❝ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားချက်ထုတ်ပြန် ❞ မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

by

in

❝ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားချက်ထုတ်ပြန် ❞
မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++

၁။ ယနေ့(၂၃.၅.၂၀၂၅)ရက်နေ့ ၊ (၁၁:၄၀) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိ သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်းလျက်ရှိပါသည်။
၂။ ထို့အပြင် ယနေ့ (၁၆:၂၂) နာရီအချိန်ခန့်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ- လှိုင်သာယာ ဓာတ်အား လိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦး ကျေးရွာအနီး ၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ (၂) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်း ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျလျှက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များတွင်ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေး ပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း