောက်ဆည်၊ ဝမ်းတွင်း၊ မန္တလေးမြို့တို့တွင် ပါသိသိသာသာခံစားခဲ့ရကြောင်းလည်း ဒေသခံများကပြောသည်။ “အသံပါ ကြားပြီး လှုပ်တာပဲ။ နေရတာ မကောင်းဘူး။ ငလျင် ဘယ်တော့ လှုပ်မလဲလို့ နာရီနဲ့အမျှ စိုးရိမ်နေရတယ်”ဟု ကျောက်ဆည်မြို့ခံတစ်ဦးကပြောသည်။ အဆိုပါငလျင်မလှုပ်ခင်နာရီပိုင်းအလိုတွင် နေပြည် တော်၌ ရစ်ခ်တာစကေး ၂ဒဿမ၉၊ မန္တလေးမြို့အနီး၌ ရစ်ခ်တာစကေး ၃ဒဿမ၉အဆင့်ငလျင်ငယ်များလှုပ်ခဲ့သည်။ ထိုနှစ်ကြိမ်စလုံးတွင်လည်းငလျင်အင်အားနည်းသော်လည်း လှုပ်ရှားမှုသိသာခဲ့သည်ဟု ဒေသခံများကပြောသည်။ မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခဲ့သည့် သုံးလပြည့်နေ့တွင် ငလျင်မကြာခဏလှုပ်ရှားနေ၍ ဘေးသင့်ဒေသမှပြည်သူများ…
-
ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး
ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး ဇွန် ၂၈ ၊ ၂၀၂၅ ဖယ်ခုံမြို့ကိုရရင် အိမ်သာပါမချန် မီးရှို့သွားမယ်လို့ ခြိမ်းခြောက်ကြွေးကြော်ထားတဲ့ PNA ပြည်သူ့စစ် တပ်ခွဲမှူး နောင့်စိုင်းဆိုသူဟာ တိုက်ပွဲအတွင်း ဒရုန်းဗုံးထိပြီး သေဆုံးသွားကြောင်း ဖယ်ခုံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ခြမ်းက ဆောင်နန်းခဲရွာမှာ စစ်ကောင်စီနဲ့ PNO/ PNA ပြည်သူ့စစ်အဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားနေချိန် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း PNA တပ်ခွဲမှူး နောင့်စိုင်း ဆိုသူ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ PNA…
-
-
ပြည်ပရောက် နွေဦးတော်လှန်ရေးထောက်ပို့များ၏ ဘဏ်စာရင်းများကို စုံစမ်းခိုင်းနေပြီး ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားပြန်
ပြည်ပရောက် နွေဦးတော်လှန်ရေးထောက်ပို့များ၏ ဘဏ်စာရင်းများကို စုံစမ်းခိုင်းနေပြီး ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားပြန် ရန်ကုန်၊ ဇွန် ၂၈ ပြည်ပရောက် နွေဦးတော်လှန်ရေးထောက်ပို့များ၏ ဘဏ်စာရင်းများ၊ ဖွင့်လှစ်ထားသည့် ဘဏ်များကို အတိ အကျ သိရှိနိုင်ရန် စုံစမ်းခိုင်းနေပြီး ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ပြည်ပရောက် သံရုံးဝန်များ၊ နေပြည်တော်ရှိ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ထောက် လှမ်းရေး အပါအဝင် ဌာနပေါင်းစုံသို့ ပြည်ပရောက် တော်လှန်ရေးထောက်ပို့များ၏ ဘဏ်စာရင်းများနှင့် ငွေကြေးစီးဆင်းပုံသည့် ပုံစံများကို စိစစ်ဖော်ထုတ်ရန် ညွှန်ကြားလာကြောင်း၊ ပြည်ပတွင် ငွေစာရင်းဖွင့်လှစ်ထားသော ဘဏ်နာမည်၊ ဘဏ်စာရင်းများနှင့်ငွေကြေးလည်ပတ်ပုံများကို စုံစမ်း၍ အမြန်ဆုံး ပြန်လည် တင်ပြရန် စေခိုင်းနေကြောင်း သိရှိရသည်။ ထို့ပြင်…
-
ဘယ်လာရုစ်က မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထား၊ မြန်မာစစ်ဘက် ဝန်ထမ်းများအားလည်း လေ့ကျင့်သင်ကြားပေးနေ
ဘယ်လာရုစ်က မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထား၊ မြန်မာစစ်ဘက် ဝန်ထမ်းများအားလည်း လေ့ကျင့်သင်ကြားပေးနေ ရန်ကုန်၊ ဇွန် ၂၈ အာဏာရှင် လူကာရှန်ကို ဦးဆောင်သည့် ဘယ်လာရုစ်အစိုးရသည် မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ရောင်းချထားပြီး၊ မြန်မာစစ်ဘက်ဝန်ထမ်းများအား ဘယ်လာရုစ်တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးနေကြောင်း Justice For Myanmar (JFM) အဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များအကြား ပေးစာများအရ ဘယ်လာရုစ်အာဏာပိုင်များသည် မြန်မာ့စစ်အုပ်စုအတွက် လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာ၊ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများ လွှဲပြောင်းပေးထားသည့် အထောက်အထားများ ရရှိထားကြောင်း Justice For Myanmar ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်အတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသော အဆိုပါ လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ်ကို…