Category: News
-
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ထုတ်ပြော
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ထုတ်ပြော ရန်ကုန်၊ ဧပြီ ၁၅ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင် သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး ထွက်ဆိုချက်နှင့်စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရား စီရင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ဧပြီလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နောက်ဆုံး…
-
ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်း ဆောင်များကို တရားစွဲဆိုနေမှုများအပေါ် “ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး” ဟု ဇော်မင်းထွန်း တုံ့ပြန်
ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်း ဆောင်များကို တရားစွဲဆိုနေမှုများအပေါ် “ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး” ဟု ဇော်မင်းထွန်း တုံ့ပြန် 🟥ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသော ကလေးငယ်များမှာ သောင်းကျန်သူများ၏ အစိတ်အပိုင်းဖြစ်၍ တိုက်ခိုက်ရန် ရှောင်လွှဲမရဟုဆို ရန်ကုန်၊ ဧပြီ ၁၅ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို တရားစွဲဆိုနေမှုများအပေါ် စိုးရိမ်စရာမရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ Aljazeera သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ Aljazeera သတင်းဌာနက စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူများအပေါ် တိုက်ခိုက်နေပြီး နိုင်ငံတကာက လူသားမျိုးနွယ်အပေါ်…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲအောင်ပွဲရ KRF တပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကြိုဆို
ဖလမ်းမြို့သိမ်းတိုက်ပွဲအောင်ပွဲရ KRF တပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကြိုဆို ဧပြီ-၁၄၊၂၀၂၅။People’s Spring ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေကအောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော် လှန်ရေးတပ် (KRF) ရဲဘော်တွေကိုဒေသခံပြည်သူတွေကအောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ် ပြုခဲ့ကြပါတယ်။ချင်းညီနောင်နဲ့အတူ AA အပါ အဝင် စစ်ကိုင်း၊မကွေး၊ယောဒေသတွေက မဟာ မိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူးပေါင်းပြီး ၂၀၂၄ နို ဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလမ်းမြို့ကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။ ၂၀၂၅ နိုဝင်ဘာ ၉ ရက်မှာတော့ဖလမ်းမြို့နယ်မှ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကြောင်းကြညာနိုင်ခဲ့ပါတယ် ။ ဖလမ်းမှာစစ်တပ်ရဲ့နောက် ဆုံးကျန်ထဲ့တဲ့ ခလရ (၂၆၈)သိမ်းတိုက်ပွဲမှာစစ် တပ်ကလေကြောင်းပစ်ကူအကြိမ်ရေအမြောက်အများပေးခဲ့တဲ့ကြားကတော်လှန်ရေးတပ်တွေကသိမ်းပိုက်ခဲ့တာပါ။ ခလရ (၂၆၈)တပ်ရင်းမှူးသေ ဆုံးခဲ့သလို စစ်တပ်အရာရှိတွေအပါအဝင်စစ်သား ၂၀၀ကျော်ဖမ်းဆီးနိုင်ခဲ့ပြီးတော့ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံအများအပြားသိမ်း ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ပြီးအောင်ပွဲရခဲ့တဲ့ KRF တပ်ဖွဲ့ဝင် တွေရဲ့အိမ်အပြန်ခရီးကို ရုပ်သံမှတ်တမ်းမှာတွေ့ရမှာဖြစ်ပါတယ်။ ရုပ်သံ-KRF ■Photo News ချင်းညီနောင်နဲ့…
-
သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော
သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော ရန်ကုန်၊ ဧပြီ ၁၅ သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ယမန်နေ့ညပိုင်း ထုတ်ပြန်ပြောဆိုသည်။ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးအတွက် အပစ်အခတ်ရပ်စဲထားသော်လည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်စခန်းကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က…
-
တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ရန်ကုန်၊ ဧပြီ ၁၅ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း မြောက်ဥက္ကလာပမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ် ဗုံး ၃ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ “ထိခိုက်မှုရှိနိုင်ပေမယ့် လက်ရှိတော့ မသိရသေးဘူး။ ရဲဘော်တွေတော့ ဘေးကင်းပါပြီ။” ဟု မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ…
-
ဧရာဝတီ မြစ်ကြော ပြောင်းနေတယ်။ အရင်က အာ့လောက် မသိသာပေမယ့် အခု ငလျင် အပြီးကို ပို သိသိသာသာကို ပြောင်းလာတယ်။
ဧရာဝတီ မြစ်ကြော ပြောင်းနေတယ်။ အရင်က အာ့လောက် မသိသာပေမယ့် အခု ငလျင် အပြီးကို ပို သိသိသာသာကို ပြောင်းလာတယ်။ မြေကြီးအပေါ်ကတော့ မျက်မြင်မို့လို့ သိသိသာသာမြင်ရပေမယ့်၊ မြစ်ကြမ်းပြင် အောက်ဘက်ကတော့ မမြင်ရနိုင်ဘူး။ အခုပြောင်းလာတဲ့ မြစ်ကြော အရဆိုရင် မန်းလေးနဲ့ အင်းဝ က ရေအောက်ရောက်သွားနိုင်တယ်။ အခု နွေရာသီ ရေမတက်သေးဘူး။ မိုးရာသီ ရေတက်လာရင် မန်းလေး ရဲ့ အမရပူရ နဲ့ အင်းဝ၊ စစ်ကိုင်း အစပ်က ရေအောက် ရောက်သွားနိုင်တယ်။ ဒုတ္ထဝတီ ရဲ့ မြစ်ကြောကိုပါ ကျတော်တို့ လေ့လာနေပါတယ်။ အဲ့ မြစ်ကြောသာ ပြောင်းခဲ့ရင် အမြန်လမ်း တလျောက် ရုတ်တရက် မြေနိမ့်ဆင်းသွားတာနဲ့ ရုတ်ချည်း ရေကြီးလာတာတွေ ဖြစ်လာနိုင်တယ်။ မကွေးတိုင်းထဲက…
-
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုး ပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုး ပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့ ဧပြီ ၁၄၊ ၂၀၂၅။ အီယိုရီ/People’s Spring အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ရက်တွင် Al Jazeera သ တင်းဌာနက စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို နေပြည်တော်၌ သွား ရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ပြည်တွင်းထဲရှိ NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် ကြိုးစားခဲ့သည့် အခြေအနေကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်တွင်းထဲမှာ NLD ပါတီဝင်တွေ ရှိတယ်။ သူတို့သည် မှတ်ပုံတင်ချင်တယ်။ မှတ်ပုံတင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို…
-
ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ
ယူကေနိုင်ငံရှိ မြို့ ၂ မြို့တွင် ပြုလုပ်သည့် တော်လှန်သင်္ကြန်ရန်ပုံငွေပွဲမှ ဒေါ်လာ ၁ သိန်းကျော်ရရှိ ရန်ကုန်၊ဧပြီ ၁၄ မြန်မာငလျင်ဘေးသင့်သူများ ကူညီရေးအတွက် UK နိုင်ငံ မြို့ ၂ မြို့၌ ပြုလုပ်သော တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ ၁ သိန်းကျော် (ကျပ်သိန်း ၄ ထောင်ခန့်) ရရှိခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ဒေါက်တာသက်ကိုကိုက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ လန်ဒန်မြို့နှင့် မန်ချက်စတာမြို့တို့တွင် တော်လှန်သင်္ကြန်ဈေးရောင်းပွဲတော်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်ဘေး နှင့် တော်လှန်ရေးအဆက်ဆက်တွင် အသက်ပေးသွားသူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းတို့လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်များမှ ရရှိသည့်ရန်ပုံငွေအချို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနထံလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
-
ဧရာဝတီတိုင်းတွင် အေးသင်္ကြန်ဟုအမည်ပြောင်း၍ လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက အရက်တောင်းသောက်နေ
ဧရာဝတီတိုင်းတွင် အေးသင်္ကြန်ဟုအမည်ပြောင်း၍ လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက အရက်တောင်းသောက်နေ ဧရာဝတီတိုင်းမ် ဧပြီ ၁၄ ရက် ဧရာဝတီတိုင်းဝန်ကြီးချုပ်က သင်္ကြန်ပွဲကို အေးသင်္ကြန်ဟုအမည်ပေးပြီး လမ်းလျှောက်သင်္ကြန်ပြု လုပ်ကာ သင်္ကြန်ပွဲဆင်နွှဲရေကစားနေကြကြောင်း သိရသည်။ ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ဝန်မဏ္ဍပ်ကို ယမန် နေ့ ဧပြီ ၁၃ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ကာ ဖွင့်ပွဲပြုလုပ်ပြီး ယနေ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင်လည်း ဝန်ကြီးချုပ်၊ မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါမကျန် သင်္ကြန်ပွဲပြုလုပ်နေကြကြောင်း သိရသည်။ ငလျင်ဒဏ်သင့်ပြည်သူများကို စာနာသောအားဖြင့် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများရှိ ပြည်သူများ သင်္ကြန်ပွဲပြုလုပ်ခြင်းမရှိသည့်အချိန်တွင် စစ်ခေါင်းဆောင်ဦးဆောင်ပြီး နေပြည်တော်၌ အေးသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်များပြုလုပ်နေကာ ဧရာဝတီတိုင်း၌လည်း တိုင်းဝန်ကြီးချုပ်ဦးဆောင်ကာ သင်္ကြန်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။ ပုသိမ်မြို့တော်ဝန်မဏ္ဍပ်တွင် စတုဒီတာကျွေးမွေးသည့်နေရာကို…
-
အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်
အာဏာသိမ်းစစ်အုပ်စု ပျော်ရွှင်စွာ သင်္ကြန်ပွဲ ကျင်းပသည့် နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ် ဧပြီ ၁၄၊ ၂၀၂၅ သင်္ကြန်ပွဲ ပျော်ရွှင်စွာ ကျင်းပကြတဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုပြီး သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က ဝန်ထမ်းအိမ်ရာအများစုမှာ ငလျင်ဒဏ်ကို သိသာခံစားခဲ့ရပြီး အထက်မြင့် အဆောက်အဦးတွေပေါ်ကနေ အချိန်မီပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇.၆ ကီလိုမီတာကိုဗဟိုပြု၍…