ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ

by

in

ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ
-ရဲ​ခေါင်/People’s Spring

သူတို့ဘက်ကဖြစ်နေတာ ကျမစိတ်မဝင်စားဘူး
.
ကျားဖြန့်နှိမ်နှင်းရေးအတွက် ထိုင်းဘက်ကမြန်မာနယ်စပ်တလျှောက် စက်သုံးဆီနှင့်လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် ဆုံးဖြတ်ချက်အပေါ်ပြတ်ပြတ်သားသားရှိတဲ့အတွက် တရုတ်ဘက်က ‌ချီးကျူးကြောင်း တရုတ်ပြည်ကပြန်လာသည့် ထိုင်းဝန်ကြီးပေတုန်ထမ် မှ သတင်းထောက်နှင့်တွေ့ဆုံတွင်ချိန်ပြောကြားခဲ့သည်။
.
မီးဖြတ်၊ ဆီဖြတ်လိုက်သည့်အပေါ် အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့် သူတို့တွေဘက်ကရော မေးခွန်းကိုတော့ သူမ ဤသို့ဖြေခဲ့သည်။ “မြန်မာဘက်ကဖြစ်နေတာ ကျမနဲ့မဆိုင်ဘူး၊ ကျမဟာ ထိုင်းဝန်ကြီးဖြစ်လို့ ကိုယ့်ပြည်သူ ဒုက္ခမရောက်အောင် ဦးစားပေးကာကွယ်ရပါမယ်။ သူတို့လူ သူတို့ကြည့်ရမယ်။ ကျမလူ ကျမကြည့်ရမယ်။ ကျမဟာ ဒီနိုင်ငံရဲ့ဝန်ကြီးဆိုတော့ ကိုယ့်လူမျိုးတွေကိုပဲ စောင့်ရှောက်ဖို့ ကျမမှာတာဝန်ရှိတယ်” လို့ ပြတ်ပြတ်သားသားဖြေကြားခဲ့သည်။
.
ဆိုတော့ ထိုင်းထုတ်ကုန်တွေပိတ်ဆို့ဖို့ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုကြိုတင်ပြင်ဆင်ထားသလဲ မေးခွန်းကို “ဒီကိစ္စဟာ နိုင်ငံခြားရေးအပိုင်းဖြစ်တဲ့အတွက် သူတို့တွေစကားပြောကြရပါမယ်။ ခုချိန်ထိ ဟိုဘက်ကဘာမှပြောလာတာမတွေ့ရသေးလို့ ထပ်မံဖြေကြားခဲ့သည်။
.

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။
ထိုင်းအစိုးရက နယ်စပ်ဒေသတွေကို ပေးပို့နေတဲ့ လျှပ်စစ်မီးဖြတ်တောက်ပြီး ၁၁ နာရီအကြာမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်ဘက်ကမ်း မြဝတီမြို့မှာ ဆူညံ​နေပါတယ်။
ထိုင်းနိုင်ငံကပေးနေတဲ့ လျှပ်စစ်မီးရုတ်တရက်ဖြတ်တောက်လိုက်လို့ မြဝတီမြို့ခံတွေဟာ မီးစက်နှိုးပြီး ညအချိန် မီးအလင်းရောင်ရဖို့ လုပ်နေတဲ့ ဆူညံသံတွေပါ။
အဓိက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအပါအဝင် မြို့နေအိမ်တွေက မီးရဖို့ မီးစက်တွေနှိုးပြီး လုပ်ခဲ့ရတာပါ။ တချို့က ဆိုလာပြားတွေ တပ်ဆင်ပြီး မီးအလင်းရောင်ရဖို့ ကြိုးပမ်းခဲ့ရသလို ငွေကြေးမတက်နိုင်သူအချို့ကတော့ လက်တလောမှာ မီးအလင်းရောင် မရဘဲနေနေရပါတယ်။
ထိုင်း – မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နိုင်တာက ထိုင်းဘက်က လျှပ်စစ်မီးပေးထားတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာ​တွေက ဇန်နဝါရီလမှာ စွပ်စွဲ​ရေးသားခဲ့ပါတယ် ။ ထိုင်းအစိုးရက နယ်စပ်က ကျားဖြန့်လုပ်ငန်း​တွေမှာထိုင်းအစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကို ပြသနိုင်ဖို့ ဓါတ်အားဖြတ်​တောက်ဖို့ ​ဖေ​ဖော်ဝါရီ ၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ် ။
ဖေဖော်ဝါရီ ၅ရက် မနက်မှာ​တော့မြန်မာဘက်ခြမ်းက နေရာ ၅ ခုဆီ လျှပ်စစ်မီး ဖြန့်ဖြူတာကိုစတင်ပြီး ဖြတ်တောက်လိုက်ပါတယ်။
ထိုင်းနိုင်ငံဒေသဆိုင်ရာ လျှပ်စစ်အာဏာပိုင်ဌာန (PEA)က နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ခြမ်းက ဧရိယာ ၅ ခုကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးထားပြီး မြဝတီမြို့မှာ နှစ်နေရာ၊ မွန်ပြည်နယ်မှာ တစ်နေရာနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ နေရာနှစ်ခုတို့ ဖြစ်ပါတယ်။
မြဝတီမြို့ဟာ ၂၀၀၀ ပြည့်နှစ်ကစပြီးထိုင်းအစိုးရဆီ က လျှပ်စစ်ဓါတ်အားကို ဝယ်ယူသုံးစွဲခဲ့ကြရတာပါ ။ ဒါ​ပေမယ့် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ​တော့မြန်မာနိုင်ငံကထုတ်တဲ့ ကိုယ်ပိုင်လျှပ်စစ်မီးနဲ့ အသုံပြုနိုင်ခဲ့​သေးတယ်လို့ မြဝတီမြို့ခံအချို့က ပြောပါတယ်။
“မြဝတီမှာ ၂၅ နှစ်ရှိ၊၂၀၀၀ ခုနှစ် ရောက်ကတည်းက တစ်မြို့လုံး ယိုးဒယားလျှပ်စစ်မီးသုံးတာ။ ဒေါ်စုလက်ထက်မှ မြန်မာမီး စသုံးလို့ရတာ။အဲဒီအချိန်က မြန်မာမီးအပြည့်အဝ လာတယ်။မြန်မာမီးမရတော့တာ နှစ်နှစ်ခွဲရှိပြီ”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
မီးမဖြတ်ခင်အထိ ထိုင်းလျှပ်စစ်မီးဟာ တစ်ယူနစ်ကို ၁၂ ဘတ်ပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ထိုင်းအစိုးရ က မြန်မာနယ်စပ်က မီး​ပေး​နေတဲ့ ငါး​နေရာကို မီးဖြတ်ခဲ့တာ​ကြောင့် တစ်လကို ဘတ်သန်း ၆၀၀ ​ကျော် နစ်နာတယ်လို့သိရပါတယ် ။ လက်ရှိ မြန်မာ​​ငွေ​ဈေးနဲ့ ဆိုရင် တလ
ကျပ် ၈၀ ဘီလီယံ​လောက် ထိုင်းဆုံးရှုံးခဲ့တာပါ။
မြန်မာ နိုင်ငံဘက်မှာလည်း ထိုင်းနိုင်ငံက မြဝတီမြို့ကို ပေးပို့နေတဲ့ လျှပ်စစ်မီးဖြတ်တောက်လိုက်လို့ မြို့ရှိ ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းသွားပါတယ် ။မြို့ရဲ့ စီးပွား​ရေး လုပ်ငန်းလည်ပတ်မှုထိခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးဖြတ်မှုနောက်ဆက်တွဲအနေနဲ့ မြဝတီမြို့မှာ ချက်ချင်းဆိုသလို ဓာတ်ဆီဈေး​တွေမြှင့်တက်လာပါတယ်။ ဖေဖော်ဝါရီ ၅ရက် မတိုင်မီက စက်သုံးဆီဈေးဟာ တစ်လီတာ ကျပ် ၃၅၀၀ ခန့်သာရှိ​ပေ
မယ့် မီးဖြတ်ခံရပြီး နောက်မှာတော့ တစ်လီတာ ကျပ် ၆၀၀၀ ကနေ ကျပ် ၈၀၀၀ခန့်အထိ ခုန်တက်လာပါတယ်။​
ဒါ့​တောင် စက်သုံးဆီကိုအလွယ်ဝယ်မရ​တော့ပဲ ပြည်သူတွေက အလုအယက် တိုး​ဝှေ့တန်းစီဝယ်ယူခဲ့ကြရပါတယ်။
“စက်သုံးဆီက ဆိုင်ကယ်ဆို ငါးထောင်ဖိုး။ကားဆို သုံးသောင်းဖိုးပဲရတော့တယ်။ထိုင်းဘက်က တရားဝင် မပေးတော့ဘူး။အပြင်မှောင်ခိုလမ်းကြောင်းကနေ ထည့်လို့ရတာတော့ရှိတယ်။စျေးက နှစ်ဆကျော်လောက် တက်သွားတာ”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရပိုင် ထိုင်းရေနံကြီးကြပ်ရေး ကုမ္ပဏီလီမိတက် (PTT)ဟာ နယ်စပ်အခြေစိုက်အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ထိထိရောက်ရောက် ဖြိုခွင်းမယ့် အစိုးရမူဝါဒအရ သန့်
စင်ချက်လုပ်ပြီး လောင်စာဆီတွေ မြန်မာဖက်တင်ပို့မှုကို ကန့်သတ်ဖို့ စီစဉ်နေပါတယ်လို့ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ​ဖေ​ဖာ်ဝါရီ ၆ ရက်မှာ ရေးသားထားပါတယ်။
ထိုင်းရဲ့ အကြီးမားဆုံး လောင်စာဆီ ကုန်သွယ်ရေးလုပ်ငန်းကြီး PTT လက်အောက်ခံ စက်သုံးဆီ အရောင်းဌာန (OR)ဟာ အိမ်နီးချင်း နိုင်ငံဆီ နယ်စပ်ဖြတ်ကျော် လောင်စာဆီ တင်ပို့မှုတွေကို ရပ်တန့်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။
ထိုင်းအစိုးရကကျားဖြန့် နှိမ်နင်းရေးနဲ့ ဆက်စပ်ပြီး နှစ်နိုင်ငံ နယ်ခြားဂိတ် ၅ ခုကနေ လောင်စာဆီတွေ တင်ပို့တာမျိုး မလုပ်တော့ဖို့ ညွှန်ကြားလာရင် အဲဒီ အမိန့်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ အသင့်ပြင်ဆင်ပြီး ဖြစ်နေတယ်လို့ ORရဲ့ နိုင်ငံတကာ လုပ်ငန်းဆိုင်ရာ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ရာချာ အူထိုင်ချန်က ပြောပါတယ်။
ORရဲ့ စာရင်းတွေအရ မြန်မာဖက်ကို လစဉ် နယ်စပ်ဖြတ်ကျော် တင်ပို့ရောင်းချတဲ့ ဓာတ်ဆီနဲ့ ဒီဇယ် ပမာဏဟာ လီတာ ၁၅ သန်း နဲ့ သန်း ၂၀ ကြား ရှိတယ်လို့လည်း သိရပါတယ်။ ORဆီက စက်သုံးဆီတွေကို မြဝတီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမှာရှိတဲ့ ဆီဆိုင်ကြီးတွေက တဆင့်ဝယ်ယူ ရောင်းချနေတာပါ။
နယ်စပ်ဒေသမှာရှိတဲ့ လူကုန်ကူးဂိုဏ်းတွေရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အထိနာအောင် ထိုင်းအစိုးရက မီးဖြတ်တောက်မှု၊အင်တာနတ်ဖြတ်တောက်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် လက်တလော အထိနာတွေတာက ပြည်သူတွေလို့ ပြောပါတယ်။
ထိုင်းအစိုးရ မီးစဖြတ်တဲ့ညမှာဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကပ်လျက်က အင်ကြင်းမြိုင်ဒေသက KK Parkမှာ မီးစက်ကြီးတွေ နှိုးပြီး အသုံးပြုခဲ့တာကြောင့် မီးအလင်းရောင်တွေ ထိန်နေခဲ့ပါတယ်။
ဒါ့အပြင် အင်တာနတ်လိုင်းတွေ ဖြတ်တောက်လိုက်ပေမယ့် Star Link ဆက်သွယ်ရေးနဲ့ အင်တာနတ်အသုံးပြီး လုပ်ငန်းတွေ လည်ပတ်နေခဲ့ကြပါတယ်။
မြဝတီနည်းတူ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နဲ့ ကပ်လျက်က တာချီလိတ်မြို့ကိုလည်း ထိုင်းအစိုးရက လျှပ်စစ်မီးပေးပို့တာ ဖြတ်တောက်ခဲ့ပေမယ့် တာချီလိတ်မြို့ကတော့ အိမ်နီးခြင်း လာအိုနိုင်ငံဘက်ကနေ လျှပ်စစ်မီးဝယ်ယူ အသုံးပြုနေပါတယ်။
ဒါ​ပေမယ့် နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ကို လျှပ်စစ်မီးတောက်လိုက်တဲ့ ပြဿနာဟာ တာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်တွေအထိရိုက်ခတ်နေပြီး စက်သုံးဆီပြတ်လပ်မှုအန္တရာယ် ရင်ဆိုင်နေရပါတယ်။လျှပ်စစ်မီးနဲ့ စက်သုံးဆီ ဖြတ်​တောက်မှု​တွေဟာလတ်တ​လောမှာ ​ဒေသခံပြည်သူ​တွေအတွက် ပိုအခက်​တွေ့​နေတယ်လို့​ဒေသခံ​တွေက ဆိုကြပါတယ် ။
“ကျားဖြန့်ရုံတွေကို ဖြတ်တာကနေ ကြားထဲက မြို့ခံတွေကနစ်နာတယ်။ ကျားဖြန့်ကို လွှတ်တုန်းကလွှတ်ထားပြီး အခုမှ ဟုတ်ပူမီးတိုက်လုပ်နေတယ်”လို့ မိုင်းဆတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အဲဒီ ကျားဖြန့်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေကို လှည့်စားလူကုန်ကူးခဲ့တဲ့ ဖြစ်စဉ်တွေက ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်မယ့် တရုတ် ကမ္ဘာလှည့် ခရီးသွားတွေကို တွန့်ဆုတ်စေခဲ့ပြီး တရုတ်ဧည့်သည်တွေအပေါ် ကြီးကြီးမားမားမှီခိုထားတဲ့ထိုင်းကမ္ဘာလှည့် ခရီး
သွား ကဏ္ဍအပေါ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
မြန်မာနယ်စပ်ကိုမီးဖြတ်ပြီး​နောက်​နေ့မှာပဲ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန်ရှီနာဝပ်ထရာဟာဘေဂျင်းကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျားဖြန့်တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေး နွေးခဲ့ပါသေးတယ်။တရုတ်သမ္မတက ကျားဖြန့်နှိမ်နင်း​ရေး ထိုင်းအစိုးရရဲ့ကြိုးပမ်းမှု​တွေကို ချီးကျူးတယ်လို့ဆိုပါတယ် ။
ဒါ​ပေမယ့် ကျားဖြန့်လုပ်ငန်း​တွေ​ကြောင့် အဓိကအကျိုးအမြတ်ရ​နေတာဟာ စစ်​ကောင်စီ ၊စစ်​ကောင် စီလက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ၊ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA) စတဲ့လက်နက်ကိုင်အဖွဲ့​တွေနဲ့အတူ ထိုင်းအစိုးရလို့ နိုင်ငံတကာက သုံးသပ်ကြပါတယ် ။
ဒါ​ပေမယ့် ဒီတကြိမ် စစ်​ကောင်စီဟာ သူနဲ့ဘာမှ မဆိုင်သလိုငြိမ်ကုပ်​နေပါတယ် ။ ကျားဖြန့်လုပ်ငန်း​တွေကို ထိုင်းကမီးနဲ့ အင်တာနက်​တွေ​ပေးပြီးကူညီ​နေတာ လို့ သတင်းစာမှာ​ရေးခဲ့တဲ့ စစ်​​ကောင်စီဟာ ထိုင်းက မီးဖြတ်လိုက်တဲ့အခါ မှာဘာမှမတုံ့ပြန်​​တော့ဘူးလို့ ထိုင်းအစိုးရဘက်က​ပြောပါတယ်။
BGF နဲ့ DKBA တို့က​တော့ ​ဖေ​ဖော်ဝါရီ ၆ ရက်မှာလူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်း နှိမ်နှင်းမယ်လို့ ထုတ်ပြန်လာကြပါတယ်။ဖေဖော်ဝါရီ ၆ရက်မှာဘဲ တရုတ်နိုင်ငံသားတွေအပါအဝင် လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၆၁ဦးကို နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။ ၂၀၂၃ကနေ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ ၂၀၀၀ကျော်ကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ BGFက ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်း​တွေဟာ တခြား​ဒေသကို​ရွေ့​ပြောင်းတာရှိ​နေသလို ၊ရှိ​နေတဲ့ ကျားဖြန့်လုပ်ငန်း​တွေအ​​ပေါ် သက်​ရောက်မှု သိပ်မရှိဘူးလို့ ​လေ့လာသူအချို့က ဆိုကြပါတယ်။ ဓါတ်အားဖြတ်​တောက်တာ ၊စက်သုံးဆီဖြတ်​တောက်တာကြာလာရင်​တော့ ကျားဖြန့်လုပ်ငန်း​တွေ ထိခိုက်လာလိမ့်မယ်လို့ ထိုင်းအစိုးရဘက်က​ပြောပါတယ်။
ထိုင်းအစိုးရက မီးဖြတ်တဲ့ဒဏ်ခံနေရတာက လက်တလောမှာတော့ ပြည်သူတွေသာဖြစ်တယ်လို့လည်း မြဝတီမြို့ခံက ဆိုပါတယ်။ ဒါပေမယ့် ဟန်ပြသဘောနဲ့ ဖြတ်တာလို့လည်း မြဝတီဒေသခံအချို့က သုံးသပ်နေကြပါတယ်။ နယ်စပ်​ဒေသအပြင်ကျန်​ဒေသက ပြည်သူ​တွေအ​ပေါ်သက်​ရောက်နိုင်မှု ရှိ ၊မရှိ ကို ​တော့ ထပ်မံ​လေ့လာ​စောင့်ကြည့်ဖို့လိုပါဦးမယ် ။
” ဒီထက်ရက်ရှည်ရင်တော့ မြို့နေလူထုအပေါ် ထိခိုက်လာမှာတော့ ကျိန်းသေပဲ”လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate