Category: News
-
မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ ဝင်ရောက်ခွင့်တားမြစ်
မန္တလေးက ရွှေဆိုင်တချို့ အမျိုးသားတွေ ဝင်ရောက်ခွင့်တားမြစ် ဇွန်-၂၂၊ ၂၀၂၅။မေရီ/People’s Spring မန္တလေးကရွှေဆိုင်တချို့အမျိုးသားတွေဝင်ရောက်ခွင့်တားမြစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမှာ ရွှေဆိုင်တွေမကြာခဏ ဓါးပြတိုက်ခံနေရတာကြောင့် ရွှေဆိုင်တွေဟာလုံခြုံရေး ပိုဂရု စိုက်လာကြောင်း၊ ဓားပြတိုက်သူတွေဟာ အမျိုး သားတွေဖြစ်လေ့ရှိတာကြောင့် အမျိုးသားတွေ ရွှေဆိုင်ထဲ ဝင်ရောက်တာကို ကန့်သတ်တာတွေ ရှိလာကြောင်း မြို့ခံတွေက ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဆိုင်တဆိုင်ဆိုရင် အမျိုးသားများလုံးဝမဝင်ရဆိုပြီး ဆိုင်အဝင်ဝမှာ ဗီနိုင်းနဲ့ချိတ်ထားကြောင်းမြို့ခံတွေကပြောပါတယ်။ “အမျိုးသားတွေဆိုရင်ဝင်မရဘူး။အပြင်မှာပဲ ထိုင်စောင့်ရတယ်။”လို့ သွားရောက်ဝယ်ယူဖူးသူတဦးက ပြောပါတယ်။ တချို့ဆိုင်တွေကတော့ အမျိုးသား ဝင်ခွင့်ပေးပေမယ့် ဆိုင်ကယ်ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာ၊ mask တပ်တာတွေဆိုရင် ဝင်ခွင့်မပေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ရွှေဆိုင်တွေဟာလုံခြုံရေးဝန်ထမ်းအများအပြားနဲ့ အဆင့်ဆင့်ပိတ်ဆို့ထားပြီး ဆိုင်တံခါးကိုလည်းအနည်းငယ်ပဲဖွင့်ကာရောင်းချနေရတယ်လို့ သိရပါတယ်။ အာဏာသိမ်းကာလတလျှောက်မန္တလေးမြို့အပါ အဝင်အခြားမြို့ကြီးတွေမှာပါရွှေဆိုင်ကိုဝင်ရောက်လုယက် ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။…
-
PDF မြိတ်ခရိုင် တပ်ရင်း(၁)သို့ အလင်းဝင်လာသည့်စစ်သား၁၈ဦးထက်မနည်းရှိဟုအဖွဲ့တာဝန်ရှိသူပြော
PDF မြိတ်ခရိုင် တပ်ရင်း(၁)သို့ အလင်းဝင်လာသည့်စစ်သား၁၈ဦးထက်မနည်းရှိဟုအဖွဲ့တာဝန်ရှိသူပြော ဇွန်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံသို့စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းအလင်းဝင်ခဲ့ကြောင်းမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားသည်။ အလင်းဝင်လာသူများအနက် ဇွန်လ ၁၈ရက်တွင် စစ်ကောင်စီတပ်သား ၄ဦး၊ ဇွန်လ ၂၁ရက်တွင် စစ်ကောင်စီတပ်သား၂ဦးအလင်းဝင်ခဲ့ဟု၎င်းကပြော သည်။ ဇွန်လ ၂၁ရက်တွင် အလင်းဝင်လာသူများမှာ မြိတ်မြို့နယ် ဘုတ်ခြံအခြေစိုက် ခလရ(၁၇) မှ တပ် ကြပ်ကြီးစာရေး(အကူ) ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦး တို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးက လက်နက် ၂လက်၊ ခဲယမ်း၊ကျည်များယူလာသည်။ ဇွန်လ ၁၈ရက်ကအလင်းဝင်လာသူများမှာပလောက်မြိုတိုင်းဗဟို (၁၂) မှ သင်တန်းသားသစ် ၄ဦးဖြစ်ပြီး ၎င်းတို့က လက်နက်မပါလာဟု ရဲဘော်အာနိုးကပြောသည်။ “စစ်မှုထမ်းဥပဒေမကြေညာခင်ကအလင်းဝင်လာသူ ၂ဦး ရှိခဲ့တယ်။စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းထွက်ပြေးခိုလှုံလာသူ ၁၀ဦး…
-
ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး
ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံး ရန်ကုန်၊ ဇွန် ၂၂ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်ခန့်အချိန် ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ချောင်းဦးမြို့ ဆုတောင်းပြည့် ကျောင်းနားတွင် BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊…
-
ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားသော MIC ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေ
ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားသော MIC ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခိုင်းနေ ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် စစ်အရာရှိများက ပြည်သူများထံသို့ အဆင့်ဆင့် ရောင်းချထားခဲ့သော ဆိုင်ခန်း ၅၄ ခန်းကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေကြောင်း ဆိုင်ခန်းအဖျက်ခံရမည့်သူများနှင့်နီးစပ်သူများက ပြောဆိုသည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်အချိန် ပြင်ဦးလွင်ရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် စစ်တပ်က ဆိုင်ခန်းများ ဆောက်လုပ်ခဲ့ပြီး စစ်အရာရှိများနှင့် အသိုင်းအ၀ိုင်းများကို ချထားပေးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ စစ်အရာရှိများနှင့် အသိုင်းအ၀ိုင်းများက အဆင့်ဆင့် ပြန်လည် ရောင်းချခဲ့ရာမှ ယခုနောက်ဆုံးတွင် အများပြည်သူများ၏ လက်ထဲသို့ ဆိုင်ခန်းများ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက အဆိုပါ…
-
ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ
ရန်ကုန်-ပြည်လမ်းတိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး ဒုတိယဗိုလ်မှူးကြီးရာထူးတိုးပေး၊ သေဆုံးသူ စစ်အရာရှိကြီး ၄ ဦးအထိတိုးလာ ရန်ကုန်၊ ဇွန် ၂၂ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ရန်နိုင်အောင် သေဆုံးပြီး သေဆုံးချိန်တွင် ဒုတိယဗိုလ်မှူးကြီးကို စစ်ကောင်စီက ရာထူးတိုးပေးလိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ အုတ်ဖို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်…
-
မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ
မန္တလေးမှာ နောက်ဆက်တွဲငလျင်တခုလှုပ်လို့ ပြည်သူတွေ နေအိမ်ပေါ်ကဆင်းပြေးရ ဇွန် ၂၂၊ ၂၀၂၅ မေရီ/ People’s Spring မန္တလေးအနီးတဝိုက်မှာ ဒီကနေ့မနက်ပိုင်း သိသာတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တခု လှုပ်ခတ်သွားပြီး နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် ၄ နာရီ ၄၂ မိနစ်ခန့်က မန္တလေးမြို့နဲ့အနီးတဝိုက် အမရပူရ၊ စစ်ကိုင်း၊ ပလိပ် စတဲ့ ဒေသတွေမှာ အချိန်အနည်းငယ်ကြာပြီး သိသာတဲ့ငလျင်ငယ်တခု လှုပ်ခတ်သွားကြောင်း၊ ငလျင်ကြီးလှုပ်ပြီထင်လို့ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးကြကြောင်း မြို့ခံတွေက ပြောပါတယ်။ “အတော်သိသာပါတယ်။ အထက်အောက် ၂ ခါဆင့် လှုပ်တာ။ ထွက်ပြေးလိုက်ရတယ်။ ကြာလည်းကြာတယ်။”လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ…
-
ထန်းတပင်နှင့် အုတ်တွင်း မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ၅ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
ထန်းတပင်နှင့် အုတ်တွင်း မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ၅ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား ရန်ကုန်၊ ဇွန် ၂၁ ပဲခူးတိုင်း၊ ထန်းတပင် မြို့နယ် နှင့် အုတ်တွင်း မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၅ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အုတ်တွင်း ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။၏ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့မှ ကိုးတိုင်ရွာကို စစ်ကြောင်းတစ်ကြောင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားမှ ကိုးတိုင်ကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်းနှင့် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှ ရေကြည်ကုန်းကျေးရွာသို့…
-
စစ်ရေးဗျူဟာကျတဲ့ ပုလဲနယ် ကန့်ဒေါင့်စခန်းသိမ်း ရုပ်သံ
စစ်ရေးဗျူဟာကျတဲ့ ပုလဲနယ် ကန့်ဒေါင့်စခန်းသိမ်း ရုပ်သံ MFP/ ဇွန် – ၂၀ ပုလဲ-ဂန့်ဂေါလမ်းမပေါ်က စစ်ရေးအရဗျူဟာကျတဲ့ ကန့်ဒေါင့်စခန်းကို စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှု ၂၀၀ ကျော်၊ ဗုံးအလုံးရေ ၅၀၀ ကျော်ကြဲချပြီး အပြင်းအထန်ခုခံတဲ့ကြားက ဇွန်လ ၁၉ ရက်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲဖြစ်ပွါးနေတဲ့ ဇွန်လ ၁၀ ရက်ကလည်း လေကြောင်းပစ်ကူလာတဲ့ စစ်အုပ်စုရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့ပါတယ်။ ပစ်ချခံလိုက်ရတဲ့ စစ်ကူတိုက်လေယာဉ်မှာ ကျေးရွာတရွာအတွင်း ထိုးစိုက်ပျက်ကျသွားပြီး လေယာဉ်မှူးလည်း သေဆုံးသွားခဲ့ပါတယ်။ ဇွန်လ ၂ ရက်ကနေ ၂၉ ရက်အထိ စခန်းသိမ်းကာလအတွင်းမှာ တပ်ကူအင်အားတွေကို မုံရွာမြို့နယ်…
-
ငဖဲမြို့နယ်ရှိ စစ်တပ်စခန်း ၁ ခုကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိ၊ နတ်ရေကန်စစ်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦးကိုလည်း ဖမ်းဆီးရရှိ
ငဖဲမြို့နယ်ရှိ စစ်တပ်စခန်း ၁ ခုကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိ၊ နတ်ရေကန်စစ်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦးကိုလည်း ဖမ်းဆီးရရှိ ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကာကင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ…
-
ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၂၁ ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Mon Liberation Army ၏ သတင်းထုတ်ပြန်ချက်နှင့် တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ သိရှိရသည်။ ဇွန်လ ၁၉ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေး ရန် တက်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ ၄၄ ၊ တပ်မ ၅၅…