◼️စစ်ကိုင်းမြို့နယ်မှာ PDF ၊ ပကဖ တွေက စစ်တပ်စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခဲ့

by

in

◼️စစ်ကိုင်းမြို့နယ်မှာ PDF ၊ ပကဖ တွေက စစ်တပ်စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခဲ့
၂၂ မေ ||| နွေဦးအသံ |||

စစ်ကိုင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို စစ်ကိုင်း ပကဖ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စကစတပ်ဖွဲ့ဝင် အလောင်း ၂၅ လောင်းနဲ့ လက်နက် ၂၀ ကျော်သိမ်းဆည်းရရှိခဲ့တယ်လို့ ရုပ်သံမှတ်တမ်းအချို့ကို ပကဖ အသံက မေ ၂၂ ရက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းမြို့နယ်‌ မြောက်ဘက်ခြမ်းကို ဧပြီ ၂၅ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် အလောင်း ၂၅ လောင်း၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ စစ်ကိုင်းမြို့နယ် ပလဖ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။