ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး PNO ပြည်သူ့စစ် ဗိုလ် မှူးအပါအဝင် စစ်သားအများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောာင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက် ရရှိခဲ့ရာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင် စစ်သား အများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက သတင်းထုတ်ပြန် သည်။
မေလ ၁၇ ရက်နေ့မှစတင်၍ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်သား၊ PNO ပြည်သူ့ စစ်များ ပူးပေါင်းကာ တပ်စွဲထားသည့် စစ်ကေင်စီစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းမကျဆုံးစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက်ကြီးပစ်ကူအမြောက်အများအသုံးပြုကာ ခုခံခဲ့ကြောင်း သိရသည်။
ထိုသို့ လေကြောင်းလက်နက်ကြီးပစ်ကူအမြောက်အများအသုံးပြုခုခံခဲ့သော်လည်း မေလ ၂၆ ရက် နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဗိုလ်မှူး အပါအဝင် အတင်းအဓမ္မစစ်သား စုဆောင်းခံရသူ ပအိုဝ်းလူငယ်အများ အပြား သေဆုံးမှုရှိပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အမြောက် အများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
“အခုအချိန်အထိ စစ်ရေးတင်းမာနေတုန်းပဲ။ သူတို့ဘက်ကလည်း ယာယီအားဖြင့် ဆုတ်ခွာသွားပေမယ့် ပြန်ပြီး စစ်ကြောင်းထိုးမယ့် အလားအလာရှိတယ်။ အခုအချိန်အထိ ပြည်သူတွေ သွားလာဖို့ စိတ်မချရသေးပါဘူး။ ပြည်သူတွေ သတိထားသွားလာကြဖို့ ပြောချင်ပါတယ်” ဟု ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဆောင်းပြောင်း ကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အချို့သော တော်လှန်ရေး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်းပြောင်းကျေးရွာစခန်းသိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် PNO ပြည်သူ့စစ်များသည် ဆောင်းပြောင်းကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ကြောင်း ၊ တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာနေ ပြည်သူအားလုံးထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။