လူထုခေါင်းဆောင်အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက်
■”ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန်
အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့
အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ” -အသက်၆၀အရွယ်အမျိုးသမီတဦး
ဇွန်-၁၉၊ ၂၀၂၅။မေရီ/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ နှစ်လုံးထီ ကစားသူအများအပြား ထီပေါက်ခဲ့ကြပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ နှစ်ပြည့်မွေးနေ့မှာ နှစ်လုံးထီဟာ မွေးနေ့ ၈၀ ဂဏန်းရဲ့ပြောင်းပြန် ၀၈ ထွက်ခဲ့တာကြောင့် ထီပေါက်သူအများအပြားရှိခဲ့တာပါ။
ဒီကနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ နှစ်လုံးထီကစားတဲ့ ပြည်သူတွေဟာ ၈၀ ဆိုတဲ့ဂဏန်းကိုအပြန်အလှန် ထိုးခဲ့ကြပြီ ၊ဒီမနက်ထွက်တဲ့ ထိုင်းထီက နောက်ဆုံးဂဏန်းဟာ ၀၈ ဖြစ်နေတာကြောင့် နှစ်လုံးထီကစားသူအများအပြား ထီပေါက်ခဲ့ကြကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။
“ဒိုင်တော့သွားပြီပဲ။ တရပ်ကွက်လုံး အကုန်ပေါက်ကြတာ။”လို့ မန္တလေး ဆင်ခြေဖုံးရပ်ကွက်က ဒေသခံတဦးက ပြောပါတယ်။
လူထုခေါင်းဆောင်ရဲ့မွေးနေ့မှာ တိုက်ဆိုင်စွာ ထွက်ပေါ်လာတဲ့ဂဏန်းကြောင့် ပြည်သူတွေလည်း အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်။
“ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့ အမေစုအသက်ကို R(ဂဏန်းကိုအပြန်အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး
(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်)
သေတဲ့အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ။”လို့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တခုက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတဦးက ပြောပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးကလည်း “ကျမက 2Dထိုးလေ့မရှိဘူး။ ဒီနေ့တော့ အမေစုမွေးနေ့မို့ ၈၀ နဲ့ ၀၈ကို တစ်ဈေးလုံးထိုးလို့ လိုက်ထိုးတာ ၅၀၀၀ဖိုးပေါက်တယ်။ ၄သိန်းရတယ်”လို့ပြောပါတယ် ။
ပြည်တွင်းမှာ ထိုင်းထီရဲ့နောက်ဆုံး ဂဏန်းတွေကို
နှစ်လုံး ၊သုံးလုံး (2D ၊ 3D ) အဖြစ် ချဲထီးထိုးကြတာဈေးကွက်ဟာကြီးမားပါတယ် ။ 2D ခေါ် နှစ်လုံးထီဟာ မနက် တစ်ကြိမ် ၊ ညနေ တစ်ကြိမ်တစ်ရက်ကို ၂ ကြိမ်ထွက်တာဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကတည်း
က ၈၀ ၊၀၈ ဂဏန်းကို နှစ်လုံးထီ ထိုးသူများခဲ့သလို ဇွန် ၁၉ ရက်မနက်မှာ ၀၈ ထွက်ခဲ့တာ
ကြောင့် တချို့လောင်းကစားဒိုင်တွေဟာ ဒီကနေ့ ညနေပိုင်းမှာ ၈၀ ၊၀၈ ဂဏန်းကို ဒိုင်တချို့ကထိုး
ခွင့်မပေးတော့ဘူးလို့ ပြည်သုအချို့က ပြောပါတယ် ။
” 2Dကညနေလည်း ထွက်တယ်။ မနက်က ၀၈ ထွက်တော့ ညနေကို ၈၀၊၀၈ကို ဒိုင်က ပိတ်ထားတယ်” လို့ ဧရာဝတီတိုင်း ဇလွန်မြို့မှ နှစ်လုံးထီကော်မရှင်စားရောင်းသူတစ်ဦးကပြောပါတယ်။
ဒီကနေ့မှာ စစ်ကောင်စီရဲ့မတရားဖမ်းဆီးအကျဥ်းချခံထားရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တနိုင်ငံလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင်းပနေကြပါတယ်။
(ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ချစ်တယ်”
ဆိုသော စာတန်းကို ဇွန် ၁၉ နေ့မှာ ရန်ကုန်ပစ်
တိုင်းထောင်သပိတ်အဖွဲ့က ချိတ်ဆွဲထားစဥ်။ဓါတ်ပုံ-CJ )