Category: News
-
နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း
နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း ရန်ကုန်၊ ဇွန် ၁ စစ်အာဏာရှင် တော်လှန်ရေးတွင် မကြာခင်ဖြစ်ပေါ်လာမည့် အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေးအတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ရန်ကုန်ခေတ်သစ်က အပတ်စဉ် စီစဉ်တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အမေးအဖြေတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုသွားခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် တော် လှန်ရေးခေါင်းဆောင်တချို့က အထွေထွေထိုးစစ်ကြီး လာမည်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အထွေ ထွေထိုးစစ်သည် တော်လှန်ရေးအတွက် သော့ချက်ဖြစ်ပြီး လူတိုင်းလူတိုင်း ပါဝင်ရမည်ဖြစ်ကြောင်း၊ အထွေထွေထိုးစစ် ဆင်နွှဲချိန်တွင် စစ်ကောင်စီက…
-
စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိဟုဆို
စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိဟုဆို ရန်ကုန်၊ ဇွန် ၁ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၃၁ ရက်နေ့က BWM နှင့် မဟာမိတ်အဖွဲများဖြစ်သော Shadow (စစ်ကိုင်း)၊ No More Dictatorship (NMD) နှင့် စစ်ကိုင်းမြိုပြပြောက်ကျား (Infinity) အဖွဲတိုက စစ်ရှုးကောင်စီ၏ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) စခန်းကို…
-
နောင်တချိန်တွင် ဘယ်သူ စစ်အာဏာသိမ်းရဲလဲဟုမေးနိုင်အောင် လက်နက်ကိုင်တော်လှန်နေခြင်းဟု PDF စစ်ဆင်ရေးမှူးပြော
နောင်တချိန်တွင် ဘယ်သူ စစ်အာဏာသိမ်းရဲလဲဟုမေးနိုင်အောင် လက်နက်ကိုင်တော်လှန်နေခြင်းဟု PDF စစ်ဆင်ရေးမှူးပြော ဇွန် ၁၊၂၀၂၅။ထားမြတ်/People’sSPring ပြည်သူများဆန္ဒကို လက်နက်ဖြင့် အနိုင်ကျင့်သည့် စစ်အာဏာရှင်များ နားလည်နိုင်မည့် ဘာသာစကားဖြစ်သော လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူလူထုတရပ်လုံးက ရွေးချယ်ဆောင်ရွက်ခဲ့ရပြီး နောင်တချိန် အာဏာမသိမ်းရဲအောင် လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောသည်။ ရဲဘော်တင်ဦးသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်းနှင့် နေပြည်တော်တိုင်း စသည့် တိုင်းစစ်ဌာန လေးခုပါဝင်သည့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေကို ကွပ်ကဲရသည့် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူနေသူ ဖြစ်ညပီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ မေလ ၃၁ရက်က ကျင်းပသည့် ဒို့ပြန်လာပြီ ဧရာ၀တီ၏ ပင်လယ်အရောက် ရိုးမဖောက် စကားဝိုင်းအစီအစဉ်တွင် ရဲဘော်တင်ဦးက လက်နက်ကိုင်တော်လှန်ရေး၌ ပါဝင်ခဲ့ရမှု အကြောင်း ယခုကဲ့သို့ရှင်းလင်း…
-
စစ်ကောင်စီတပ်သားများ စစ်ပွဲနိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းစစ်သားပြော
စစ်ကောင်စီတပ်သားများ စစ်ပွဲနိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းစစ်သားပြော မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring စစ်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များအား နိုင် အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ထိုင်းစစ်သားက ဘာသာပြန်မှတဆင့် ပြောကြားခဲ့ဟု ကရင် သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော်ဘရာပူးပေါင်းစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ရေကူးထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများကို ထိုင်းစစ်သားများက ကူညီပေးစဉ် ထိုင်းစစ်သားတစ်ဦးက ထိုကဲ့သို့ ပြောကြားခဲ့သည်ကို ဘာသာပြန်က ပြန်ရှင်းပြခဲ့ခြင်းဖြစ်သည်။ ” တကယ်လို့ သူတို့ကို ကိုယ်တိုက်နိုင်ရင် ကိုယ်တိုက်မယ် တကယ်လို့ ကိုယ်တိုက်မနိုင်ရင် ကိုယ်ဆုတ်မယ်”ဟု ထိုင်းစစ်သား၏ ပြောကြားချက်ကို စစ်ကောင်စီတပ်သားများအား ဘာသာပြန်က ပြန်ပြောပြနေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် ထွက်ပြေးစစ်ကောင်စီတပ်သား ၂၀ကျော် တွေ့ရပြီး ထိုင်းစစ်သုံးယာဉ်များဖြင့်…
-
မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ်
မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ် ရန်ကုန်၊ ဇွန် ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြင့်ငြိမ်းအေး၊ အောင်တံတား စသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ကို ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် ကူညီဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့နေရခြင်းဖြစ်ကြောင်း၊ မြစ် ရေဝင်ရောက်မှုကို…
-
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ်
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ် မေ-၃၁၊ ၂၀၂၅။ရှိန်း/ People’s Spring မန္တလေးမြို့ မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးကူးပြောင်းခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူးခွန်စိုင်း(ခ)ဗိုလ်ဒေါင်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မေလ ၂၈ရက်က စစ်ကောင်စီကို ရင်ဆိုင်တိုက် ခိုက်ရင်း တိုက်ပွဲတွင်း ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။ ရဲဘော်ခွန်စိုင်းဟာ ရတနာ ပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။ “မန္တလေးမြို့ပေါ် ပျောက်ကြားသပိတ်တွေမှာ ဦး ဆောင်ပါခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေးကို ပြောင်းတဲ့အချိန်မှာလည်း သူကအစောဆုံးလို့တောင် ပြောလို့ရတယ်။ ၂၀၂၁ ဧပြီလလောက်မှာ သင်တန်းတက်ပြီးနေပြီ။ ၂၀၂၂လောက်အထိ မြို့ပေါ်မှာ UGလုပ်ခဲ့တယ်။ တော်လှန်ရေးသိက္ခာက အသက်ထက် အရေးကြီးတယ်လို့ ပြောပြီး သူနောက်ဆုံးအထိ သက်သေပြသွားခဲ့တယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ တပ်မှူးခွန်စိုင်း…
-
စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး
စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံတစ်ဝန်း စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ်သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးသော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီက လာမည့် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် တပ်မတော်သားများ အပါအဝင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် စခန်းသိမ်း၊ မြို့သိမ်းနှင့် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး တိုက်ပွဲ…
-
မေခ၊ မလိခမြစ်ရေကြီးနေ၍ ပူတာအို၊ ချီဖွေအနိမ့်ပိုင်းဒေသများ ရေမြုပ် ▪️ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား
မေခ၊ မလိခမြစ်ရေကြီးနေ၍ ပူတာအို၊ ချီဖွေအနိမ့်ပိုင်းဒေသများ ရေမြုပ် ▪️ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေ၍ ရေဘေး သတိပေးထား မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်တို့တွင် မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြစ်ဘေးတလျှောက် နေထိုင်သူများ ရေဘေးသတိပြုရန် ကချင်ဒေသ သတင်းရင်းမြစ်အချို့က ပြောသည်။ မေခနှင့် မလိခမြစ်ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာ၀တီမြစ်ရေသည်လည်း ရေဆက်လက် မြင့်တက်နေကာ မြစ်ကြီးနားမြို့တွင် ရေဘေးသတိပေးမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။ ” ပူတာအို မလိခမြစ်ရေ ဆက်လက်မြင့်တက်နေဆဲ။ ပူတာအိုအနိမ့်ပိုင်းနေရာအချို့ ရေနစ်မြုပ်နေပြီ။ မေခမြစ်ဘေးက ချီဖွေ ။ မနှစ်ကထက် ရေတက်အား ပိုကောင်းလို့ အရေးပေါ်ပြောင်းရွှေ့နေကြရ။ နှစ်စင်းလုံးအရှိန်ကောင်းကောင်းနဲ့ အောက်ဖက်ကို ဆင်းလာနေတယ်။ ဒါက မြစ်ကြီးနား ဧရာ၀တီမြစ်ရေ ဆက်လက်မြင့်တက်နေတယ်။ မြို့နဲ့…
-
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သရွေ့ ပြည်သူများ ကောင်းမွန်ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောဆို
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သရွေ့ ပြည်သူများ ကောင်းမွန်ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြောဆို ရန်ကုန်၊ မေ ၃၁ အကြမ်းဖက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သရွေ့ ပြည်သူများ ကောင်းမွန်ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ က ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယနေ့ မေလ ၃၁ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း ၄ နှစ်ပြည့် အဖြစ် သတင်းစကား ထုတ်ပြန်မှုတွင် ဒုစစ်ဦးစီးချုပ် မာဝီ က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့်မှာအခက်အခဲပေါင်း များစွာဆက်လက်ပြီး ရင်ဆိုင်ကြဖို့လည်း ရှိတယ်။ သို့သော် စစ်အာဏာရှင်တွေ သက်ဆိုးရှည်သရွေ့ ကျွန်တော်တို့…
-
အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် လိုငွေ မြောက်မြားစွာပြနေဟု စစ်ခေါင်းဆောင်ပြော
အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် လိုငွေ မြောက်မြားစွာပြနေဟု စစ်ခေါင်းဆောင်ပြော 001 မဇ္ဈိမ ။ ။ အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် Non Trade တွင် လိုငွေ မြောက်မြားစွာပြနေ ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (မေလ ၃၀ ရက်)က နေပြည်တော်တွင်ပြုလုပ်သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။ “Non Trade မှာလိုငွေတွေအများကြီးပြတယ်။ အနှုတ်တွေ တအားများပါတယ်”ဟု စစ်ခေါင်းဆောင်က ဆိုသည်။ ထိုသို့ Non Trade တွင် လိုငွေများပြနေသည့်အတွက် နိုင်ငံခြားငွေရှားပါးပြီး ငွေလဲလှယ်နှုန်းများ မြင့်တက် နေခြင်းဖြစ်ကာ အဆိုပါလိုငွေပြမှုများသည် ပြည်ပထွက်ခွာမှုများကြောင့်ဟု ၎င်းက ထည့်သွင်းအပြစ်တင် သည်။ Non Trade မှ…