Category: News

  • မှော်ဘီမြို့မရဲစခန်းအား တိုက်ခိုက်

    မှော်ဘီမြို့မရဲစခန်းအား တိုက်ခိုက်

    by

    in

    မှော်ဘီမြို့မရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို YT မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းမကြီးထောင့်ရှိ မှော်ဘီမြို့မရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ထံက သိရသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မှော်ဘီမြို့မရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးတွင် လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ ရဲတဦး ထိခိုက်မှုရှိကြောင်း YA မှ တာဝန်ရှိသူတဦးက ပြောသည်။ “ တိုက်ခိုက်တဲ့အချိန် ရဲတကောင်ထိသွားတာတွေ့တယ်။ ဖြစ်ပြီးနာရီဝက်အကျော်လောက်မှာ လမ်းတွေပိတ်စစ်ဆေးမူတွေ လုပ်နေကြအတိုင်း ပုံမှန်လုပ်တယ်။ အခုမနက်သွားကြည့်တော့ ဘာမှမဖြစ်ခဲ့သလို သရုပ်ဆောင်ထားပါတယ်” ဟု Yangon Army (YA)…

  • နောင်ချိုမြို့သို့  စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ

    နောင်ချိုမြို့သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ

    by

    in

    နောင်ချိုမြို့သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ ရန်ကုန်၊ ဇွန် ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်က စစ်မှုထမ်းတပ်သား သစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေပြီး စစ်တပ်ထဲမှ ထွက်ပြေးနေသည့် စစ်သားများကိုလည်း ကယ်ထုတ်ပေးနေရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် -DPLA တပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များ၊ ပြင်ဦးလွင်စစ်သင်တန်းကျောင်းမှ ကျောင်းဆင်းစစ်သားများကို အသုံးပြု၍ ပြင်ဦးလွင်မြို့နယ်ဘက်မှ တောင်ခမ်းဘက်မှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်လျက်ရှိရာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့် TNLA နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက် နေကြောင်းဖြစ်ကြောင်း သိရသည်။ “ဆေးကျွေးပြီး နောက်ကနေ အမိန့်ပေးတက်ခိုင်းတော့ အစုလိုက်အပြုံလိုက်တက်၊…

  • ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ

    ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ

    by

    in

    ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှု ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာ ရန်ကုန်၊ ဇွန် ၂၈ ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်နှင့် အမြန်လမ်းနှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်နှင့်ရဲများ၏ ငွေတောင်းရမ်းမှုများ ဆိုးရွားလာသည့်အပြင် ပြည်သူများကို ရိုက်နှက်ဆဲဆိုသည့်အထိ ရမ်းကားလာကြောင်း ခရီးသွားပြည်သူအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ရန်ကုန်တိုင်းအဝင် အမှတ် ၃ ဂိတ်တွင်လည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းအဝင်နှင့်ပဲခူးလမ်းဟောင်း လမ်းဆုံဂိတ်တို့တွင် စစ်တပ်၊ ရဲ၊ ယာဉ်ထိန်းရဲ၊ လ၀က ၊ စည်ပင် အပါအဝင် ဌာနပေါင်းစုံက ဂိတ်ချထားကြောင်း ယင်းဂိတ်များတွင် ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ်ဆေးခြင်း၊ မော်တော်ယာဉ်များကို စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း၊ ခရီးသွားပြည်သူများ၏ မှတ်ပုံတင်များကို Person Scrutinization…

  • နောင်ချိုတိုက်ပွဲပြင်းထန်၊ စစ်​ကောင်စီတပ်  ထိခိုက်မှုများဟု DPLA ​ပြော ■စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို

    နောင်ချိုတိုက်ပွဲပြင်းထန်၊ စစ်​ကောင်စီတပ် ထိခိုက်မှုများဟု DPLA ​ပြော ■စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို

    by

    in

    နောင်ချိုတိုက်ပွဲပြင်းထန်၊ စစ်​ကောင်စီတပ် ထိခိုက်မှုများဟု DPLA ​ပြော ■စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို ဇွန်-၂၇၊၂၀၂၅၊DEE/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာ ဒီကနေ့ တနေကုန်တိုက်ပွဲပြင်းနေပြီး စစ်ကောင်စီတပ် ထိခိုက်မှုများနေတယ်လို့ ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နောင်ချိုထိုးစစ်အတွက် ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီး အသုံးပြုနေတယ်လို့ DPLAရဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ “အင်အားတကယ်ချည့်နေပြီ။ စုပေါင်း၊စပ်ပေါင်းနဲ့ ဟန်ရေးလုပ်ဖို့၊ သိက္ခာဆယ်ဖို့ အသေခံထိုးခိုင်းနေတာ”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဇွန် ၂၇ ရက် နံနက်အ​စော၂နာရီခွဲကတည်းက တစ်​ နေ့လုံးတိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒီကနေ့မှာ လုံစံ၊လုံဝယ်၊ နောင်လင်၊ နောင်ဩ၊နောင်ဖာနဲ့ အုမ္မခါးကျေးရွာတွေမှာ…

  • သင်္ဘောသားအလုပ်အကိုင်ဖြင့် စစ်မှုထမ်းတိမ်း ရှောင်ရန် ပြည်ပသို့ ထွက်ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ကျော်လွန်လျှင် သင်္ဘောသားလုပ်ခွင့်မပြုတော့ဟု ပိတ်ပင်တားမြစ်

    သင်္ဘောသားအလုပ်အကိုင်ဖြင့် စစ်မှုထမ်းတိမ်း ရှောင်ရန် ပြည်ပသို့ ထွက်ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ကျော်လွန်လျှင် သင်္ဘောသားလုပ်ခွင့်မပြုတော့ဟု ပိတ်ပင်တားမြစ်

    by

    in

    သင်္ဘောသားအလုပ်အကိုင်ဖြင့် စစ်မှုထမ်းတိမ်း ရှောင်ရန် ပြည်ပသို့ ထွက်ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ကျော်လွန်လျှင် သင်္ဘောသားလုပ်ခွင့်မပြုတော့ဟု ပိတ်ပင်တားမြစ် ရန်ကုန်၊ ဇွန် ၂၈ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များက သင်္ဘောသားအလုပ် အကိုင်ဖြင့် စစ်မှုထမ်းတိမ်းရှောင်ရန် ပြည်ပသို့ ထွက် ခွာသူများပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်ထက်ကျော်လွန်သူများကို သင်္ဘော သားအလုပ်အကိုင် လုပ်ကိုင်ခွင့် မပေးတော့ဘဲ တရားဝင် ပိတ်ပင်လိုက် ကြောင်း ရန်ကုန်မြို့ အခြေစိုက်သင်္ဘောသားအလုပ်အကိုင်အေဂျင်စီသင်တန်းကျောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လာမည့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ အသက် ၂၅ နှစ်အထက် လူငယ်များအားလုံး သင်္ဘောသားအလုပ်အကိုင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ…

  • နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က  ပန်ကြား

    နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ပန်ကြား

    by

    in

    နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ပန်ကြား ရန်ကုန်၊ ဇွန် ၂၇ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံက ဦးဆောင်သော Eurasian Economic Union (EAEU) တွင် အဖွဲ့ဝင် နိုင်ငံဖြစ်လိုကြောင်း အပြည်ပြည်ဆိုင်ရာ၏ အရေးယူဒဏ်ခတ်မှုခံနေရသော မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ဥရောပ – အာရှစီးပွားရေးသမဂ္ဂ- Eurasian Economic Union (EAEU)…

  • စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ  ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

    စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော

    by

    in

    စစ်ကောင်စီထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့ရွေး ကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်မပြုဖို့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သတိ​ပေး ■စစ်ကောင်စီဟာဆက်ပြီးရပ်တည်ဖို့လက်နက် ၊ငွေကြေး နဲ့ တရားဝင်မှုဆိုတဲ့လိုအပ်ချက်သုံးခု ရှိပြီး အဲဒီအရာတွေ စစ်ကောင်စီကိုမပေးအပ်ဘဲ ငြင်းဆန်ခြင်းအားဖြင့် မြန်မာပြည်သူတွေကိုကူ ညီနိုင်မှာဖြစ်ကြောင်းလည်းတွမ်အန်ဒရူးစ်​ပြော ဇွန်-၂၇၊၂၀၂၅။People’s Spring အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ အတု အယောင် တံလျှပ်တစ်ခုထက် မပိုဘူးလို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ်က သတိပေး ပြောကြားလိုက်ပါတယ်။ အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ လျာထားကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေရဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက် ရှာတာသာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီညီလာခံမတိုင်ခင်ဇွန်လ၂၅ ရက် နေ့မှာ တွမ်အန်ဒရူးစ်ကသတိပေးသွားခဲ့ပါတယ်။ စစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့အရပ်သားဒီမိုကရေစီအစိုးရဆီကနေ ၂၀၂၁…

  • ◼️ပုလောမြို့နယ် စစ်တပ်လက်ပါး‌‌စေ ပျူစခန်းကို PDF နဲ့ ပူးပေါင်းတပ် ၁၅ မိနစ်အတွင်း စီးနင်းသိမ်းပိုက်

    ◼️ပုလောမြို့နယ် စစ်တပ်လက်ပါး‌‌စေ ပျူစခန်းကို PDF နဲ့ ပူးပေါင်းတပ် ၁၅ မိနစ်အတွင်း စီးနင်းသိမ်းပိုက်

    by

    in

    ◼️ပုလောမြို့နယ် စစ်တပ်လက်ပါး‌‌စေ ပျူစခန်းကို PDF နဲ့ ပူးပေါင်းတပ် ၁၅ မိနစ်အတွင်း စီးနင်းသိမ်းပိုက် 🔹စကစအလောင်း ၃ လောင်း၊ လက်နက် ၅ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ ၂၇ ဇွန် ||| နွေဦးအသံ ||| တနင်္သာရီဒေသ၊ ပု‌လောမြို့နယ်၊ ကျောက္ကာရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၇ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ စီးနင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ကျောက္ကာကျေးရွာရှိ စကစလက်ပါးစေ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်ရာ ၁၅ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး ပျူစောထီးတွေ ကရောသောပါး ထွက်ပြေးသွားကြောင်းနဲ့ စကစတပ်ဖွဲ့ဝင် အလောင်း…

  • မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်တွင် ကွယ်လွန်သွားပြီး ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံသို့ ပြန်မပေး

    မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်တွင် ကွယ်လွန်သွားပြီး ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံသို့ ပြန်မပေး

    by

    in

    မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်တွင် ကွယ်လွန်သွားပြီး ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံသို့ ပြန်မပေး ရန်ကုန်၊ ဇွန် ၂၇ မန္တလေး အိုးဘိုထောင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသည့် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် အိုးဘိုထောင် ဆေးရုံတွင် ကျဆုံးသွားကြောင်း NLD ဗဟိုအလုပ်ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ရုတ်တရက် အမောဖောက်ကာ ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။ “မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုထောင် ဆေးရုံမှာကျဆုံးသွားပါတယ် ။ Dead…

  • ပြည်တွင်းစက်သုံးဆီ​ဈေးဆက်တက် ၊နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ကျပ်​ဈေးတက်

    ပြည်တွင်းစက်သုံးဆီ​ဈေးဆက်တက် ၊နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ကျပ်​ဈေးတက်

    by

    in

    ပြည်တွင်းစက်သုံးဆီ​ဈေးဆက်တက် ၊နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ကျပ်​ဈေးတက် ဇွန်-၂၇၊၂၀၂၅။ရဲ​ခေါင်/People’s Spring ပြည်တွင်းစက်သုံးဆီစျေး မှာ စစ်​ကောင်စီ၏တ ရားဝင်သတ်မှတ်ချက်အရပင် ဇွန်လ​နောက်ဆုံးပါတ်တွင် တစ်လီတာ ကျပ် ၂၀၀ ကျော် စျေးထပ်တက်လာပြီး နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ​ကျပ်ဈေးတက်လာသည်။ စစ်​ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကောမတီကဇွန် ၂၇ ရက်တွင်သတ်မှတ်​သော ရည်ညွှန်းစျေးများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၁၄၀ကျပ်၊၉၅တစ်လီတာ၃,၂၁၀ ကျပ် ၊ဒီဇယ် တစ်လီတာ ၂,၇၃၀ကျပ်၊ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃,၃၈၅ကျပ် ဖြစ်သည်။ ထိုစျေးများသည်ဇွန် ၂၆ ရက်နှင့်နှိုင်းယှဥ်ပါက တစ်လီတာ ကျပ် ၂၀၀ ကျော်စီ တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်ပသွင်းကုန် စက်သုံးဆီသည် ဇွန်လ ဒုတိယပတ်က အရှေ့အလယ်ပိုင်းဒေသ အစ္စရေး-အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးတက်ခဲ့ပြီးပြည် တွင်းစက်သုံးဆီစျေးသည်…