Category: News
-
မန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ်
မန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေး၊အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရပြီး ပြည်သူများ ထိတ်လန့်တုန်လှုပ် ရန်ကုန်၊ ဧပြီ ၁၇ ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းမြို့နှင့် ပြင်ဦးလွင်မြို့များတွင် သိသာစွာ ခံစားရ ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂ မိနစ်အချိန် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့ တောင်-…
-
စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဟု NUG ယာယီသမ္မတက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်း
စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဟု NUG ယာယီသမ္မတက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်း ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ စစ်ကောင်စီသည် နိုင်ငံသမိုင်းတစ်လျှောက်တွင်…
-
အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေး
အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပေး ရန်ကုန်၊ ဧပြီ ၁၇ အကြမ်းဖက်စစ်ကောင်စီက အကျဉ်းသားအကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၁၃ ဦးတို့ကို ယနေ့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်သည်။ ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက်တစ်ကြိမ် ပြစ်မှုကျူး လွန်ပါက သက်သာခွင့်ပေးထားသည့် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဆိုသော သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီက အခြားသော အကျဉ်းသားအကျဉ်းသူများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ယနေ့ ထုတ်ပြန်ကြေညာထားသည်။ အကြမ်းဖက် မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံရန်ရှိနေပြီး ယင်းတွေ့ဆုံမှုတွင် အသိ…
-
စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ
စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဧပြီ ၁၄ ရက်က စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နောက်ဆုံးအစီရင်ခံစာအရ ငလျင်ဘေးသင့်သူများ ယာယီပြောင်းရွှေ့ အိမ်ထောင်စုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု စာရင်း အချက်အလက်အရ နေပြည်တော်၌ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုပေါင်း ၂၇,၀၀၀စုခန့်ရှိနေသည်။ ငလျင်ဒဏ်သင့်၍ နေပြည်တော်၌ စစ်ကောင်စီ၏ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် ယာယီရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ စုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု ၂၃,၈၅၆ စုရှိကြောင်း ဖော်ပြသည်။ မန္တလေးတိုင်းတွင်…
-
နှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ် ငန်းများ ပြန်လည် တည်ဆောက်ရေး အားသွန်ခွန်စိုက် လုပ်ရတော့မည်ဟု မင်းအောင်လှိုင် ပြော
နှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ် ငန်းများ ပြန်လည် တည်ဆောက်ရေး အားသွန်ခွန်စိုက် လုပ်ရတော့မည်ဟု မင်းအောင်လှိုင် ပြော ရန်ကုန်၊ ဧပြီ ၁၇ မြန်မာနှစ်သစ်တွင် ငလျင်ဒဏ်ကြောင့် အစိုးရရုံးဌာနများ ပြန်လည် တည်ဆောက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည် တည်ဆောက်ရေး လုပ်ဆောင်ရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ မင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်သော နှစ်သစ်ကူး စကားအဖြစ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ယင်း သို့ ပြောဆိုထားခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ အလွန် အပျက်အစီးများပြားခဲ့သော်လည်း စစ်ကောင်စီက အပျက်အစီးသတင်းများကို ထုတ်ပြန်ခဲ့ခြင်းမပြုရာမှ ယခုနောက်ဆုံးတွင် ငလျင်ကြောင့် အပျက်အစီးကြီးမားခဲ့သော…
-
အစိုးရဘဏ္ဍာရန်ပုံငွေ၏ ၉၄ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍ၌ အသုံးပြုခဲ့ဟု NUG ထုတ်ပြန် ◾️လက်နက်ခဲယမ်းမီးကျောက်၊ ဘဏ္ဍာရန်ပုံငွေ ရရှိရေးလိုအပ်ချက်နှင့် စိန်ခေါ်မှုများ ရှိသော်လည်း လူထုပူးပေါင်းပါဝင်မှု၊ မဟာမိတ်များ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ကျော်လွှားဟု အသိပေး
အစိုးရဘဏ္ဍာရန်ပုံငွေ၏ ၉၄ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍ၌ အသုံးပြုခဲ့ဟု NUG ထုတ်ပြန် ◾️လက်နက်ခဲယမ်းမီးကျောက်၊ ဘဏ္ဍာရန်ပုံငွေ ရရှိရေးလိုအပ်ချက်နှင့် စိန်ခေါ်မှုများ ရှိသော်လည်း လူထုပူးပေါင်းပါဝင်မှု၊ မဟာမိတ်များ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ကျော်လွှားဟု အသိပေး ◾️မြို့နယ်(၁၈၃)ခုတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကောင်းစွာ ဖွဲ့စည်းလည်ပတ်လျက်ရှိ ထုတ်ပြန် ဧပြီ ၁၆၊၂၀၂၅။ ဟန်နွေ/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ဘဏ္ဍာရန်ပုံငွေ၏ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကြောင်း NUGက အသိပေး ထုတ်ပြန်သည်။ NUG ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ခဲ့ရာ စစ်ရေးကဏ္ဍနှင့်ပတ်သက်သည့် ရှင်းလင်းချက်တွင် အထက်ပါအတိုင်း အသိပေးသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ယနေ့ လေးနှစ်ပြည့်ခဲ့ပြီး စာမျက်နှာ ၅၇ မျက်နှာရှိသည့် NUG၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။…
-
ပြည်သူကို သတ်ဖြတ်ပြီး လူထုကို ကိုယ်စားမပြုသော မင်းအောင်လှိုင်ကို အာဆီယံက တွေ့ဆုံမည့်အပေါ် NUG ၊ KNU ၊ CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေး အင်အားစုများက ကန့်ကွက်
ပြည်သူကို သတ်ဖြတ်ပြီး လူထုကို ကိုယ်စားမပြုသော မင်းအောင်လှိုင်ကို အာဆီယံက တွေ့ဆုံမည့်အပေါ် NUG ၊ KNU ၊ CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေး အင်အားစုများက ကန့်ကွက် ရန်ကုန်၊ ဧပြီ ၁၆ မြန်မာပြည်သူများကို ငလျင်ဘေးသင့်ချိန်နှင့် သင်္ကြန်နှစ်သစ်ကူးကာလပါ မကျန် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်မှာ လူထုကို ကိုယ်စားပြုခြင်းမရှိ၍ အာဆီယံက တွေ့ဆုံမည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကရင်အမျိုးသားအစည်းအရုံး-KNU ၊ချင်းအမျိုးသားတပ်ဦး- CNF ၊ ABSDF ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများ ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ-WLB၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့…
-
ဖားကန့်မြို့နယ်၊ လဝကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား
ဖားကန့်မြို့နယ်၊ လဝကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား ရန်ကုန်၊ ဧပြီ ၁၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လဝကျေးရွာအနီး စစ်ကောင်စီတပ်များနှင့် KIA တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှု များပြားနေကြောင်း KIA သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၁၃ ရက်နေ့၊ ဧပြီလ ၁၄ ရက်နေ့ နှင့် ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းအဖွဲ့များက စစ် ကြောင်းထိုးလာ၍ KIA တပ်များနှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။ “မနေ့ (ဧပြီလ ၁၅ ရက်နေ့) က လဝါး…
-
မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံ 🟥တန်ဖိုးကြီးကျောက်စိမ်းပါ အိတ် ပျောက်ဆုံးနေမှု ရှာဖွေပေးရန် ဂရိတ်ဝေါဟိုတယ်ကိုတောင်းဆိုသော်လည်း ပြန်မရ
မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံ 🟥တန်ဖိုးကြီးကျောက်စိမ်းပါ အိတ် ပျောက်ဆုံးနေမှု ရှာဖွေပေးရန် ဂရိတ်ဝေါဟိုတယ်ကိုတောင်းဆိုသော်လည်း ပြန်မရ ရန်ကုန်၊ ဧပြီ ၁၆ မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံကြောင်း ကာယကံရှင် ကိုယ်တိုင်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်မှာ ပြိုကျသွားခဲ့ကြောင်း၊ ထိုသို့…
-
ကလေးမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းငါးခုကို Major Operationအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက် ◾️လက်နက်ခဲယမ်းအများအပြားသိမ်းရ ◾️တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၁,၀၀၀ကျော် ပြုလုပ်
ကလေးမြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းငါးခုကို Major Operationအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက် ◾️လက်နက်ခဲယမ်းအများအပြားသိမ်းရ ◾️တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၁,၀၀၀ကျော် ပြုလုပ် ◾️CDF-KKG Major Operation ဆက်ရှိနေမည် ◾️ကလေး-ဂန့်ဂေါလမ်းပိုင်းကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများဆက်လက်တိုက်ခိုက်မည်ဟု သတိပေး ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေးနှင့် မကွေးတိုင်း ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအား Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ကြောင်း CDF-KKG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ CDF-KKG Major Operationကို ၂၀၂၄အတွင်း စုဖွဲ့လေ့ကျင့်မှုစတင်ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီတွင် စတင်ဖော်ဆောင်ခဲ့သည်။ ကလေးနှင့် ဂန့်ဂေါလမ်းပိုင်းကြားရှိ စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်)…