Category: News
-
အမှတ်(၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)
အမှတ်(၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း) နိုဝင်ဘာ ၁၀ ၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ရင်းက တာဝန်ရှိသူတွေ၊ တပ်ခွဲမှူးတွေ၊ ဦးစီးခေါင်းဆောင်တွေ အသီးသီးက ရဲဘော်တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းက ထူးချွန်ရဲဘော်တွေကို ဆုချီးမြှင့်ခြင်း၊ရဲဘော်၊ရဲမေတွေက သင်တန်းဆင်းရဲဘော်တွေကို ဖျော်ဖြေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခမ်းအနားကို လေကြောင်း လုံခြုံရေး…
-
တံတားဦးမြို့တွင် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွား
တံတားဦးမြို့တွင် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွား ရန်ကုန်၊ နိုဝင်ဘာ ၁၀ မန္တလေးတိုင်း၊ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်၍ တံတားဦးမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးသန်းနိုင်ဦး ဦးဆောင်၍ စစ်ကောင်စီ တပ်သားများက အမျိုးသမီးများ အပါအဝင် ပြည်သူ ၇၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း…
-
KIA ကဆော့လော်မြို့နယ် ၊လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်
KIA ကဆော့လော်မြို့နယ် ၊လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက် ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၁၀ရက်နေ့) မနက်တွင် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အသိပေးသည်။ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁) နယ်မြေကို ထိုးစစ်ဆင်နေသည့် KIAက နိုဝင်ဘာ ၄ရက်တွင် ချီဖွေမြို့နယ် ကန်ဖန့်ရွာကို သိမ်းပိုက်ပြီး တစ်ပတ်ခန့်အကြာတွင် လန်ဆယ်ရွာကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ သတင်းရင်းမြစ်တဦးက ခေါန်လန်ဖူး(ဌာနေ) ပြည် သူ့စစ် နယ်မြေ လန်ဆယ်ရွာအား နိုဝင်ဘာ ၁၀ရက် မနက် ၅နာရီ အချိန်ခန့်တွင် KIAက သိမ်းပိုက်နိုင်ခဲ့ပြီး လုံခြုံရေး နှင့် စည်းရုံးရေးဆောင်ရွက်နေကြောင်း အသိပေးထားသည်။ လန်ဆယ်ရွာ…
-
မြန်မာနိုင်ငံမှာထုတ်လုပ်မှုရပ်နားထားတာကြောင့် မြေရှားသတ္တုစျေးနှုန်းဆက်တိုက် မြင့်တက် ◾️ကိုးလအတွင်းတရုတ်က မြန်မာဆီကနေ မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ တင်သွင်းထားပြီး တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိရှိနေ
မြန်မာနိုင်ငံမှာထုတ်လုပ်မှုရပ်နားထားတာကြောင့် မြေရှားသတ္တုစျေးနှုန်းဆက်တိုက် မြင့်တက် ◾️ကိုးလအတွင်းတရုတ်က မြန်မာဆီကနေ မြေရှားသတ္တုတန်ချိန် ၃၁၀၀၀ တင်သွင်းထားပြီး တရုတ်ရဲ့ ပြည်ပကနေ ဝယ်ယူမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိရှိနေ -People’s Spring မြန်မာ့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာ စျေးကွက်ထဲမှာ မြေရှားသတ္တု (REM)တွေ ဆက်ပြီး စျေးတက်လိမ့်မယ်လို့ စျေးကွက် လေ့လာသူတွေက ခန့်မှန်းကြတယ်လို့ Global Times သတင်းဌာနကဖော်ပြပါတယ် ။ တရုတ်အစိုးရအာဘော်သတင်းဌာန ဖြစ်တဲ့ Global Times ကမြန်မာပြည်တွင်းရေး မတာ်မငြိမ်မှုကြောင့်လို့ ဆိုပေမယ့် ကချင်ပြည်နယ်မှာ မြေရှားသတ္ထုတွေ အဓိကထွက်ရှိတဲ့ ပန်ဝါ ၊ ချီဖွေ ၊ဆော့လော် ၊ဖီမော် စတဲ့ ဒေသတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က စစ်တပ်နဲ့ နယ်ခြားစောင့် တပ်စခန်းတွေ ၊မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး…
-
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ပြော
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးလိုလျင် အချက် ၂ ချက် လိုက်နာရမည်ဟု TNLA ပြော ▪︎”နံပတ် ၁ အချက်က ကျွန်မတို့ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ရမှာဖြစ်ပါတယ်။ နံပတ် ၂ အချက်က စစ်ကောင်စီဟာ လက်ရှိမြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့မှ နိုင်ငံရေးကနေ ထွက်ခွာမယ်ဆိုရင် ကျွန်မတို့ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရှိပါတယ်” -လွေးယေဦး (TNLAပြောရေးဆိုခွင့်ရှိသူ) နေ့သစ်/People’s Spring အာဏာသိမ်းခေါင်းဆောင်က ညီနောင်မဟာမိတ်သုံးဖွဲ့အား ငြိမ်းချမ်းရေးကို အမှန်တကယ်ရချင်သည့် စိတ်ရင်းအမှန်ရှိရန် လိုအပ်သည်ဟုပြောဆိုပြီးနောက် စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ရလိုပါကလိုက်နာရမည့်အချက်နှစ်ချက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring သို့ ပြောသည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့်…
-
ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား
ရခိုင်ပြည်၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်ပေးညွှန်ကြား ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တပ်ရင်းများ၊ ကာကင်းစခန်းများ၊ ဗျူဟာကုန်းများ၊ သင်တန်းကျောင်း အများအပြား သိမ်းပိုက်ခံထားရကြောင်း၊ လက်နက်ချ အလင်းဝင်သူများလည်းရှိနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA ၏ လက်ထဲသို့ ကျရောက်မည့်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းက မည်သည့်အကြောင်းနှင့်မျှ၊ မည်သည့်နည်းနှင့်မှ နပခကို စွန့်ခွာခြင်းမပြုကြရန်၊ လုံး၀ လက်လွှတ်မခံကြရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လိုအပ်တဲ့စစ်ကူ၊ လေကြောင်းပစ်ကူ၊…
-
ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး
ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၇ရက် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ ပုဂံတောင်ရှိ အမြောက်တပ်စခန်းနှင့် တိုင်ကျိုးရှိ စစ်ကောင်စီ အထိုင်ချစခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။ ပုဂံတောင်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် AA က သိမ်းယူနိုင်ခဲ့ပြီး တိုင်ကျိုးရှိ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်နေ့က တိုင်ကျိုးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် တိုင်ကျိုးရွာအတွင်းရှိ နေအိမ်များပျက်စီးခဲ့သည်။ ထို့အပြင် စစ်ကောင်စီက…
-
ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန်
ရှမ်းပြည်မြောက်ပိုင်းမှ အညာမြေသို့ ထွက်ခွာမယ့် PDF (၅၁၀) တပ်ရင်းက ရဲဘော်တွေ မှတ်တမ်းဓာတ်ပုံထုတ်ပြန် နိုဝင်ဘာလ ၉ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF (၅၁၀) တပ်ရင်းက ရဲဘော်များက ရှမ်းပြည်မြောက်ပိုင်းက အညာ ဒေသသို့ မထွက်ခင် မှတ်တမ်းဓာတ်ပုံကို ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်မှသည် မကြာမီ အချိန်မှာ မြေပြန့်ဒေသအညာမြေဆီသို့ ထွက်ခွာတော့မယ်ဆိုတာကို ဒီနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ အမှတ် (၅၁၀) တပ်ရင်းက တပ်တည်ထောင်တာ ၃ နှစ်ကျော် ခဲ့ပြီ ဖြစ်ပြီး၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ၊ အကြမ်းဖက်စစ်ကောင်စီ နဲ့ တိုက်ပွဲတွေမှာ မဟာမိတ် တပ်များနဲ့ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်တစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။ #PVTV
-
မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော
မှော်ဘီလေတပ်ကို ဒုံးများဖြင့်တိုက်ခိုက်မှု ပစ်မှတ်ထိမှန်ခဲ့ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ပြော YT မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီလေတပ်ဝင်းအတွင်းကို မစ်ဇိုင်းဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ (USO) က ထုတ်ပြန်သည်။ USO က ၎င်းတို့၏ ၁၄ ခုမြောက် မစ်ရှင်အဖြစ် ယနေ့(နိုဝင်ဘာ ၉ ရက်) နံနက် ၁ နာရီဝန်းကျင်အချိန်တွင် မှော်ဘီလေတပ်အတွင်းရှိ လေယာဉ်ဂိုထောင်နှင့် အရာရှိနေအိမ်များကို ပစ်မှတ်ထား၍ တာဝေးပစ် မစ်ဇိုင်းဒုံးလေးလုံးဖြင့် တိုက်ခိုက်ခြင်းဟု သိရသည်။ ” အဆင့်မြှင့်ထားတာမို့ ၁၀၇ ထက်တော့ ပိုပြီး ကောင်းပါတယ်။ လေးလုံးစလုံး အောင်မြင်ပါတယ် တပြိုင်တည်းပါ။ ထိခိုက်ပျက်စီးမှုတော့ အသေးစိတ် စုံစမ်းနေဆဲပါ။ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်၊ ညတွင်းချင်း ပိတ်ဆို့ စစ်ဆေးမှုတွေ ဧည့်စစ်မှုတွေရှိတယ်လို့ မြေပြင်သတင်းအရတော့ သိထားပါတယ်”…
-
အမ်းမြို့နယ်ရှိ အမြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်း
အမ်းမြို့နယ်ရှိ အမြောက်တပ်ကို AA ထံမှ ပြန်ရရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်း ဓါတု မဇ္ဈိမ။ ။ AA သိမ်းပိုက်ရရှိထားသည့် အမှတ်(၃၇၄) အမြောက်တပ်ကို ပြန်လည်ရရှိရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေပြီး လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ထိုအမြောက်တပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အနီးတွင်ရှိပြီး ယမန်နေ့ (နိုဝင်ဘာလ ၈ ရက် ) နေ့လယ်ပိုင်းက စတင်ကာ ယနေ့ (နိုဝင်ဘာလ ၉ရက် )အထိ စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။ “ဂျက်ဖိုက်တာနဲ့ မနေ့ညအထိဗုံးကြဲတာ Y-12 ကနေအတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်။ အနီးကပ်ဖြစ်နေတာ။ ဒီနေ့မနက်အထိ လက်နက်ငယ်အပြန်အလှန်ပစ်တာတွေကြားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။ စစ်ကူအဖြစ် နပခသို့ရောက်ရှိနေသည့် ခြေမြန်တပ်မဌာနချုပ် တပ်မ( ၆၆) နှင့်…