Category: News
-
ညောင်လေးပင်၊ ရေဖြူကံကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး၊ ညောင်ဦးမြို့တွင်လည်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက်
ညောင်လေးပင်၊ ရေဖြူကံကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး၊ ညောင်ဦးမြို့တွင်လည်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက် ရန်ကုန်၊ဇွန် ၂၃ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရေဖြူကံကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း 7Ravens Drone Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်ခရိုင် ရေဖြူကံကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဗုံးသီး ၂ လုံး ကျဲချ…
-
တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေမှာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေမှုကို EROs များက သဘောတူညီ လက်ခံထားဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေမှာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေမှုကို EROs များက သဘောတူညီ လက်ခံထားဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော ရန်ကုန်၊ ဇွန် ၂၃ မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေမှာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေသည်ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ( EROs) များက အခြေခံအားဖြင့် သဘောတူညီ လက်ခံထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။ The Burma Guardian မှ ဝါရင့်သတင်းထောက် ဦးခင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသားညီညွတ် ရေးအစိုးရ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်များ၏ စိုးမိုးဧရိယာသည် မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး စိုက်ပျိုးမွေးမြေူရေးလုပ်ငန်းများဖြင့် လည်ပတ်နေကြောင်း၊ လေကြောင်းရန်မှအပ တော်လှန်ရေးတပ်များ…
-
သားဖြစ်သူကို အတူနေဖခင်ရင်:မဟုတ်သူနဲ့ လူ ၄ ယောက်ဝန်းကျင်က အနို.င်ကျ.င့်စော်.ကာ:လို့ထွ.က်ပြေ:လာရကြောင်း ပြောပြခဲ့တဲ့ မိခင်ဖြစ်သူ
ကိုရင်ဝတ်ပေးထားတာတောင် ပထွေးနဲ့ အပေါင်းပါ ၄ ယောက်ရဲ့ အဓ/မ္မကျ-င့်တာကို ခံခဲ့ရတဲ့ သားငယ်လေးတဲ့ 😭 သူ့အမေရဲ့ ပြောပြချက် “သားကို ညအိပ်နေရင် ည၊ နေ့အိပ်နေရင် နေ့ အနိုင်ကျ-င့်ပါတယ် ပါးစပ်ကိုလည်း ပိ-တ်ထားတယ်…အမေကို ပြန်ပြောရင် tatမယ်’ ဆိုပြီး ပြောပါတယ်” ညီမအနေနဲ့ သားအပေါ် အခုလိုလုပ်မယ့် သူမဟုတ်ပါဘူးထင်လို့ စားဝတ်နေရေးအတွက် အလုပ်သွားရင်း သားကိုထားခဲ့တာပါ”ယုံကြည်မှုကြောင့် သားအမိနှစ်ယောက် ဘဝပျ-က်ခဲ့ရပါတယ်။ ဒါတင်မကသေးပဲ သားဖြစ်သူကို ပထွေးနဲ့ လူ ၄ ယောက်ဝန်းကျင်က အနိုင်ကျ-င့်စော်ကာ-းလို့ ထွက်ပြေးလာရကြောင်း သိရပါတယ်။ မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ သားလေးဟာ အသက် ၈နှစ်ပြည့်ဖို့ တစ်လခန့် လိုသေးကြောင်း သူမရဲ့ ခင်ပွန်းဟာ သားလေးရဲ့ ဖခင်ရင်း မဟုတ်ပဲ လက်ရှိမှာ ထောင်ကျနေတာ…
-
ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်း မန္တလေးမြို့ အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများ ထိတ်လန့် (ရုပ်/သံ)
ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်း မန္တလေးမြို့ အနီးသို့ ဗဟိုပြု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများ ထိတ်လန့် (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၂၃ ပဲခူးတိုင်း၊ ပြည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိ ငလျင် ယနေ့ နံနက်ပိုင်း လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၂ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်မြို့၏တောင်-အရှေ့ တောင်ဘက် ၅၅ ကီ လိုမီတာအကွာ၊…
-
နေပြည်တော်၊ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းမှုနှင့် ပန်းသပိတ် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီက ဖမ်းဆီး
နေပြည်တော်၊ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းမှုနှင့် ပန်းသပိတ် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီက ဖမ်းဆီး ရန်ကုန်၊ ဇွန် ၂၃ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ MRTV ဝန်ထမ်း မနှင်းယဉ်ဖြူကို ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းပြီး ပန်းသပိတ် ပါဝင်ခဲ့မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း MRTV ဝန်ထမ်းအသိုင်း အဝိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ ဇွန်လ ၁၉ ရက်နေ့ ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် မွေးနေ့ အဖြစ် ပန်းသပိတ်တွင် MRTV ဝန်ထမ်း မနှင်းယဉ်ဖြူ (ခ) နှောင်းနှောင်းက…
-
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းစာ ရေးသည်ဟုဆိုပြီး ငွေဆောင်ဒေသခံ ၄ ဦး ဖမ်းဆီးခံရ
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစာကို လူမှုကွန်ရက်ပေါ်တင်တာကြောင့်ဆိုပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့က အမျိုးသမီး ၄ ယောက် ဇွန် ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတယောက်က “မဇာဇာဆိုတဲ့ အမျိုးသမီး ၁ ယောက်အပါအဝင် ၄ ယောက် အဖမ်းခံရတာ။ ကျေးရွာဘက်က ၂ ယောက်နဲ့ ရပ်ကွက်ထဲက ၂ ယောက် အဖမ်းခံရတာ။ ကျန်တဲ့သူတွေရဲ့ နာမည်တွေတော့ မသိသေးဘူး” လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကျော်အရွယ် ၂ ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် ၂ ယောက်ဖြစ်ပြီး သဇင်ကျေးရွာနဲ့ အမှတ် ၄ ရပ်ကွက်က အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “ဖုန်းထဲက…
-
မြ၀တီမြို့နယ်၊ ထီးကပလယ် စစ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သားများ ထိုင်းဘက်သို့ ထွက်ပြေး၊ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNU က ထိန်းချုပ်ရန် ဝေါ်လေ၊ ဥကရစ်ထနှင့် တီသဲလယ် စစ်တပ်စခန်း ၃ ခုသာ သိမ်းပိုက်ရန်ကျန်တော့
မြ၀တီမြို့နယ်၊ ထီးကပလယ် စစ်စခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သားများ ထိုင်းဘက်သို့ ထွက်ပြေး၊ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNU က ထိန်းချုပ်ရန် ဝေါ်လေ၊ ဥကရစ်ထနှင့် တီသဲလယ် စစ်တပ်စခန်း ၃ ခုသာ သိမ်းပိုက်ရန်ကျန်တော့ ရန်ကုန်၊ ဇွန် ၂၃ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကပလယ်စစ်စခန်းကို KNLA ဦးဆောင်သော မဟာ မိတ် တပ်များက သိမ်းပိုက်ရရှိပြီး စစ်သားများ ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း KNLA စစ်ရေး သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ် စစ်စခန်းကို…
-
မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိ
မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိ ရန်ကုန်၊ ဇွန် ၂၂ မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သောက်စား မူးရူးနေသည်ဟု သတင်းရရှိ၍ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲမေများ…
-
စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ
စစ်တပ် စစ်ကူစစ်ကြောင်း ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ခိုက်ခံရ ဇွန် – ၂၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ်အတွင်းက အောင်ဇေယျ စစ်ကြောင်းဆီ စစ်ကူပေးဖို့ ကျုံဒိုးမြို့က တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်းမှာ မွန် – ကရင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဟာ ဇွန်လ ၁၉ ရက်က ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်း ၇ တိုင် ရွာအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ၇ နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ MLA က အသိပေးပါတယ်။ စစ်ကောင်စီတပ်ဘက်က တပ်မ (၄၄)…
-
ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ
ဒေါ်အောင်ဆန်းစုကြည်၏(၈၀)နှစ်ပြည့်မွေးနေ့ အ ထိမ်းအမှတ်ဆုတောင်းပွဲနယူးယောက်တွင်ကျင်းပ ဇွန်-၂၂၊၂၀၂၅။ သုည/People’s Spring အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင် ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်း ဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက် ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။ အဆိုပါဆုတောင်းပွဲတွင်ဘာသာကြီးလေးဘာသာမှ ကိုယ်စားလှယ်များက ဆုတောင်းစကားများရွတ်ဆို ဆုတောင်းခဲ့ကြသည်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် မွေး နေ့အမှတ်တရဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။ ထို့အပြင် တော်လှန်အဆိုတော်များဖြစ်သော ကျော်သီဟ၊ ဝင်းနိုင်စိုး၊ Leo နှင့် အခြားအဆိုရှင်များမှလည်း မွေးနေ့အမှတ်တရ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။ Time Square ရင်ပြင်တွင် NYCBC မှစီစဉ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ Gallery ကိုပြသထားပြီး လာရောက်ကြည့်ရှုကြသော ကမ္ဘာအရပ်ရပ်မှ ခရီသွားများ စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်ဟုသိရသည်။ ထိုနောက်…