Category: News
-
မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ်
မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ် ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး၏ နာမည်များ ရရှိပြီး အားလုံးကို ယနေ့ ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက်…
-
မဟာရန်ကုန်အဖြစ်ဆိုးပြီပံသကူလိုက်ကောက်တာ 5လောင်းပြိုင်ဘဲ..
မဟာရန်ကုန်အဖြစ်ဆိုးပြီပံသကူလိုက်ကောက်တာ 5လောင်းပြိုင်ဘဲ..
-
မိုးမောက်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့သဂြိုလ် (ရုပ်/သံ)
မိုးမောက်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့သဂြိုလ် (ရုပ်/သံ) ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ကလေးငယ်များနှင့် ပြည်သူများကို ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူ…
-
ငါ့သရောက်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်တပ်ဒေါက်တိုင်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး
ငါ့သရောက်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်တပ်ဒေါက်တိုင်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၆ မန္တလေးတိုင်း၊ ငါ့သရောက်မြို့နယ်၊ တောပြားကျေးရွာနေ စစ်တပ်ထောက်တိုင်အကြီးစား ကျော်မိုးဆို သူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပုဂံဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခန့်အချိန် ငါ့သရောက်မြို့နယ်အတွင်း အကြမ်း ဖက်စစ်တပ်က စစ်ကြောင်းထိုးရာတွင် ကားမောင်းလိုက်ပါ၍ လမ်းပြအဖြစ်လုပ်ဆောင်ပေးသူလည်းဖြစ်၊ ညောင်ဦးခရိုင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိများ၊ G1 စစ်အရာရှိနှင့်အလွန်ရင်းနှီးသူလည်းဖြစ်သူ ငါ့သရောက်မြို့ နယ်၊ တောပြားကျေးရွာမှ ကျော်မိုးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံး သွားကြောင်း သိရသည်။ “သူက ညောင်ဦးခရိုင် စစစ အရာရှိရယ်၊ G1…
-
Breaking news KIA ခွဲထွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကွယ်လွန်
Breaking news KIA ခွဲထွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကွယ်လွန် အဂမ် မဇ္ဈိမ။ ။ ကချင်လွတ်မြောက်ရေးတပ်(KIA) ထံမှ ခွဲထွက်ထားသည့် ဦးလဆန်အောင်ဝါ (လဝါးယန်ဌာနေပြည်သူ့စစ် ခေါင်းဆောင်) ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) မနက်အစောပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း လဝါးယန်ဌာနေပြည်သူ့စစ်သတင်းရင်းမြစ်များ ဆိုသည်။ အာဏာသိမ်းစစ်ကောင်စီ၏ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးလဆန်အောင်ဝါသည့် ၎င်းထိန်းချုပ်ထားသည် ဝိုင်းမော်မြို့နယ် ဂွေထု/ နောင်းချိန် လဝါးယန်ဌာနေပြည်သူ့စစ်ဌာနချုပ်၌ ယနေ့ မနက် ၈ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ သေဆုံးချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သည့် ဦးလဆန်အောင်ဝါက သူ့ထိန်းချုပ်နယ်မြေအတွင်း တစ်သျုးဌက်ပျောစိုက်ပျိုးခြင်း၊ ရွှေတူးဖော်ခြင်း၊ လောင်းကစာဝိုင်းနှင့် မြစ်ကြီးနားမြို့တွင်းရှိ OSS ရုံးရှေ့က စက်ဘီး/ဆိုင်ကယ်/ကား အပ်နှံခြင်းလေလံများစွာကို ချုပ်ကိုင်ရရှိထားသူလည်း…
-
ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ မပေးနိုင်သည့် ရပ်ကွက်တစ်ခုလျှင် ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူ
ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ မပေးနိုင်သည့် ရပ်ကွက်တစ်ခုလျှင် ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူ ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၅ ရက် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်း သင်တန်းသားမပေးနိုင်သည့် ရပ်ကွက်များကို ငွေကျပ်သိန်းသုံးဆယ်ကျော်တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။ င်္ဟသာတမြို့နယ်တွင် မြို့ပေါ် ၂၁ ရပ်ကွက်ရှိပြီး မြို့နယ်ခွဲ နှစ်ခုမှ ရပ်ကွက် ၁၀ခုရှိရာ စုစုပေါင်း ရပ်ကွက် ၃၁ ခုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား မပေးနိုင်သည့် ရပ်ကွက်အလိုက်ကို ကျပ်ငွေသိန်းသုံးဆယ်ကျော်အထိ တောင်းယူသည်ဟု ထွေအုပ်ရုံးနှင့်နီးစပ်သူများက ပြောသည်။ “ရုံးပေါ်က အကြီးတန်း စာရေးမနဲ့ စကားပြောပြီး အုပ်ချုပ်ရေးမှူးကိုငွေပေးရတယ်။ ငွေပေးနိုင်ရင်တော့ ဘာမှမပြောဘူး၊ ငွေမပေးနိုင်တဲ့ ရပ်ကွက်အပိုင် အုပ်ကြီးနဲ့စာရေးတွေကို ပြည်သူ့စစ်မှုထမ်းမပေးနိုင်ရင် တိုင်းရုံးသွားရှင်းရမယ်၊ အရေးယူတာတွေလုပ်မယ်ဆိုပီးခြိမ်းခြောက်နေတယ်”ဟု…
-
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ
မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းနှင့် မန္တလေးတိုင်း၊ မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူထားကြောင်း တော်လှန် ရေး တပ်များက ထုတ်ပြန်ပြောဆိုထားသည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် တပ်တွင်း ဖရဲသီးသတင်းပေးများ ၏သတင်းပေးပိုချက်အရ ဟက်စကီး ကွင်း နှင့် တောင်ပိုင်းလေတပ်အရာရှိများ နေအိမ်သိုကျရောက်ခဲ့ပြီး အရာရှိ…
-
Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ
Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ နိုဝင်ဘာ ၁၅၊ ၂၀၂၄ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ မြို့ပြပေါ်က လူငယ်တွေကို အတင်းအဓမ္မတပ်သားသစ်အဖြစ် စုဆောင်းနေတာကြောင့် ဒီအခြေအနေကို ရှောင်လွှဲလိုတဲ့ လူငယ်တွေအတွက် အထူးအခွင့်အရေးဖြစ်တယ်လို့လည်း Yangon Federal Army က ဆိုပါတယ်။ ပြည်သူလူထုအတွက် မိမိအသက်ကို စွန့်လွှတ်စွန့်စားလိုတဲ့ လူငယ်တွေကို Yangon Federal Army ( Y.F.A ) က ကြိုဆိုနေပြီး Yangon Federal Army (…
-
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ ရန်ကုန်၊ နိုဝင်ဘာ ၁၆ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်ပြီး အပျက်အစီးများပြားကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် တန်ဆောင်တိုင်လပြည့်ညတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ Inle Princess Resort ဟိုတယ်တွင် မီးများလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျသွားကြောင်း၊ ဟိုတယ် မီးလောင်မှုမှာ ကနဦး…