စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ
ကဖေး/People’s Spring
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မခခေါ်ယူစုဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ရှေ့
တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
“ကျတော်တို့ ဖမ်းမိတဲ့ စစ်သင်တန်းဆင်းတွေက
ပုံမှန်အခြေနေမဟုတ်ဘူး။ မေးကြည့်တဲ့အခါ စိတ်ကြွဆေးပြားတွေ တစ်နေ့တပြားစီနေ့တိုင်းတိုက်တယ်လို့ပြောတယ်” ဟု စစ်ကိုင်းတိုင်းအ
တွင်းပြီးခဲ့သည့်ဇန်နဝါရီလကတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းအချို့၏ဝန်ခံချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီသည်စစ်သင်တန်းဆင်းများ၊ပြည်သူ့
စစ်များနှင့်ပျူစောထီးများကိုလည်းစိတ်ကြွဆေး
များ တိုက်၍ အရပ်သားနေအိမ်များအားမီးရှို့ခိုင်းခြင်း၊ စစ်တိုက်ခိုင်းခြင်းများပြုလုပ်နေသည်ဟု
စစ်သုံပန်းအချို့က ထုတ်ဖော်ဝန်ခံဖူးသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေး
ရွာအနီးတွင်၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ၂၆ရက်နေ့
တွင်တိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်း၌
မူးယစ်ဆေးဝါးသုံးစွဲသလို စစ်သင်တန်းဆင်းများကိုလည်း မူးယစ်ဆေးသုံးခိုင်း၍ စစ်တိုက်ခိုင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၄ အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လည်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်း ၁၀၀ကျော်ရှိခဲ့ပြီး ၎င်းတို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရပြီး သိမ်းပိုက်ခဲ့သည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် ၁၈ ထုပ်၊ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူ(အထုပ်သေး ၁၂၈၅ခု သိမ်းဆည်းရမိခဲ့သည်ဟု အမျိုး
သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး
ဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ မဲပလီစခန်းသိမ်း
တိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက လေ
ကြောင်းမှလာချသည့် ရိက္ခာထုပ်များအတွင်း စိတ်ကြွဆေးပြားများတွေ့ရှိရသည်ဟု မြေပြင်မှသတင်းကြီးမြစ်တဦးကပြောသည်။ အဆိုပါစခန်းကို ဖေဖော်ဝါရီလ၁ရက်တွင် KNLA ၊PDF၊BPLA နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀နီးပါးကို သုံးပန့်အနေဖြင့်ဖမ်းမိထားပြီး ၎င်းတို့ထဲတွင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသော စစ်သင်တန်းဆင်းအချို့ပါဝင်ကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်က မောင်တောမြို့ရှိ နခခ (၅)ကိုထိုးစစ်ဆင်သိမ်းပိုက်စဥ် အတွင်း၌ပိတ်မိပြီးအစာရေစာပြတ်၍ ဒုက္ခရောက်နေသဖြင့် စစ်သားအချို့ကအကူအညီတောင်းရန် ရိုက်ကူးခဲ့သောရုပ်သံမှတ်တမ်းတွင်လည်း စစ်သားတစ်ဦးမှာ မူးယစ်ဆေးသုံးနေသည်ကိုတွေ့ရသည်။
စစ်ကောင်စီက အဓမ္မစုဆောင်းထားသောစစ်သားသစ်များကို သင်တန်းဆင်းပြီး စိတ်ကြွဆေးကြွေး၍စစ်တိုက်ခိုင်းနေမှုမှာ နေရာအားလုံးတွင်လည်းသို့မဟုတ် အချို့ဒေသများတွင်လားဆိုသည်ကိုမူ People’s Spring က စုံစမ်းနေဆဲဖြစ်ပါသည်။
စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်
မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်အမျိုးသားများအား အဓမ္မစုဆောင်း၍ အတင်းအကျပ်စစ်သင်တန်းပေးနေသည်မှာ သင်တန်းအမှတ်စဥ် ၉ ရှိပြီဖြစ်သည်။ စစ်သင်တန်းဆင်းများသည် လအနည်းငယ်အတွင်း ရှေ့တန်းသို့ပို့ဆောင်ခံရပြီး ထိခိုက်သေဆုံးမှုများသလို တော်လှန်ရေးအင်
အားစုများကလည်း အများအပြားဖမ်းမိထား
သည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့တွင်လည်း တပ်သားများကိုစိတ်ကြွဆေးများပုံမှန်ပေးဝေ၍ စစ်တိုက်ခိုင်းနေကြောင်းစုံစမ်းသိရသည်။
“လူငယ်တွေကို စစ်တပ်ထဲထည့်ပြီး စာရိတ္တကိုလည်းဖျက်ဆီး၊ မူးယစ်ဆေးစွဲအောင်လည်းလုပ်နေတာ။ သူတို့မှာ စိတ်ကြွဆေးပြား အလျှံအပယ် ရှိနေတာ။ မြို့ပေါ်ကလူတွေ နေသာသလိုနေရင်တော့ ပိုဆိုးလာလိမ့်မယ်” ဟု ဘုတလင်မြို့မှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
နယ်မြို့များအပြင် ရန်ကုန်နှင့်မန္တလေးကဲ့သို့မြို့ကြီးများတွင်လည်း လူငယ်များအား ဖမ်းဆီးပြီး စစ်သင်တန်းသို့ပို့နေသည်။
မန္တလေးမြို့တွင်အသက်၁၈နှစ်မပြည့်သေးသည့်
လူငယ်များကိုပါ ဖမ်းဆီးပြီး အသက်ပြည့်မှတ်
ပုံတင်ထုတ်ပေးကာ စစ်သင်တန်းသို့ပို့ဆောင်နေကြောင်း မြို့ခံများကပြောသည်။ပြီးခဲ့သည့် ဇန်န
ဝါရီလကမန္တလေးမြို့တွင် လူငယ် ၂၃၇ ဦး ထက်
မနည်းသည် စစ်ကောင်စီ၏ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရကြောင်း မန္တလေးလူထုသပိတ်အင်
အားစုက ထုတ်ပြန်ထားသည်။ ကလေးမြို့တွင်လည်း စစ်ကောင်စီက ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်း လူငယ်၁၈၅ဦးကို ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည်အတင်းအဓမ္မစစ်သားစုဆောင်းထားသူများကို သုံးလခန့်သင်တန်းပေးပြီးနောက် ရှေ့တန်းသို့ချက်ချင်းသေလွှတ်နေသောကြောင့်တိုက်ပွဲများတွင် သင်တန်းဆင်းစစ်သားသစ်များသေဆုံးမှုများကြောင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်သားစုဆောင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်
ရေးတပ်များထံပူးပေါင်းရန် တိုက်တွန်းထားသည်။
စစ်သားသစ်စုဆောင်းသင်တန်းပေးခံသောလူငယ်တစ်ဦးက လူငယ်များအနေဖြင့် စစ်သားသစ်စုဆောင်းမခံရစေရန်ထွက်ပြေးကြခြင်းမှာအကောင်းဆုံးဖြစ်ပြီး တပ်တွင်းခေါ်ယူခံရပါက စစ်တပ်က ကြွေးသောဆေးကိုစားပြီးပါက စိတ်မှာပုံမှန်မဟုတ်တော့၍ တပ်ထဲရောက်မှပြန်ထွက်ပြေးရန်မှာအခက်အခဲရှိကြောင်းပြောသည်။
(ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်တော်လှန်ရေးတပ်များက စစ်ကောင်စီရဲစခန်းအတွင်းမှသိမ်းဆည်းရရှိသောဘိန်းဖြူ ၊ဘိန်းမည်း မူးယစ်ဆေးဝါးထုပ်များ နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့စစ်ကူပို့သောသင်တန်းဆင်းစစ်သားသစ်အများစုကို ချင်းညီနောင်က စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားသောစစ်သားသစ်များထမင်းစားနေစဥ်။
ဓါတ်ပုံ-အမှတ် (၁)စစ်ဒေသ ၊ချင်းညီနောင် )