ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

by

in

ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၁၈
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသည့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းရွာ အဝင် ဆိုင်းဘုတ်အနီးရှိ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော ရဲ များကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကား ၁ စီးဖြင့် ရောက်ရှိလာပြီး သေဆုံးသွားသော ရဲ ၂ ဦး၏ ရုပ်အလောင်းကို လာရောက် ကောက်ယူသွားကြောင်း သိရသည်။
“ဂင်ဒိတ်ကုန်းရွာ အဝင် ဆိုင်းဘုတ်အနီးက ရန်ကုန်-ပြည် ကားလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ ရဲတွေကို ဒီနေ့ နံနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်တာလို့ သိရတယ်။ ရဲ ၂ ကောင်သေတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ မိနစ်လောက်ကြာတော့ စစ်ခွေး ကား ၁ စီး ရောက်လာပြီး ရဲခွေး အလောင်းကို လာကောက်သွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။