Category: News

  • “ပရဟိတမျက်နှာဖုံး၏နောက်ကွယ်မှ သရုပ်ဆောင်ခိုင်နှင်းဝေ၏အတ္တဟိတများ’

    “ပရဟိတမျက်နှာဖုံး၏နောက်ကွယ်မှ သရုပ်ဆောင်ခိုင်နှင်းဝေ၏အတ္တဟိတများ’

    by

    in

    “ပရဟိတမျက်နှာဖုံး၏နောက်ကွယ်မှ သရုပ်ဆောင်ခိုင်နှင်းဝေ၏အတ္တဟိတများ’ AAMIJ/မေ၂၅ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့ကိုဗဟိုပြု၍ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး မတ် ၂၈ ကလှုပ်ခတ်ခဲ့သည်။ ကမ္ဘာ့သတင်းများတွင်ပင် ဟိုးလေးတကျော် ဖြစ်ခဲ့ရသော မြန်မာငလျင်သည် လူပေါင်း ၃၇၀၀ကျော် တို့ကို သေဆုံးစေခဲ့ပြီး ၅၀၀၀ ကျော် ဒဏ်ရာရခဲ့ကာအိုးမဲ့အိမ်မဲ့ပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့သည်။ စစ်ကောင်စီသည် ငလျင်ကြီးတိုက်ခတ်ပြီးချိန်တွင်ပင် နေရာတစ်ချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုကူညီရေးအသင်းများ၊ ပရဟိအဖွဲ့များကပင် ကိုယ်ထူကိုယ်ထ စလုပ်ခဲ့ ကြရသည်။ ပြီးခဲ့သည့်လအတွင်း မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်း၌နိုင်ငံတကာမှ လာရောက်ကူညီသော ကယ်ဆယ်ရေးအဖွဲ့များနှင့် မြန်မာလူမှုကူညီရေးအသင်းများ၏ ကယ်ဆယ်ရေးလုပ်ကြ သည့်သတင်းများ၊ ပရဟိတအဖွဲ့များ၏လှူဒါန်းမှုများ၊ငလျင်အတွင်း မိမိမိသားစုဝင်အသက်ကယ်နိုင်ရေး အကူညီတောင်းခံသည့် အသံများဖြင့် ဆူညံပွက်လောရိုက် နေခဲ့သည်။ ထိုအထဲ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ၏ လှူဒါန်းမှုပုံစံကိုဝေဖန်စောကြောသည့် သတင်းများ လည်းပါဝင်ခဲ့သည်။ အသက် ၄၄ နှစ်အရွယ်ရှိ…

  • နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် ဂတ်စ်တွန်းစက်စခန်းကို တော်လှန် ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ထား၊ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်စစ်စခန်းများကို သိမ်းပိုက်ထားမှု နိုင်ငံရေးအရ အရေးကြီးဟုဆို

    နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် ဂတ်စ်တွန်းစက်စခန်းကို တော်လှန် ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ထား၊ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်စစ်စခန်းများကို သိမ်းပိုက်ထားမှု နိုင်ငံရေးအရ အရေးကြီးဟုဆို

    by

    in

    နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် ဂတ်စ်တွန်းစက်စခန်းကို တော်လှန် ရေးတပ်များက တိုက် ခိုက်သိမ်းပိုက်ထား၊ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်စစ်စခန်းများကို သိမ်းပိုက်ထားမှု နိုင်ငံရေးအရ အရေးကြီးဟုဆို ရန်ကုန်၊ မေ ၂၇ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီးရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့်ဂတ်စ်တွန်းစက်စခန်းကို ဝင် ရောက် တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ဂျန်မာစက်တစ် လုံးသိမ်း ဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအနီးရှိ တရုတ်နိုင်ငံ ပိုင်ဂတ်စ်ပိုင်းစောင့် စစ်ကောင်စီတပ်စခန်းကို ၉/အညာမြေစစ်ဆင်ရေးအဖြစ်…

  • မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားသော်လည်း စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဆက်လက်အသုံးပြုပြီး ပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များကိုသာ အဓိက ဖမ်းဆီး

    မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားသော်လည်း စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဆက်လက်အသုံးပြုပြီး ပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များကိုသာ အဓိက ဖမ်းဆီး

    by

    in

    မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားသော်လည်း စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဆက်လက်အသုံးပြုပြီး ပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များကိုသာ အဓိက ဖမ်းဆီး ရန်ကုန်၊ မေ ၂၇ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားသော် လည်း စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများက လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ ဆက်လက်အသုံးပြုပြီး ပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များကိုသာ အဓိက ဖမ်းဆီးနေကြောင်း ဌာနဆိုင်ရာ သတင်းရင်းမြစ်တချို့နှင့် ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင် လှိုင်က လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုများကို ဖော်ထုတ်သွားရန်၊ နံပါတ်ပြားများ အတုလုပ်ခြင်း၊ လိုင်စင်များ အတုပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကို တွေ့ရှိရပြီး…

  • ဒါယိကာမကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ

    ဒါယိကာမကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ

    by

    in

    ဒါယိကာမကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး မုဒိမ်းမှုအပါ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ ရောင်နီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် သိမ်ကျောင်းအလှူ ဒါယိကာမ အမျိုးသမီးတဦးကို ဓားဖြင့် ၁၅ ချက်ထက်မနည်း ခုတ်သတ်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား လူဝတ်လဲပြီး လှည်းကူးမြို့မရဲစခန်းတွင် မုဒိမ်းမှု၊ သာသနာတော်ညှိုးနွမ်းစေမှုနှင့် လူသတ်မှု စသည့် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် မေလ ၂၁ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ရွှေအင်တုံကျေးရွာရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသူမှာ အသက် ၄၈ နှစ်အရွယ် ဒါယိကာမတဦးဖြစ်ပြီး ၎င်းသည် အဆိုပါကျောင်းတွင် သိမ်နှင့်ကားများ လှူဒါန်းထားသည့် ဒါယိကာမအရင်းဖြစ်သည်။ ၎င်း၏မိခင်မှာလည်း…

  • စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် အာဆီယံ ဥက္ကဌ ပယ်ချ

    စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် အာဆီယံ ဥက္ကဌ ပယ်ချ

    by

    in

    စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် အာဆီယံ ဥက္ကဌ ပယ်ချ 26 May 2025 By Thai Enquirer အာဆီယံ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံက မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ရန် တောင်းဆိုလိုက်ပြီး စစ်ကောင်စီ၏ အဆိုပြုထားသော ရွေးကောက်ပွဲများကို နိုင်ငံရေးလှည့်ဖျားမှုအဖြစ် ပယ်ချလိုက်သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုလျက် နယ်စပ်များသို့ ပိုမိုပျံ့နှံ့နေကြောင်း သတိပေးခဲ့သည်။ အာဆီယံ၏ ရပ်တည်ချက်ဖြစ်သည့် ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု ရပ်တည်ချက်ကို ထပ်မံ အတည်ပြုခဲ့သလို အာဆီယံသည် အကျပ်အတည်းကို ပြည်တွင်းမှဖြေရှင်းရေးအတွက် အလေးထားတိုက်တွန်းခဲ့သည်။…

  • မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

    မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

    by

    in

    မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင် ရန်ကုန်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နမခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ၆ လုံးအောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီသား များ ထိခိုက်သေဆုံးပျက်စီမှုရှိနိုင်ကြာင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မေလ ၂၅ ရက် ည ၆ နာရီ ၄၉ မိနစ်က မုံရွာမြိ့အခြေစိုက် အခြေစိုက် စစ်ကောင်စီ၏ အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁ဝ၇ မမရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ရာ…

  • ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုကို သားဖြစ်သူ ကိုထိန်လင်းက ကိုယ်စား ဆုလက်ခံ

    ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုကို သားဖြစ်သူ ကိုထိန်လင်းက ကိုယ်စား ဆုလက်ခံ

    by

    in

    ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုကို သားဖြစ်သူ ကိုထိန်လင်းက ကိုယ်စား ဆုလက်ခံ မေ-၂၆၊ ၂၀၂၅။ People’s Spring အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု အခမ်းအနားကျင်းပခဲ့ရာ ဒီနှစ်အတွက် ရွေးချယ်ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ကိုယ်စား သားဖြစ်သူ ကိုထိန်လင်းက ဆုလက်ခံရယူခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၄ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု ပေးအပ်ချီးမြှင့်ခံရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခေါ်)မစ္စတာကင်မ်အဲရစ်က ကိုယ်စားဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ “ဒီဆုဟာ မေမေ့ရဲ့ စွန့်လွှတ်မှုများကိုသာမက လွတ်လပ်တဲ့မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ အိမ်မက်ကိုလည်း ရည်ညွှန်းပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ဆက်လက် ပြောဆို တွန်းလှန်ကြရမယ်၊…

  • အသစ်ပေါ်ထွန်းလာသည့် ရာမညမွန်တပ်တော်နှင့် လက်တွဲပူးပေါင်း၍ စစ်အာဏာရှင်ကို တိုက်ခိုက်မည်ဟု TNLA က ကြေညာ

    အသစ်ပေါ်ထွန်းလာသည့် ရာမညမွန်တပ်တော်နှင့် လက်တွဲပူးပေါင်း၍ စစ်အာဏာရှင်ကို တိုက်ခိုက်မည်ဟု TNLA က ကြေညာ

    by

    in

    အသစ်ပေါ်ထွန်းလာသည့် ရာမညမွန်တပ်တော်နှင့် လက်တွဲပူးပေါင်း၍ စစ်အာဏာရှင်ကို တိုက်ခိုက်မည်ဟု TNLA က ကြေညာ ရန်ကုန်၊ မေ ၂၆ မွန်ပြည်နယ်အခြေပြုဖွဲ့စည်းထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ် မြောက်ရေးတပ်တော်-MLA တို့ပေါင်းစပ်ဖွဲ့စည်းလိုက်သည့် ရာမညမွန်တပ်တော် – RMA နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က တရားဝင်ထုတ်ပြန်ကြေညာသည်။ မေလ ၂၄ ရက်နေ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ် တော်-MLA တို့သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသော မွန်ပြည်ပေါ်ထွန်းရေး ဟူသော မွန်မြတ်သည့်ရည်ရွယ် ချက်တို့ဖြင့် အတူပေါင်းစည်းကာ “ရာမညမွန်တပ်တော်-Ramonnya Mon Army-RMA ကို ဖွဲ့စည်း ထူထောင်လိုက်ကြောင်း ကြေညာခဲ့ကြောင်း၊…

  • နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

    နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ

    by

    in

    နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရ ရန်ကုန်၊ မေ ၂၆ နေပြည်တော်နှင့် နီးကပ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ မေလ ၁၇ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဆက်တိုက်သလို တိုက်ပွဲများ ဖြစ်ပွားလိုက် နားလိုက်ဖြင့် နေ့စဉ် ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း၊ ကရင်နီ KNDF တပ်များနှင့် စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲများအတွင်း စစ်တပ်နှင့်PNO ဂိတ်စခန်းတချို့ကို သိမ်းပိုက်ရရှိပြီး PNO စစ်သားတချို့ကိုလည်း အရှင်ဖမ်းဆီးရရှိမှုများရှိကြောင်း၊…

  • မန္တလေး အင်းဝဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်

    မန္တလေး အင်းဝဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်

    by

    in

    တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စျေးချိုတော်နဲ့ နာရီစင်အနီးက အင်းဝဘဏ်မှာ မေ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီးတယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက် ၈၄ လမ်းနဲ့ ၂၆ လမ်းထောင့်ရှိ အင်းဝဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားအချင်းချင်း စကားများရာက အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “စစ်သားတွေ အပြန်အလှန်ပစ်ကြတာ၊ စျေးရော၊ ဘဏ်ရော ခဏပိတ်ထားရတယ်။ ခဏနေတော့ လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ဒဏ်ရာရလား သေလားတော့ မသိဘူး။” အင်းဝဘဏ်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီးနဲ့ တပ်သားတယောက်တို့ စကားများရာကနေ တပ်သားက…