Category: News
-
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
အုတ်တွင်း အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း A. D .G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀…
-
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့ ဇွန်-၆၊၂၀၂၅။ကဖေး/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ “MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ”ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။ ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။ ၎င်းက ” သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ” ဟုဆက်ပြောသည်။ အဆိုပါအဖွဲ့သည်ဗန်းမောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက်…
-
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန် တာဝါတိုင်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက် ရန်ကုန်| ဇွန် ၆ ရခိုင်ရိုးမနှင့် ဆက်စပ်နေသော မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်း၏ အဓိက ကာကင်းကုန်းဖြစ်သော တာ ဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြော သည်။ နတ်ရေကန်စခန်းသိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေပြီး ကာကင်း တာဝါတိုင်စခန်းကို ဇွန်လ ၄ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ ကာကင်း တာဝါတိုင်စခန်းနှင့် နတ်ရေကန်စခန်းမှာ မီတာ ၂၀၀၀ ခန့်သာ ဝေးကွာကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “အမ်း-ပဒါန်းလမ်းပိုင်းက နတ်ရေကန်စခန်းရဲ့ အဓိက ကာကင်းကုန်းပေါ့နော်။ သူနဲ့လည်း မီတာ…
-
ညောင်ဦး-ချောက်လမ်းတွင် ဖမ်းဆီးရရှိသော စစ်တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေ နှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ပြည်သူ့ သစ္စာအဓိဋ္ဌာန် ဆိုခိုင်း (ရုပ်/သံ)
ညောင်ဦး-ချောက်လမ်းတွင် ဖမ်းဆီးရရှိသော စစ်တပ်မှ ဗိုလ်ကြီး ညီညီမျိုးဆွေ နှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ပြည်သူ့ သစ္စာအဓိဋ္ဌာန် ဆိုခိုင်း (ရုပ်/သံ) ရန်ကုန် ၊ ဇွန် ၆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီးစိုးထွဋ်ကျော်တို့ကို အရှင်ဖမ်းမိခဲ့ကြောင်း ညောင်ဦးမြို့ နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ လွန်ခဲ့သော တစ်ပတ်ခန့် ညောင်ဦးမြို့နယ်၊ ညောင်ဦး -ချောက်ကားလမ်းပိုင်းတနေရာတွင် ပြည် သူ့ကာ ကွယ်ရေးအဖွဲ့ဝင်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် နေပြည်တော်မှ ချောက်၊ ရေနံ ချောင်းဘက်သို့ ကိုယ်ပိုင်ကားဖြင့် စီးလာသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ညီညီမျိုး ဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း…
-
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ ■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ်
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ ■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ် ဇွန် ၆ ၊၂၀၂၅။ ရဲခေါင်/People’s Spring ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနား ကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်း အဝယ်ပြုလုပ်နေသူအချို့က ပြောသည်။ ယနေ့(ဇွန်လ ၆ ရက်) နံနက်ပိုင်း ပြင်ပရွှေစျေးကွက် အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ရှစ်သောင်း ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇၃ သိန်း ခြောက်သောင်းကျပ်ဝန်းကျင်ရှိလာသည်။ ထို့အတူ ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့ထက် တစ်ဒေါ်လာ လျှင် ဝယ်စျေး ၄၄၀၀ ကျပ် နှင့် ရောင်းစျေး ၄,၄၃၀ ကျပ် ရှိသည်။ “ရွှေစျေးကတော့ ပြီးခဲ့တဲ့…
-
နေပြည်တော်နှင့်ဧရာ၀တီတိုင်းမှ ရဲမှူးများ၊ ရဲအရာရှိများက လိုင်စင်မဲ့ကားအရောင်းအဝယ် ဆက် လက် လုပ်ကိုင်ပြီး လိုင်စင်မဲ့ကားများ စီးနင်းနေဆဲ
နေပြည်တော်နှင့်ဧရာ၀တီတိုင်းမှ ရဲမှူးများ၊ ရဲအရာရှိများက လိုင်စင်မဲ့ကားအရောင်းအဝယ် ဆက် လက် လုပ်ကိုင်ပြီး လိုင်စင်မဲ့ကားများ စီးနင်းနေဆဲ ရန်ကုန်၊ ဇွန် ၆ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရုံးမှ ဒုရဲမှူး ချစ်စမ်းမောင်နှင့် ၎င်း၏ မယားညီအစ်ကို ဒုရဲမှူး အောင်နိုင်မိုးတို့ နှစ်ဦးသည် လိုင်စင်မဲ့ကားအရောင်းအဝယ် အပါ အဝင် ရာဇဝတ်လုပ်ငန်းများကို လုပ်ကိုင်ကြီးပွားလာပြီး လက်ရှိအချိန်အထိ လိုင်စင်မဲ့ကားရောင်းဝယ်မှုများနှင့် ဆက်စပ်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရဲမှူးအောင်နိုင်မိုးသည် အာဏာသိမ်းခါစကာလက အင်းစိန်မြို့နယ်မှူးဘဝတွင် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့သည့်အတွက် အချိန်တိုအတွင်း ရဲမှူးရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရပြီး ဧရာ၀တီတိုင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ယင်းနောက် လိုင်စင်မဲ့ကားအရောင်းအဝယ်၊ ကျားဖြန့်၊ လောင်းကစားလိုင်းကြေးကောက်ခံခြင်း အပါအဝင် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်၍ အချိန်တိုအတွင်း ချမ်းသာကြွယ်၀လာကြောင်း သိရှိရသည်။ ဒုရဲမှူး…
-
စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦးသေ (ရုပ်/သံ)
စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦးသေ (ရုပ်/သံ) ဇွန် ၆၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို Zo Army ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က တစ်ပွင့်ဗိုလ်အရာရှိအပါအဝင် ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Video- Zo…
-
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ
မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ ရန်ကုန်၊ ဇွန် ၆ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် ၂ ဦး အပါအဝင် စစ်အရာရှိ ၁၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်နှင့်ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုစည်းထားသော သတင်းအချက်အလက်များအရ သိရှိရသည်။ မေလအတွင်း စစ်ကောင်စီတပ်မှ အရာရှိနှင့်စစ်သည်အများအပြား တိုက်ပွဲအတွင်း သေဆုံးခြင်း၊ ဗန်းမော်တွင် ရဟတ်ယာဉ် ၂ စီးပစ်ခတ်ခံရပြီး ပျက်ကျ၍ စစ်တပ်မှ အရာရှိနှင့်စစ်သည်အများအပြား သေဆုံးခြင်း အပါအဝင် အရေအတွက်အားဖြင့် များစွာ သေဆုံးခဲ့သော်လည်း…
-
ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း ILOက စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် NUG က ကြိုဆို
ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း ILOက စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် NUG က ကြိုဆို ရန်ကုန်၊ ဇွန် ၆ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသော်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) က စစ်ကောင်စီကို Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်မှု မြန်မာပြည်သူလူထု၏ အောင်ပွဲအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ အလုပ်သမားဝန်ကြီးဌာနက ကြိုဆိုလိုက်သည်။ ယမန်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (113th ILC) တွင် ILO က စစ်ကောင်စီ၏ အခြေခံ…
-
အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ
အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ ရန်ကုန်၊ ဇွန် ၆ အကြမ်းဖက်စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ပြီးနောက် စစ်တပ်ဝင်ငွေရလမ်း ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်း မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Employer Federation -MEF)မှ အထွေ ထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်နေသော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီ လာခံ (ILC) တွင် လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး…