Category: News
-
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၃ လုံး ကျရောက်ပေါက်ကွဲ
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ၃ လုံး ကျရောက်ပေါက်ကွဲ ရန်ကုန်၊ ဇွန် ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အကြမ်းဖက်ကောင်စီ၏ အ နောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃…
-
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး ထောင်ချထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို လုံးဝ မလေးစား မလိုက်နာတာဖြစ်ပြီး ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဇွန် ၁၄ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၃၃…
-
ရေကြည်အမြောက်တပ်ကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်နေ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ပြေးနေရ
ဧရာဝတီတိုင်းမ် ဇွန် ၁၃ ရက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စစ်ကောင်စီ၏မြောက်စမ်းအမြောက်တပ် အမတ-၃၄၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညပိုင်းကစပြီး အမြောက်တပ် ၃၄၄ ၏ နှစ်ထပ်ဘန်ကာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် စီးနင်းထားကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။ “၁၁ ရက်နေ့ညကတည်းက စစ်ကားတွေ အမြောက် တပ်ထဲ အဝင်အထွက်ရှိတယ်။ ၁၂ ရက်နေ့နဲ့ ဒီနေ့မနက်မှာ တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က အုပ်စုလိုက်ထွက်ပြေးလာတာ ရှိပါတယ်” ဟုစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၂ ရက် နံနက် ၆ နာရီအချိန်မှစပြီး အမြောက်တပ်အတွင်းရှိ…
-
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ…
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ… ဇွန် ၁၄ ၊ ၂၀၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာကြား စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၃၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၄၁)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၇)လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA…
-
စစ်တပ်တရားရုံးများက သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေသည့်အပြင် အကျဉ်းသားအကျဉ်းသူများကို လျှပ်စစ်ရှော့ခ်ဖြင့် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများပါ လုပ်နေ
စစ်တပ်တရားရုံးများက သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေသည့်အပြင် အကျဉ်းသားအကျဉ်းသူများကို လျှပ်စစ်ရှော့ခ်ဖြင့် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများပါ လုပ်နေ ရန်ကုန်၊ ဇွန် ၁၄ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ တရားရုံးများက လျှို့ဝှက်စွာ သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေသည့်အပြင် စစ်တပ်ကလည်း အကျဉ်း သားအကျဉ်းသူများကို လျှပ်စစ်ရှော့ခ်ဖြင့် ညှဉ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကိုပါ လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ ဇွန်လ ၁၃ ရက်နေ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာပေါ်ရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း”နှင့်စပ်လျဉ်း၍ တံခါးဖွင့် ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အစဉ်အဆက်…
-
စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲအရေးယူမည့် ဥပဒေ ပြဋ္ဌာန်း
စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲအရေးယူမည့် ဥပဒေ ပြဋ္ဌာန်း ရန်ကုန်၊ ဇွန် ၁၄ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်မှု အပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲအရေးယူမည့် ဥပဒေ ကို ပြည်ထောင်စုလွှတ် တော်ကိုယ် စားပြု ကော်မတီ (CRPH) က ယမန်နေ့ ပြဋ္ဌာန်းလိုက်သည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ CRPH က အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန် ထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ အမျိုး သားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က ပေးပို့လာသော “အကြမ်းမဖက်…
-
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ လုံခြုံရေးဘန်ကာမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲမှု စစ်သား ၁ ဦးသေဆုံးဟုဆို
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံ၊ လုံခြုံရေးဘန်ကာမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲမှု စစ်သား ၁ ဦးသေဆုံးဟုဆို ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ လုံခြုံရေးဘန်ကာအတွင်းမှ ထွက်လာသော စစ်သားတချို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ အမှတ် ၃ လမ်း နှင့် အမှတ် ၇ လမ်းဆုံ ရှိ စစ်တပ် ဘန်ကာကင်းတစ်ခုကို ပစ်မှတ်ထား၍ အဝေးထိန်း မိုင်း ၂ လုံးဖြင့်…
-
ထောက်ကြန့်မြို့နယ်ရှိ အမှတ် ၃လမ်းနှင့် အမှတ် ၇ လမ်းဆုံမှ စစ်ကောင်စီတပ် ဘန်ကာကင်းကို မိုင်းခွဲတိုက်ခိုက်…
ထောက်ကြန့်မြို့နယ်ရှိ အမှတ် ၃လမ်းနှင့် အမှတ် ၇ လမ်းဆုံမှ စစ်ကောင်စီတပ် ဘန်ကာကင်းကို မိုင်းခွဲတိုက်ခိုက်… ဇွန် ၁၄ ၊ ၂၀၂၅ ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်းကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။ ဇွန်လ ၁၃ ရက် မနေ့ကညပိုင်းက တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ အမှတ် ၃ လမ်းနဲ့ အမှတ် ၇ လမ်းဆုံက ဘန်ကာကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ “အဝေးထိန်း ၂ လုံးသုံးခဲ့ပေမယ့် ၁ လုံးပဲ ကောင်းကောင်း အောင်တယ်။ နောက် ၁ လုံးက ပေါက်ကွဲအား…
-
နတ်ရေကန်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေ ဆက်လက်ထိုးစစ်ဆင်နေ
နတ်ရေကန်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေ ဆက်လက်ထိုးစစ်ဆင်နေ ထက်ဖြိုး/MFP ၊ ဇွန် – ၁၃ ရခိုင်ရိုးမပေါ် စစ်ရေးအရဗျူဟာကျတဲ့ စစ်အုပ်စု နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့တိုက်ခိုက်တာနဲ့ ဖြတ်တောက် တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ပြောပါတယ်။ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို တိုးလျှိုပေါက် သွားလာဖြတ်သန်းလို့ရတဲ့ ငဖဲမြို့နယ်ထဲကအဆိုပါ စစ်အုပ်စု ဗျူဟာကုန်းစခန်းကို AA နဲ့ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တတိယပတ်ကစပြီး ထိုးစစ် ဆင်တိုက်ခိုက်နေခဲ့ရာမှာ ဇွန်လ ၃ ရက်က နတ်ရေကန်စခန်းနဲ့ တစ်မိုင်ကျော်အကွာရှိ စစ်အုပ်စုရဲ့ MPT တာဝါကုန်း ကာကင်းစခန်းကိုသိမ်းပိုက်ပြီးနောက်မှာ နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်…
-
လမ်းတော်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွား၊ ပျူစောထီးတချို့ကို ရဲက ဖမ်းသော်လည်း တပ်က ပြန်လွှတ်ခိုင်း
လမ်းတော်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွား၊ ပျူစောထီးတချို့ကို ရဲက ဖမ်းသော်လည်း တပ်က ပြန်လွှတ်ခိုင်း ရန်ကုန်၊ ဇွန် ၁၄ ရန်ကုန်တိုင်း၊ လမ်းတော်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးများအကြား ပစ်ခတ်မှုဖြစ်သည်အထိ အချင်းများ ရန်ဖြစ်မှုများ ပေါ်ပေါက်လာရကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် လမ်းမတော်မြို့နယ်၊ ဂျန်းရှင်းမော်တင်အနီးတွင် ရဲ ၁ ဦးကို ပျူစောထီးအဖွဲ့ဝင် ၆ ဦး က ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် ရဲများ ထပ်မံရောက်ရှိလာပြီး ပျူစောထီးအဖွဲ့များကို ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲ ၁…