ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

by

in

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)
ဇွန် ၂၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူဟာ ဇွန်လ ၁၉ ရက်က ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ် ကောင်စီတပ်သားတွေကို အလင်းဝင်ဖို့ ခေါ်ဆောင်ရာကနေ အသက်ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘတွေကို ကျားသစ်နက်တပ်မတော်ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။
Video – ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ