Category: News

  • အာရှလမ်းမတွင်အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်ခံရလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေ၊ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီဘက် စစ်ကူမပေးနိုင်

    အာရှလမ်းမတွင်အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်ခံရလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေ၊ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီဘက် စစ်ကူမပေးနိုင်

    by

    in

    အာရှလမ်းမတွင်အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်ခံရလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေ၊ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီဘက် စစ်ကူမပေးနိုင် အောင်လေး ၊ Salween Press နိုဝင်ဘာလ ၇ ရက်နေ၊ ၂၀၂၄။ ကရင်ပြည်နယ် အာရှလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံစစ်ရေးဆိုင်ရာ သတင်းရင်းမြစ်ထံမှသိရှိရသည်။ အဆိုပါတိုက်ပွဲသည် ‌အာရှလမ်း တောနော်ရေတံခွန်ဘက်သို့ တက်လာသည့်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ရှေ့တိုးမရ နောက်ဆုတ်မရအခြေနေမှာရှိပြီး ထိခိုက်ကျဆုံးမှုများတယ်လို့ဆိုပါတယ်။ ‌ အထိနာသည့်တပ်အတွက် လက်နက်ကြီးများလည်းပစ်ကူပေးတာရှိသည်ဟု သတင်းရင်းမြစ်ကဆိုပါတယ်။ ‌ “တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က စစ်ကူမပေးနိုင်ဘူး။ တံတားဦးဘက်ခြမ်းမှာလည်း နှစ်ဘက်ထိတွေ့မှု ရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။ ဒါ့အပြင် ၅တိုင်နှင့်၆တိုင်တွင် စစ်ကောင်စီတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား၅ဦးသေဆုံးပြီး ကား ၂ စီးချန်ပြီး ကျန်ကားများကော့ကရိတ်ဘက်သို့မောင်းပြေးသည်ဟုဆိုသည်။ တိုက်ပွဲကြောင့်စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်မြောက်ဘက်ခြမ်း ရန်ကုတ်ရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲမှုများလည်းလုပ်ဆောင်နေသည်ဟုဆိုသည်။…

  • နောင်ချိုရှိ တောင်းခမ်းနှင့် သဲခေါ်ရွာတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ် ဒဏ်ရာရသူများနေဟု TNLAပြော

    နောင်ချိုရှိ တောင်းခမ်းနှင့် သဲခေါ်ရွာတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ် ဒဏ်ရာရသူများနေဟု TNLAပြော

    by

    in

    နောင်ချိုရှိ တောင်းခမ်းနှင့် သဲခေါ်ရွာတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ် ဒဏ်ရာရသူများနေဟု TNLAပြော ဒီးဒီ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တောင်းခမ်းနှင့် သဲခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း တအာင်းတပ်မတော်(TNLA)၏ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက People’s Springသို့ ပြောသည်။ နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့သို့ သွားရာလမ်းပိုင်းရှိ တောင်းခမ်းကျေးရွာတွင်ရှိသော စစ်ကောင်စီ၏အမြောက်တပ် အမတ (၃၅၄)တပ်စခန်းနေရာနှင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာ မန္တလေး – လားရှိုးလမ်းမကြီးပေါ်ရှိ သဲခေါ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲများမှာ ယမန်နေ့(နိုဝင်ဘာ ၆ရက်)အထိ ပြင်းထန်နေသည်ဟု TNLAက ပြောသည်။ ” တောင်းခမ်းကတိုက်ပွဲနေရာမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်။ ဂန့်ဂေါဘက် သဲခေါ်ရွာဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်”ဟု TNLA၏ ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက…

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဆယ်ရင်းကို အာရက္ခတပ်တော်သိမ်းပိုက်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဆယ်ရင်းကို အာရက္ခတပ်တော်သိမ်းပိုက်

    by

    in

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဆယ်ရင်းကို အာရက္ခတပ်တော်သိမ်းပိုက် Border News Agency အမ်း၊နိုဝင်ဘာ ၇။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဆယ်ရင်းထိ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့စစ်ကောင်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။ အဲဒီအမ်းမြို့နယ်၊လုံကောက်အုပ်စုရှိ အမှတ် ၃၇၂ခြေမြန်တပ်ရင်း၊အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ အဲဒီအပြင် အမ်းမြို့နယ်၊အမ်းမြောက်အုပ်စုရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ခွဲ၊အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊အမှတ် ၂ ကုတင် ၃၀၀ တပ် မတော်ဆေးရုံ၊အမှတ် ၃၇၃ ခြေမြ န်တပ်ရင်းကိုလည်း အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နောက်ပြီး အမ်းမြို့၊စျေးရပ်ကွက်ရှိအမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ် ရင်း၊လေယာဥ်ကွင်းရပ်ကွက်ရှိ အမှ တ် ၁၀ တပ်ထိန်းတပ်ခွဲ၊အမ်းတောင်အုပ်စုရှိ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။…

  • ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာ

    ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာ

    by

    in

    ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာ ၆.၁၁.၂၀၂၄ −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−− ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ပါသည်။တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက် ယူနက်စကို၏ ဆုံးဖြတ်ချက်(မူကြမ်း)၌ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိသည်ကို ယူနက်စကို၏ Website တွင် တွေ့ရှိရပါကြောင်း အများပြည်သူ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။ Department of Archaeology and National Museum

  • တောင်ကုတ်တွင် စစ်တပ်နှင့် AA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကျဲမှုများဖြင့် အပြင်းအထန် ခုခံနေ

    တောင်ကုတ်တွင် စစ်တပ်နှင့် AA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကျဲမှုများဖြင့် အပြင်းအထန် ခုခံနေ

    by

    in

    တောင်ကုတ်တွင် စစ်တပ်နှင့် AA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကျဲမှုများဖြင့် အပြင်းအထန် ခုခံနေ ရန်ကုန်| နိုဝင်ဘာ ၇ ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီးနှင့် ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရာချီ ကျဲချတိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။…

  • တော်လှန်​ရေးအင်အားစုများရဲ့ ဘုံနိုင်ငံ​ရေးဦးတည်ချက် ၆ချက်လက်ခံ​တဲ့ စစ်တပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမယ်လို့ ရှင်းလင်း​ပြောကြား

    တော်လှန်​ရေးအင်အားစုများရဲ့ ဘုံနိုင်ငံ​ရေးဦးတည်ချက် ၆ချက်လက်ခံ​တဲ့ စစ်တပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမယ်လို့ ရှင်းလင်း​ပြောကြား

    by

    in

    တော်လှန်​ရေးအင်အားစုများရဲ့ ဘုံနိုင်ငံ​ရေးဦးတည်ချက် ၆ချက်လက်ခံ​တဲ့ စစ်တပ်တာဝန်ရှိသူများနှင့် ဆွေးနွေးမယ်လို့ ရှင်းလင်း​ပြောကြား -People’s Spring အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်နေချိန်မှာ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ဘုံနိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံတဲ့ စစ်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်​ဖော်​ပြောကြားလိုက်ပါတယ်။ တော်လှန်ရေးအဖွဲ့များက စစ်အာဏာသိမ်းမှုကို ဖယ်ရှားအဆုံးသတ်ပြီးပါက မြန်မာစစ်တပ်တာဝန်ရှိသူများ ကျန်ရှိနေဦးမှာဖြစ်ပြီး အဲဒီကျန်ရှိနေသူ စစ်တပ်တာဝန်ရှိသူများက ဘုံနိုင်ငံ ရေးဦးတည်ချက် ၆ရပ်ကို လက်ခံပါက ယင်းတာဝန်ရှိသူများနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၅ရက်မှာ ကျင်းပခဲ့တဲ့ NUG ၊ K2C ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “နိုင်ငံရေးဦးတည်ချက် ၆ရပ်ကို လက်ခံလာရင်၊ စစ်ကောင်စီက လက်ခံလာရင် ဆိုတာာထက် မြန်မာစစ်တပ်…

  • တပ်သားသစ်စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့်ပျူစောထီးများကို ငွေကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာ

    တပ်သားသစ်စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့်ပျူစောထီးများကို ငွေကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာ

    by

    in

    တပ်သားသစ်စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့်ပျူစောထီးများကို ငွေကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာ ရန်ကုန်၊ နိုဝင်ဘာ ၇ မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့် ပျူစောထီးများကို ငွေ ကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာနေကြောင်း ဖမ်းဆီးခံရသောလူငယ်များ၏ မိဘဆွေမျိုးများ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် အောက်တိုဘာလအတွင်း ခရီးသွားလူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့သူများမှာ လှိုင်သာယာမြို့နယ် အခြေစိုက် လူမိုက်များ၊ ပျူစောထီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်ကြောင်း သိရှိရသည်။ “လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကြည်သာဇော်ရဲ့ ခိုင်းစေချက်အရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆန်းမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေလင်းမိုး၊ ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထက်တို့က လက်သပ်မွေးထားတဲ့…

  • မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

    မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

    by

    in

    မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော နိုဝင်ဘာ ၇၊ ၂၀၂၄ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ် MNDAA ၊ TNLA နဲ့ AA တို့မှာ ငြိမ်းချမ်းရေးအတွက်လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့သက်သေပြနိုင်မှာ ဆွေးနွေးနိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံကိုရောက်ရှိစဉ် တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။ နိုင်ငံရေးအရ ပြောင်းလဲဖြစ်ပေါ်မှုများ၊ စိန်ခေါ်မှုများကို နှစ်နိုင်ငံအကြား ခိုင်မြဲတဲ့ ဆက်ဆံရေးဖြင့် အတူတကွ လက်တွဲကျော်ဖြတ်နိုင်ခဲ့ကြလို့ အခုကိစ္စရပ်မှာလည်း တရုတ်နိုင်ငံရဲ့ ရပ်တည်မှုဟာ အရေးပါတယ်လို့ မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။ နေ့စဉ် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက မြောက်ပိုင်းတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးကိုမလိုလားတဲ့သဘောကိုဆောင်ကြောင်း တရုတ်နိုင်ငံနဲ့တွေ့ဆုံစဉ်မှာ…

  • MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု

    MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု

    by

    in

    MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု ရန်ကုန်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားသည်။ နိုဝင်ဘာလ ၆ ရက်နေ့ မဲခေါင်အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ တိုင်ကြားလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် ၂၀၁၈…

  • မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

    မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

    by

    in

    မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ) နိုဝင်ဘာ ၆၊ ၂၀၂၄ မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။ ပျူတွေဆီကနေ M16သေနတ် ၂ လက်၊ G3 ၁ လက်၊ 5.56 ကျည် ၁၈၀ တောင့်၊ G3ကျည် ၈၀ တောင့်၊ ဖုန်း၂လုံးနဲ့ Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့…