Category: News
-
ဂျွန်လွင်ကို ချမ်းချမ်းရောင်းချတဲ့ ပစ္စည်းများကိုဝယ်ယူလို့ဆိုပြီး စစ်တပ်ကဖမ်းဆီးထား
ဂျွန်လွင်ကို ချမ်းချမ်းရောင်းချတဲ့ ပစ္စည်းများကိုဝယ်ယူလို့ဆိုပြီး စစ်တပ်ကဖမ်းဆီးထား (DBA) ဇွန်- ၇ မော်ဒယ်လောကကို ဦးဆောင်ခဲ့တဲ့ ဂျွန်လွင်ကို အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူလို့ဆိုပြီး စစ်တပ်က ဇွန်လ၅ရက်နေ့က ဖမ်းဆီးထားပါတယ်။ ဂျွန်လွင်ဟာ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်များအတွင်း NUG ရဲ့ ထောက်ပို့ဖြစ်သူ ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းများကို ဝယ်ယူပြီး ပြည်တွင်းမှာ ပြန်လည်ရောင်းချမှုများ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်ကဖမ်းဆီးထားတာဖြစ်ပါတယ်။ NUG အကြမ်းဖက်အုပ်စုနဲ့ အကြမ်းဖက် ပဒက်တွေကို ထောက်ပိုလုပ်နေတဲ့ ဝရမ်းပြေး ချမ်းချမ်း ရောင်းတဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူခဲ့တဲ့ဂျွန်လွင်ကို ခေါ်ယူစစ်ဆေးလျက်ရှိပါတယ်။ ဂျွန်လွင်ဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာလည်း NUG အကြမ်းဖက်အုပ်စုရဲ့ ထောက်ပိုဖြစ်သူ အကြမ်း ဖက်ပြည်ပြေး ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး…
-
လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော
လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော ဇွန်-၇၊ ၂၀၂၅။ ရဲခေါင်/People’s Spring ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောသည်။ ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့် တွင် လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကနဦး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်စွဲထားသော စခန်းအား တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ဒကစ မှ ကွန်မန်ဒို စစ်ကူစစ်ကြောင်းအား လက်ဦးမှုရယူကာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေ လာမလုပ်နဲ့၊ အကုန်ရှောသွားပြီ”ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက…
-
ဧရာဝတီတိုင်းအတွင်း ဝင်ရောက်မည့် ဒေသကာကွယ်ရေး ရဲဘော်များ၏ ပထမဆုံးအကြိမ် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး
ဧရာဝတီတိုင်းအတွင်း ဝင်ရောက်မည့် ဒေသကာကွယ်ရေး ရဲဘော်များ၏ ပထမဆုံးအကြိမ် လေ့ကျင့်မှုများ ပြုလုပ်ပြီးစီး ဧရာဝတီတိုင်းမ် ဇွန် ၆ ရက် ဧရာဝတီတိုင်းအတွင်း ပြန်လည်ဝင်ရောက်၍ စစ်ရေးဖော်ဆောင်ရန် အသစ်ထပ်မံစုဖွဲ့ထားသည့် ဧရာ၀တီ ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် (Local-PDF) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန် ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧရာ၀တီ PDF ၏ အမှတ်စဉ်(၁) သင်တန်းကို မကွေးတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဧရာ၀တီတိုင်းတွင်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EROs) နှင့် မဟာမိတ်ဖွဲ့၍ ဧရာ၀တီတိုင်းအတွင်း ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ “ချင်းနဲ့ မကွေးအစပ်မှာ စုဖွဲလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ တပ်ရင်းတစ်ရင်း ပြည့်တာနဲ့ ဧရာဝတီတိုင်းကို ဝင်ရောက်ပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်မှာပါ။…
-
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပေါက်ကွဲခဲ့စဉ် ကလေးငယ်များ အပါအဝင် မိသားစုလိုက်သေဆုံးမှုများရှိ
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပေါက်ကွဲခဲ့စဉ် ကလေးငယ်များ အပါအဝင် မိသားစုလိုက်သေဆုံးမှုများရှိ ရန်ကုန်၊ ဇွန် ၇ IMG_3468 IMG_3467 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ဖားကန့်မြို့၊ တပ်မကုန်းမှ စစ်ကောင်စီတပ်က လက်နက် ကြီး များဖြင့် လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်…
-
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ကို မဖြစ်ဖြစ်တဲ့နည်းဖြင့် ထက်ဝက်ပိုင်း ရောင်းရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက် ကန့်ကွက်ခံရ
ဧရာဝတီတိုင်းမ် ဇွန် ၆ ရက် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) နေအိမ်ကို မြေတစ်ဝက်ခွဲ၍ ရောင်းချရန် အစ်ကိုဖြစ်သူဦးအောင်ဆန်းဦး၏ လျှောက်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ဦးအောင်ဆန်းဦး လျှောက်ထားမှုကို ယမန်နေ့ ဇွန် ၅ ရက်က ကမာရွတ်ခရိုင်တရားရုံးတွင် ကန့် ကွက်လွှာ တင်သွင်းခဲ့ကြောင်း ရှေ့နေအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။ ကန့်ကွက်လွှာတင်သွင်းမှုနှင့်ပတ်သက်၍ လာမည့်ဇွန်လ ဒုတိယပတ် ၁၂ ရက်နေ့တွင် တရားရုံးက အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့ကြောင်း သိရသည်။ ဦးအောင်ဆန်းဦးသည် ခြံအမှတ် (၅၄) ကို လေးကြိမ်တိုင် လေလံတင် ရောင်းချခဲ့ပြီး ရောင်းမထွက်သည့် အတွက် ခြံတစ်ဝက်ကို…
-
လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီး တင်သွင်းသည့် လျှပ်စစ်ကားများ မရောင်းရတော့မှုက အဓိက အကြောင်းအရာအဖြစ် ပါဝင်ဟုဆို
လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီး တင်သွင်းသည့် လျှပ်စစ်ကားများ မရောင်းရတော့မှုက အဓိက အကြောင်းအရာအဖြစ် ပါဝင်ဟုဆို ရန်ကုန်၊ ဇွန် ၇ မြန်မာနိုင်ငံတစ်ဝန်းတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ထုတ် ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားမှုနောက်ကွယ်တွင် မင်းအောင်လှိုင်၏သားနှင့်သမီးတင်သွင်းသည့် လျှပ် စစ် ကားများ မရောင်းရတော့သည့် စျေးကွက်အခြေအနေက အဓိက ပါဝင်နေကြောင်း နေပြည်တော် အသိုင်းအ၀ိုင်းက ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင် လှိုင်က လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုများကို ဖော်ထုတ်သွားရန်၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားများ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း…
-
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံး
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံး ရန်ကုန်၊ ဇွန် ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားပြီး နေအိမ်များ မီးလောင်ကာ ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ဖားကန့်မြို့၊ တပ်မကုန်းမှ စစ်ကောင်စီတပ်က လက်နက် ကြီး များဖြင့် လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့…
-
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀…
-
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့ ဇွန်-၆၊၂၀၂၅။ကဖေး/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ “MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ”ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။ ၎င်းက ” သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ” ဟုဆက်ပြောသည်။ အဆိုပါအဖွဲ့သည်ဗန်းမောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက်…
-
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက် ရန်ကုန်| ဇွန် ၆ ရခိုင်ရိုးမနှင့် ဆက်စပ်နေသော မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်း၏ အဓိက ကာကင်းကုန်းဖြစ်သော တာ ဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြော သည်။ နတ်ရေကန်စခန်းသိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေပြီး ကာကင်း တာဝါတိုင်စခန်းကို ဇွန်လ ၄ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ ကာကင်း တာဝါတိုင်စခန်းနှင့် နတ်ရေကန်စခန်းမှာ မီတာ ၂၀၀၀ ခန့်သာ ဝေးကွာကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “အမ်း-ပဒါန်းလမ်းပိုင်းက နတ်ရေကန်စခန်းရဲ့ အဓိက ကာကင်းကုန်းပေါ့နော်။ သူနဲ့လည်း မီတာ…