Category: News
-
မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး
မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မကွေးတိုင်း၊ မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေသော ခရီးသွား ယာဉ်လိုင်းများရှိ၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တမာမြေအထူးစစ်ကြောင်း (TAMAR MYAY SPECIAL COLUMN) မှ တော်လှန်ရေး ရဲဘော်များက မကွေး-ရေနံချောင်း-နတ်မောက်…
-
ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး
ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားတချို့ သော့ဖျက်၍ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခန့်က ဒေါပုံမြို့မရဲစခန်းအတွင်းရှိ အချုပ်သားများသည် အချုပ်ခန်းသော့ကိုဖျက်ကာ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။ “ထွက်ပြေးသူတွေကို လိုက်ဖမ်းနေတုန်းပဲ။ မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။ အချုပ်သားများဖြစ်သည့် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင်(ခ)သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲ လင်းတို့ လေးဦး အချုပ်သော့ကိုဖျက်ကာ ထွက်ပြေး သွားပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ ပုံစာ-ဒေါပုံမြို့မရဲစခန်း ဒေါပုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ်လေးဦး အချုပ်ခန်းဖောက်…
-
စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ
စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ ကဖေး/People’s Spring စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မခခေါ်ယူစုဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ရှေ့ တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ “ကျတော်တို့ ဖမ်းမိတဲ့ စစ်သင်တန်းဆင်းတွေက ပုံမှန်အခြေနေမဟုတ်ဘူး။ မေးကြည့်တဲ့အခါ စိတ်ကြွဆေးပြားတွေ တစ်နေ့တပြားစီနေ့တိုင်းတိုက်တယ်လို့ပြောတယ်” ဟု စစ်ကိုင်းတိုင်းအ တွင်းပြီးခဲ့သည့်ဇန်နဝါရီလကတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းအချို့၏ဝန်ခံချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ စစ်ကောင်စီသည်စစ်သင်တန်းဆင်းများ၊ပြည်သူ့ စစ်များနှင့်ပျူစောထီးများကိုလည်းစိတ်ကြွဆေး များ တိုက်၍ အရပ်သားနေအိမ်များအားမီးရှို့ခိုင်းခြင်း၊ စစ်တိုက်ခိုင်းခြင်းများပြုလုပ်နေသည်ဟု စစ်သုံပန်းအချို့က ထုတ်ဖော်ဝန်ခံဖူးသည်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေး ရွာအနီးတွင်၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ၂၆ရက်နေ့ တွင်တိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်း၌ မူးယစ်ဆေးဝါးသုံးစွဲသလို စစ်သင်တန်းဆင်းများကိုလည်း မူးယစ်ဆေးသုံးခိုင်း၍ စစ်တိုက်ခိုင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၄ အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လည်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်း ၁၀၀ကျော်ရှိခဲ့ပြီး ၎င်းတို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို…
-
ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း
ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အခြေပြု၍ ကြီးထွားနေသော ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က တိုက်တွန်းပြောဆိုလိုက်သည်။ ထိုင်းလွှတ်တော်အမတ်လည်းဖြစ်၊ Move Forward ပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ Rangsiman Romeက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ “အစိုးရအနေနဲ့ ကျားဖြန့် ဂိုဏ်းတွေကို နှိမ်နင်းဖို့ လက်ရှိလုပ်ဆောင်နေတာထက် ပိုလုပ်ရမယ်လို့ ထပ်လောင်း ပြောကြားလိုပါတယ်။ မဟုတ်ရင် ပြီးမှာမဟုတ်ဘူး။ ဒီနေ့…
-
ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ
ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ -ရဲခေါင်/People’s Spring သူတို့ဘက်ကဖြစ်နေတာ ကျမစိတ်မဝင်စားဘူး . ကျားဖြန့်နှိမ်နှင်းရေးအတွက် ထိုင်းဘက်ကမြန်မာနယ်စပ်တလျှောက် စက်သုံးဆီနှင့်လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် ဆုံးဖြတ်ချက်အပေါ်ပြတ်ပြတ်သားသားရှိတဲ့အတွက် တရုတ်ဘက်က ချီးကျူးကြောင်း တရုတ်ပြည်ကပြန်လာသည့် ထိုင်းဝန်ကြီးပေတုန်ထမ် မှ သတင်းထောက်နှင့်တွေ့ဆုံတွင်ချိန်ပြောကြားခဲ့သည်။ . မီးဖြတ်၊ ဆီဖြတ်လိုက်သည့်အပေါ် အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့် သူတို့တွေဘက်ကရော မေးခွန်းကိုတော့ သူမ ဤသို့ဖြေခဲ့သည်။ “မြန်မာဘက်ကဖြစ်နေတာ ကျမနဲ့မဆိုင်ဘူး၊ ကျမဟာ ထိုင်းဝန်ကြီးဖြစ်လို့ ကိုယ့်ပြည်သူ ဒုက္ခမရောက်အောင် ဦးစားပေးကာကွယ်ရပါမယ်။ သူတို့လူ သူတို့ကြည့်ရမယ်။ ကျမလူ ကျမကြည့်ရမယ်။ ကျမဟာ ဒီနိုင်ငံရဲ့ဝန်ကြီးဆိုတော့ ကိုယ့်လူမျိုးတွေကိုပဲ စောင့်ရှောက်ဖို့ ကျမမှာတာဝန်ရှိတယ်” လို့ ပြတ်ပြတ်သားသားဖြေကြားခဲ့သည်။ . ဆိုတော့ ထိုင်းထုတ်ကုန်တွေပိတ်ဆို့ဖို့ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုကြိုတင်ပြင်ဆင်ထားသလဲ မေးခွန်းကို “ဒီကိစ္စဟာ နိုင်ငံခြားရေးအပိုင်းဖြစ်တဲ့အတွက် သူတို့တွေစကားပြောကြရပါမယ်။…
-
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန် ဖေဖော်ဝါရီ ၉၊ ၂၀၂၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မပူးပေါင်းကြဖို့ အပါအဝင် ဆုံးဖြတ်ချက် ၉ ခုကို ဖေဖော်ဝါရီ ၈ ရက် မနေ့ကကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ချမှတ်ခဲ့ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲက…
-
မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ)
မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ကရင်နီပြည်နယ်၊ ရှမ်း -ကယားနယ်စပ်မိုးဗြဲမြို့တိုက်ပွဲတွင် စစ်သားအလောင်း ၅ လောင်းနှင့် လက် နက်ခဲယမ်းအချို့သိမ်း ဆည်းရရှိခဲ့ပြီး စစ်တပ်က တိုက်ပွဲတွင် အမျိုးသမီးစစ်သည်တချို့ကိုပါ အသုံးပြုနေသည်ကို မြင်တွေ့ရကြောင်း KNDF ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်အစပ် မိုးဗြဲမြို့တွင် စစ် ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား တနေကုန်နီးပါးအပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည် သူ့နေအိမ် အမြောက်အများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။…
-
ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…
ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်… ဖေဖော်ဝါရီ ၈၊ ၂၀၂၅ ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ရက် မနေ့ကညပိုင်းမှာ ထောက်ကြံ့မြို့နယ်၊ ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ရဲ့ ဝန်ထမ်းတန်းလျားကို Rangoon Urban Column ( RUC) က (79) ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဝန်ထမ်းတန်းလျားပေါ် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိတယ်လို့လည်း…
-
မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ ၇ ခုကို စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး CDM ကျန်းမာရေးဝန်ထမ်းများ လက်ခံသည်ဟုဆိုကာ ပိတ်သိမ်း အရေးယူရန် ပြင်ဆင်နေဟုဆို
မန္တလေးရှိ ပုဂ္ဂလိက ဆေးရုံ ၇ ခုကို စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး CDM ကျန်းမာရေးဝန်ထမ်းများ လက်ခံသည်ဟုဆိုကာ ပိတ်သိမ်း အရေးယူရန် ပြင်ဆင်နေဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ ၇ ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စစ်ဆေးပြီး CDM ဆရာဝန်များ လက်ခံသည်ဟုဆိုကာ စစ်ကောင်စီက ပိတ်သိမ်းအရေးယူရန် ပြင်ဆင်နေကြောင်း မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးမြို့ရှိ ပန်းလှိုင်ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝင်ပေါက် ထွက်ပေါက်များကို ပိတ်ဆို့၍ CDM အရိုးအထူးကု ဆရာဝန် တစ်ဦးကို ရှာဖွေခဲ့ကြောင်း ၊…
-
လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြား ရာထူးအပြောင်းအလဲများ လုပ်ပြန်
လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြား ရာထူးအပြောင်းအလဲများ လုပ်ပြန် ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် MNDAA က ဖမ်းဆီးရရှိခဲ့ပြီး စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ်…