Category: News
-
စစ်ကောင်စီနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် လားရှိုးမြို့ထဲရောက်နေပေမယ့် မြန်မာ့အရေးကြားဝင်မစွက်ဘူးလို့ တရုတ် ထပ်ပြောပြန်
စစ်ကောင်စီနဲ့အတူ တရုတ်အထူးကိုယ်စားလှယ် လားရှိုးမြို့ထဲရောက်နေပေမယ့် မြန်မာ့အရေးကြားဝင်မစွက်ဘူးလို့ တရုတ် ထပ်ပြောပြန် ဧပြီ-၂၁၊၂၀၂၅။အီယိုရီ/People’s Spring လားရှိူးမြို့ထဲ စစ်ကောင်စီ ပြန်လည်ဝင်ရောက် လာနိုင်ဖို့ တရုတ်က ဖိအားပေးခဲ့ပေမယ့် ‘တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၁ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာနကမေးမြန်းမှုကို Guo Jiakun က တရုတ်ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ဘူးလို့ထပ်မံပြောကြားခဲ့တာ ပါ။ MNDAA နဲ့မဟာမိတ်တွေက၂၀၂၄ ခုနှစ်ဩဂုတ် လဆန်းမှာရှမ်းပြည်မြောက်ပိုင်း၊လားရှိူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၉ လနီးပါးအကြာ ထိန်း ချုပ်နိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့တရစပ်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်ဒီဧပြီလထဲမှာဆုတ်ခွါပေးရပါတယ်။ ဧပြီ ၁၈ရက်မှာတော့စစ်ကောင်စီတပ်တွေ၊ဝန်ထမ်းတွေလားရှိုးမြို့ထဲစတင်ဝင်ရောက်လာပြီး လက်ရှိမှာ တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှီကျွင်းကိုယ်တိုင် လားရှိူးမြို့မှာ ရှိနေကာ…
-
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည် 🟥 အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ သို့ Red Alert အဖြစ် ပေးပို့ထား
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည် 🟥 အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ သို့ Red Alert အဖြစ် ပေးပို့ထား ရန်ကုန်၊ ဧပြီ ၂၁ အကြမ်းဖက် မင်းအောင်လှိုင်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ရေး လုပ် ငန်း စဉ်မှာ ဆက်လက် သွားနေပြီး မကြာမီ မင်းအောင်လှိုင်အတွက် ICC ဖမ်း၀ရမ်းထွက်ရှိလာမည်ဖြစ် ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထုတ်ဖော်ပြောဆိုသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ…
-
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး
ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၂၁ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း P2-3703 Fire Dragon (မီးနဂါး) စစ်ကြောင်းက ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အတွင်းကို ဒရုန်း၊ လေကြောင်းတို့ဖြင့် ပစ်ကူပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း…
-
ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ
ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်မိ ရန်ကုန်၊ ဧပြီ ၂၁ မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူးသီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅…
-
ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာများကို ဗုံးကျဲနေ၍ လေယာဉ်ပစ်အမြောက်များကို ထိုင်းစစ်တပ်က နယ်စပ်သို့ ရွှေ့ပြောင်း
ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာများကို ဗုံးကျဲနေ၍ လေယာဉ်ပစ်အမြောက်များကို ထိုင်းစစ်တပ်က နယ်စပ်သို့ ရွှေ့ပြောင်း ရန်ကုန်၊ ဧပြီ ၂၁ ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာများကို ဗုံးကျဲနေ၍ လေယာဉ်ပစ်အမြောက်များကို ထိုင်းစစ်တပ်က ရွှေ့ပြောင်းနေကြောင်း ထိုင်းအခြေစိုက် Khaosod English က သတင်းဖော်ပြသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က ထိုင်းနယ်စပ် ကနချနဘူရီခရိုင် အနီးတွင် ဗုံးများမကျဲချရန် ထိုင်းနိုင်ငံ၏ သတိပေးချက်ကို လျစ်လျူရှုနေကြောင်း၊ ယနေ့နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ လေယာဉ်များက ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းများသို့ ဗုံး ၁၀ လုံးဝန်းကျင် ကျဲချသွားခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ယခုအခါ ထိုင်းနိုင်ငံတကာ လေယာဉ်ပစ်အမြောက်များကို ထိုင်းနယ်စပ်အနီးသို့ ရွှေ့ပြောင်းနေပြီး ထိုင်းနိုင်ငံ၏…
-
ကလေးမြို့ တောင်ပိုင်းရှိ စစ်တပ်နှင့် ပျူစောထီး စခန်း ၅ ခု တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၅၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ
ကလေးမြို့ တောင်ပိုင်းရှိ စစ်တပ်နှင့် ပျူစောထီး စခန်း ၅ ခု တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၅၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ ဧပြီ ၂၁ စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ စစ်နှင့် ပျူစောထီး စခန်း ၅ ခု သိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်သားအလောင်း ၅၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – KKG ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင်က CDF-KKG Major Operations နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် CDF-KKG Major Operations နှင့် ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲကို CNF/…
-
ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ
ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ရန်ကုန်၊ ဧပြီ ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သား ၁၀၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့ ညနေ ၃ နာရီမှစတင်၍ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်း သိမ်းတိုက်ပွဲကို စတင်ခဲ့ပြီး ၈ ရက်ခန့် ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင်…
-
နေပြည်တော်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ်ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံး
နေပြည်တော်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ်ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံး ရန်ကုန်၊ ဧပြီ ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကပစ-၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ်အောင်ဇော်နိုင်နှင့်ရဲဒုတပ် ကြပ် ထွန်းပြည့်စုံတို့ကို ငွေကျပ် သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိသော်လည်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ၃ ဦး စလုံး သေဆုံး သွားကြောင်း အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF – PLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ ဌာနချုပ်ရုံးစိုက်ရာ…
-
ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)
ဘော်လခဲမြို့နယ်ရှိ စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ) ဧပြီ ၂၁၊ ၂၀၂၅ ကရင်နီပြည် ဘော်လခဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝမ်မလန်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Bawlakhe PDF က ထုတ်ပြန်လိုက်ပါတယ်။ ဝမ်မလန်စခန်းကို မတ်လ ၃၀ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာသွားပြေးသွားတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီစခန်းကို မတ်လ ၂၈ ရက် မနက်ပိုင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲ ၂…
-
မြန်မာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
မြန်မာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ် ရန်ကုန်၊ ဧပြီ ၂၁ မြန်မာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် အကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆိုင်တို့၏ အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းရေးဖြင့် ကြားဝင်ခဲ့ကြောင်း၊ သို့ရာတွင် ကြားဝင်မှု ရလဒ်အနေဖြင့် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ကျူးလွန်နေသော လုပ်ရပ်များကို ကြည့်ရန် လိုကြောင်း၊ မင်းအောင်လှိုင်က အမှားများ ဆက်…