ငါးဇွန်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၂၄
မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာ အထိုင်ရဲစခန်းမှ ဂွေးကုန်း အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို Honda Fit ကားတစ်စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မြို့သာ နှင့် ဂွေးကုန်း အကြားတွင် ပေပါမိုင်း ၂ လုံးဖြင့် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၂ သေဆုံးပြီး ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိကာ မှန်ကွဲစများနှင့် ကား အပိုင်းအစများ မိုင်းကွင်း၌ ပြုတ်ကျ ကျန်ခဲ့သည်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။၏
” မြို့သာ အထိုင်ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ခွေး ဗိုလ် ၁ ကောင် အပါအဝင် ၄ ကောင်ကို ကျနော်တို့ မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့သာနဲ့ ဂွေးကုန်း အကြားမှာ ပေပါမိုင်း ၂ လုံးနဲ့ ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ဗိုလ် ၁ ကောင် အပါအဝင် ၂ ကောင်သေတယ်။ ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူက ပြောဆိုသည်။
ခရီးသွား ပြည်သူကားအနေဖြင့် နေ့စဉ် ည ၉ နာရီမှ နံနက် ၄ နာရီ အချိန်ထိ လမ်းပိုင်းကို လုံးဝ မောင်းနှင်ခြင်း မပြုလုပ်ရန်နှင့် ကားမှန်ချပြီး မောင်းနှင်ပေးကြရန် မြင်းခြံ တိုက်နယ် ၃ နဂါးနီ ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။