Category: News

  • နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

    နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

    by

    in

    နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ ရန်ကုန်၊ မေ ၂၆ နေပြည်တော်နှင့် နီးကပ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ မေလ ၁၇ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆက်တိုက်သလို တိုက်ပွဲများ ဖြစ်ပွားလိုက် နားလိုက်ဖြင့် နေ့စဉ် ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း၊ ကရင်နီ KNDF တပ်များနှင့် စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲများအတွင်း စစ်တပ်နှင့်PNO ဂိတ်စခန်းတချို့ကို သိမ်းပိုက်ရရှိပြီး PNO စစ်သားတချို့ကိုလည်း အရှင်ဖမ်းဆီးရရှိမှုများရှိကြောင်း၊…

  • မန္တလေး အင်းဝဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်

    မန္တလေး အင်းဝဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်

    by

    in

    တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စျေးချိုတော်နဲ့ နာရီစင်အနီးက အင်းဝဘဏ်မှာ မေ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီးတယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက် ၈၄ လမ်းနဲ့ ၂၆ လမ်းထောင့်ရှိ အင်းဝဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားအချင်းချင်း စကားများရာက အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “စစ်သားတွေ အပြန်အလှန်ပစ်ကြတာ၊ စျေးရော၊ ဘဏ်ရော ခဏပိတ်ထားရတယ်။ ခဏနေတော့ လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ဒဏ်ရာရလား သေလားတော့ မသိဘူး။” အင်းဝဘဏ်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီးနဲ့ တပ်သားတယောက်တို့ စကားများရာကနေ တပ်သားက…

  • ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်.. စစ်အုပ်စုဘက်မှ ၄ဦးသေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ..

    ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်.. စစ်အုပ်စုဘက်မှ ၄ဦးသေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ..

    by

    in

    ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်.. စစ်အုပ်စုဘက်မှ ၄ဦးသေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ.. မေ ၂၅၊ ၂၀၂၅ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ မေလ ၁၅ရက်၊ မနက် ၆နာရီအချိန်ကစလို့ နွားထိုးကြီးမြို့မရဲစခန်းနဲ့ ထန်းဇင်ရွာ၊ ဂတ်စ်ပိုင်းလိုင်းနေရာက စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒီတိုက်ပွဲကို နွားထိုးကြီး ပကဖနဲ့အတူ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက ဖော်ဆောင်ခဲ့တာဖြစ်ပြီး ၉/အညာမြေ စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအပြီး စစ်အုပ်စုဘက်က…

  • ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး

    ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး

    by

    in

    ကြံခင်းမြို့နယ်မှာ သမက်ဖြစ်သူကသတ်လို့ ယောက္ခမ ၂ယောက်သေဆုံး မေ ၊ ၂၆ ၊ ၂၀၂၅ SP(VOM) ဧရာ၀တီတိုင်း မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ် ၊ဆုံလဲကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာမှာ မေ၂၅ရက် မနေ့ ၁၁ နာရီခွဲ၀န်းကျင်က နှစ်လောင်းပြိုင်လူသတ်မှုတခုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” ဖြစ်စဥ်မှာ သမက်ဖြစ်သူက သူ့မိန်းမရဲ့ မိဘနှစ်ပါးကို ပြန်သတ်လိုက်တာပါ ၊ ဘာအတွက်ကြောင့် အခုလို သတ်လိုက်တာဖြစ်တယ်လို့ မသိရသေးဘူး ၊ သေဆုံးတဲ့သူတွေကတော့ ဦးဌေးမြင့်နဲ့ သူ့မိန်းမ ဒေါ်ယဥ်ရွှေတို့ဖြစ်တယ် ” လို့ ကြံခင်းမြို့မရဲစခန်းက တာ၀န်ရှိသူ တယောက်က ပြောပါတယ်။ “သူတို့သမက်က ကားနဲ့ရောက်လာပြီး ယောက္ခထီးနဲ့ ယောက္ခမဖြစ်သူကိုသတ်သွားတာဖြစ်တယ် ၊ သူ့ယောက္ခမကတော့ နေရာတင် ပွဲချင်းပြီးသေတယ်၊ သူ့ယောက္ခထီးဖြစ်သူက ဆိပ်သာဆေးရုံမှာရောက်မှသေတယ်၊ ပြစ်မှုကျူးလွန်သူက ဘက်ရဲမြို့…

  • AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ

    AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ

    by

    in

    AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီး အကျယ်စုဆောင်းပြီး စစ်သင်တန်းများနှင့် ရက်တို ပစ်ခတ်မှု သင်တန်းများ ဆက်တိုက်ပေးနေ ရန်ကုန်၊ မေ ၂၆ ဧရာ၀တီတိုင်းတွင် AA နှင့် PDF များ ဝင်ရောက်လာမည်ဟုဆိုကာ အင်္ဂပူမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် စစ်တပ်က စစ်သားသစ်များ အကြီးအကျယ်စုဆောင်းပြီး စစ်သင်တန်းများ ဆက်တိုက်ပေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ AA နှင့် PDF များ ဝင်ရောက်လာ၍ လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ၊ ကွင်းကောက်တို့တွင် စစ်သားများ အကြီးအကျယ် စုဆောင်းနေပြီး ပြည်သူ့စစ်သင်တန်းများ ပို့ချလျက်ရှိကြောင်း၊ ကျေးရွာများတွင် နေ့စဉ် လူငယ်များ ဆက်တိုက်…

  • နေပြည်တော်တွင်  Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ

    နေပြည်တော်တွင် Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ

    by

    in

    နေပြည်တော်တွင် Modular Office နှင့် House များ အပါအဝင် ယာယီအဆောက်အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ ဦးပိုင်နှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိ ရန်ကုန်၊ မေ ၂၆ ငလျင်ဒဏ်သင့် နေပြည်တော်တွင် Modular Office နှင့် Modular House များ အပါအဝင် ယာယီအဆောက် အအုံ တည်ဆောက်မှုအတွက် လိုအပ်သော သွင်းကုန်များကို မင်းအောင်လှိုင်သားအောင်ပြည့်စုံ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့်စစ်တပ် အသိုင်းအ၀ိုင်းက တင်သွင်းခွင့်ရရှိထားကြောင်း သိရှိရသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ အများအပြား ပြိုကျပျက်စီးခဲ့ရာ စစ်ကောင်စီက ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ယာ ယီ အဆောက်အအုံများအဖြစ် Modular Office…

  • မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား

    မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား

    by

    in

    မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား BVJ/ထက်အောင် _ မေ ၂၅ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပူးပေါင်း ဖွင့်လှစ်ထားတဲ့ မြေပြင်မှာရှိတဲ့ စာသင်ကျောင်းအားလုံး ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့က မေလ ၂၅ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းကနေ နည်းလမ်းမျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ အပြစ်မဲ့ ကလေးသူငယ်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိစေဖို့အတွက်…

  • ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ

    by

    in

    ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားဖြစ်သူ ကိုထိန်လင်း လက်ခံ ရန်ကုန်၊ မေ ၂၅ လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဂုဏ်ရည်ဆုသည် မြန်မာပြည်တွင်းမှ ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများမှ ဝိုင်းဝန်းဂုဏ်ပြုကြတဲ့ ဆု ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့ဂုဏ်ရည် အသင်းက ၂၀၂၅ ခုနှစ်၊ ၁၆ ကြိမ်မြောက် ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင်…

  • ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက အရေးပေါ် ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေ

    ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက အရေးပေါ် ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေ

    by

    in

    ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက အရေးပေါ် ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေ ဧရာဝတီတိုင်းမ် မေ ၂၅ ရက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ မသုံရွာ တဝိုက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြန်လည် ပြင်းထန်နေကြောင်း သိရသည်။ ညောင်ကျိုးမှနေ၍ မသုန်ဘက်သို့ ယခု မေလနောက်ဆုံးပတ်အတွင်းတွင် စစ်ရေးရောက်ရှိလာပြီး စစ်ကောင်စီ၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ကူပေးနေပြီး စစ်ရေးမှာ ညောင်ခြေထောက်ဘက်သို့ တက်လာခြင်းမရှိဘဲ မသုံဘက်တွင် ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ညောင်ခြေထောက်နဲ့ ဥသျှစ်ပင်ဘက်ကို တိုက်ပွဲရောက်လာမယ်ထင်ပြီး စစ်ပြင်ဆင်ထားတာ။ ကပစ ၁၆ ထဲမှာလည်း လူအင်အားတွေဖြည့်ပြီး လက်နက် ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်။ ဒါပေမဲ့ တိုက်ပွဲက…

  • တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ

    တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ

    by

    in

    တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ မေ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။ အမြန်လမ်း (၁၇၄)မိုင်နှင့် ၆မ်ိုင်ခန့်အကွာရှိ စပါးကြွယ်ကျေးရွာအနီးတွင် မေလ ၂၃ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယ‌နေ့(မေလ ၂၅ရက်)အထိ စစ်ရေးတင်းမာနေသလို အမြန်လမ်းနှင့် (၁)မိုင်ခန့်အကွာရှိ ကြက်တက်ညောင်ပင်ကျေးရွာတွင်လည်း ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။ ” အမြန်လမ်းနဲ့ ပိုနီးလာတယ်။မနက်ကတည်းက သေနတ်သံတွေကြားရတယ်။လေယာဉ်က တမနက်လုံးဝဲနေတယ်။ ရွာတွေဘက်ကနေ မြို့ပေါ်ကိုပြေးလာတာအများကြီးပဲ”ဟု တောင်ငူမြို့ခံကပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ကြက်တက်ညောင်ပင်ကျေးရွာမှ စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် အိမ်ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ပြီး…