Category: News

  • လူထုခေါင်းဆောင်​အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက် ■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန် အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့ အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး

    လူထုခေါင်းဆောင်​အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက် ■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန် အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့ အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး

    by

    in

    လူထုခေါင်းဆောင်​အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက် ■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန် အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့ အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး ဇွန်-၁၉၊ ၂၀၂၅။မေရီ/People’s Spring လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ နှစ်လုံးထီ ကစားသူအများအပြား ထီ​ပေါက်ခဲ့ကြပါတယ် ။ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ နှစ်ပြည့်​မွေး​နေ့မှာ နှစ်လုံးထီဟာ ​​မွေး​နေ့ ၈၀ ဂဏန်းရဲ့ပြောင်းပြန် ၀၈ ထွက်ခဲ့တာကြောင့် ထီပေါက်သူအများအပြားရှိခဲ့တာပါ။ ဒီကနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ နှစ်လုံးထီကစားတဲ့ ပြည်သူတွေဟာ ၈၀ ဆိုတဲ့ဂဏန်းကိုအပြန်အလှန် ထိုးခဲ့ကြပြီ ၊ဒီမနက်ထွက်တဲ့ ထိုင်းထီက နောက်ဆုံးဂဏန်းဟာ ၀၈ ဖြစ်နေတာကြောင့် နှစ်လုံးထီကစားသူအများအပြား ထီပေါက်ခဲ့ကြကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ “ဒိုင်တော့သွားပြီပဲ။…

  • ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု

    ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု

    by

    in

    ဒေါ်အောင်ဆန်းစုကြည် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဟု Suu Foundation က သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်အခြေအနေ မည်သူမှ သိခွင့်မရဖြစ်နေဟု NUG မှတ်ချက်ပြု ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက အကျဉ်းချထားစဉ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး၏ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း Suu Foundation က ယမန်နေ့ သတင်းထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ၎င်းကို အကျဉ်းချထားသည့်…

  • ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့ နွေဦးတော်လှန်ရေးနှင့်လည်း ထပ်တူ ရပ်တည်နေသည်ဟု NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ပြောဆို

    ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့ နွေဦးတော်လှန်ရေးနှင့်လည်း ထပ်တူ ရပ်တည်နေသည်ဟု NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ပြောဆို

    by

    in

    ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့ နွေဦးတော်လှန်ရေးနှင့်လည်း ထပ်တူ ရပ်တည်နေသည်ဟု NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ပြောဆို ရန်ကုန်၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသော လုပ်ရပ်များ မလုပ်ဘဲ ပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်နေသည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် မိန့်ခွန်းများတွင် ၎င်းတို့ နှစ်ဦးစလုံးက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ကြခြင်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးမှုကြောင့် အသက် ၈၀ ပြည့်ချိန် အကျဉ်းကျခံရင်း ခက်ခဲသော နှစ်များကို ဖြတ်သန်းနေရကြောင်း၊ တိုင်းပြည်နှင့် လူထုမှာလည်း…

  • Breaking News- ပုလဲမြို့နယ်၊ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း PLA ပြောရေး ဆိုခွင့်ရှိသူ အတည်ပြု

    Breaking News- ပုလဲမြို့နယ်၊ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း PLA ပြောရေး ဆိုခွင့်ရှိသူ အတည်ပြု

    by

    in

    Breaking News- ပုလဲမြို့နယ်၊ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း PLA ပြောရေး ဆိုခွင့်ရှိသူ အတည်ပြု ရန်ကုန်၊ ဇွန် ၁၉ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်ကရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၂ ရက်နေ့မှစ၍ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို PLA ဦးဆောင်သော မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက် နေ့က စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော ဂျက်ဖိုက်တာတစ်စီးကို ပစ်ချဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့နောက် ဆက် လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယနေ့ ဇွန်လ…

  • ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ်

    ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ်

    by

    in

    ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို တင်ထား၊ အမေရိကန်ကလည်း ကြေညာချက်ထုတ် ရန်ကုန်၊ ဇွန် ၁၉ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးများက ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သံရုံးဖေ့ဘုတ်စ်စာမျက်နှာများ၏ နှင်းဆီပန်း၊ လူထုခေါင်းဆောင်၏ ပုံများကို ယနေ့ နံနက်ပိုင်းတွင် ပြောင်းလဲတင်ထားကြသည်။ ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများ၏ သံရုံးများက ၎င်းတို့ ဖေ့ဘုတ်စ်စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည် ပန်းပန်ထားသော…

  • ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ ■ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ ■ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

    by

    in

    ဒေါ်အောင်ဆန်းစုကြည် ၈၀နှစ်ပြည့် မွေးနေ့မှာ ဗြိတိန်နဲ့ အီးယူတို့ သဘောထားရပ်တည်ချက်ထုတ်ဖော်ပြသ ■ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို ဇွန်-၁၉၊ ၂၀၂၅။ People’s Spring မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးနှင့် ဥရောပသမဂ္ဂ(EU)တို့က ၎င်းတို့ရဲ့ ရပ်တည်ချက်များကို ထုတ်ဖော်ပြသကြပါတယ်။ ဗြိတိန်သံရုံးက ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ သံရုံးဖေ့စ်ဘုတ်စာမျက်နှာ profile picture ကို ပြောင်းလဲထားပါတယ်။ ပြောင်းလဲလိုက်တဲ့ သံရုံးရဲ့ဓာတ်ပုံမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုအဖြစ် တင်စားကြတဲ့ နှင်းဆီပန်းပွင့်များကို ထည့်သွင်းထားပါတယ်။ တဆက်တည်းမှာ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဥရောပသမဂ္ဂ(EU)သံရုံးကလည်း…

  • မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ

    မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ

    by

    in

    မြ၀တီမြို့လယ်ခေါင်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းချိတ်ဆွဲ ရန်ကုန်၊ ဇွန် ၁၉ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားကြောင်း မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့လယ်ခေါင် ဘုရင့်နောင်စျေးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်နှစ် ဗီနိုင်းကို ချထားခြင်းဖြစ်ကြောင်း၊ ယင်းနေရာသည် မြ၀တီမြို့မရဲစခန်းနှင့် မလှမ်းမကမ်းတွင် ရှိကြောင်း သိရှိရသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် ဗီနိုင်းကို ချထားတာက မြဝတီမြို့လယ်ခေါင် ဘုရင့်နောင်စျေးမှာကိုကြီးရှေ့မှာဖြစ်ပါတယ်။ ဘေးသိပ်မဝေးတဲ့နေရာမှာ…

  • ရန်ကုန်-ပြည် လမ်းတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာ

    ရန်ကုန်-ပြည် လမ်းတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာ

    by

    in

    ရန်ကုန်-ပြည် လမ်းတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာ ရန်ကုန်၊ ဇွန် ၁၉ ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ် တိုက်ပွဲများတွင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး သံချပ်ကာကားများကိုပါ အသုံးပြုလာကြောင်း သိရှိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း…

  • ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

    ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ)

    by

    in

    ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြောကြား (ရုပ်/သံ) ဇွန် ၁၈၊ ၂၀၂၅ ဇွန်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ဒေါ်‌အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ဆုတောင်းမှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ၊ စစ်ကောင်စီက မုန်းတီးလေဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “မေတ္တာဆိုတာ အသွားအပြန် ရှိတယ်ဆိုတဲ့ စကားလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာကို ပြည်သူက တုန့်ပြန် ရောင်ပြန်ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနာလို ဝန်တိုစိတ် အင်မတန်ကြီးပြီး ပြည်သူကို ရန်သူလို မှတ်ယူလေ့ရှိတဲ့ စစ်အုပ်စုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလေ ဖြစ်ပါတယ်”လို့…

  • ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

    ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

    by

    in

    ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၁၈ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းရွာ အဝင် ဆိုင်းဘုတ်အနီးရှိ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော ရဲ များကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း…