Category: News
-
ပညာရေးအားနည်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဟု စစ်ခေါင်းဆောင်ပြော
ပညာရေးအားနည်း၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြဟု စစ်ခေါင်းဆောင်ပြော ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၂၅ နိုင်ငံအတွင်း ဖြစ်ပွားနေသော မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များသည် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားပြီး အတန်းပညာတတ်မြောက်မှုနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်လာကြခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် ပြောသည်။ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးအားနည်းနေသဖြင့် တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေး အတွက် ဆရာ၊ ဆရာမက စနစ်တကျသင်ကြားပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် KG + 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်ပတ်သက်ပြီး အခြေခံ သိရှိစေရေးအတွက်…
-
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို ■နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့ပြော
မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်ဆို ■နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အခြေအနေမျိုးမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အစုအဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်ဆိုတာကို စဉ်းစားပုံဖော်ကြည့်လို့တောင်မဖြစ်နိုင်ကြောင်း ဘိရှော့ပြော ဇွန်-၁၂၊၂၀၂၅။People’s Spring မြန်မာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်း ကြောင်းဆီ ဦးတည်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့က ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ တင်ပြတဲ့အစီရင်ခံမှုမှာဘိရှော့က ပြည် တွင်းစစ်သာ ဆက်လက် ရှည်ကြာနေမယ် ဆိုရင် မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်စီးသွားလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခတွေ အရှိန်လျှော့ချရေး၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို မျက် နှာမူရေးအတွက်…
-
မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန်
မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများမှာ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေဟု မင်းအောင်လှိုင် ပြောပြန် ရန်ကုန်၊ ဇွန် ၁၂ မြန်မာနိုင်ငံတွင် မတည်မငြိမ်သည့်နေရာများ ပညာရေးအားနည်းသည့်ဒေသများဖြစ်ပြီး အတန်းပညာတတ်မြောက်မှု အားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်း၍ အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်သည်။ ယမန်နေ့ ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက ပညာရေး အားနည်းသည့်ဒေသများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်းနှင့် သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုဘ၀စီးပွားများကိုပါ ထိခိုက်လာစေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ထို့ပြင်…
-
သံတွဲမှ စစ်ရှောင်ပြီးရန်ကုန် မရမ်းကုန်းထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရုံးစာရေး သတ်ဖြတ်ခံရ
ပိုးဝါ၊ နိရဥ္စရာ၊ ဇွန် ၁၁/၂၀၂၅ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်ပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အငယ်တန်းစာရေး တစ်ဦးဓားဖြင့်ထိုးသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် အငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ဖြစ်ပြီးအသက် ၅၀ ကျော်အရွယ် ရုံးအကူ ဦးကျော်စိုးမင်းက ဓါးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ “သူတို့က ရုံးမှာပဲ အတူနေကြတာ။အဲ့ဒီရုံးအကူဦးလေးက ဗိုလ်မှူးနောက်က လိုက်နေတဲ့လူ။ မနေ့ကလည်း အဲ့ဒီဦးလေးကအသတ်ခံရတဲ့အကိုကို လိုက်ရှာနေတယ်လို့တော့ ပြောကြတယ်။ပြသနာတွေတော့ရှိပုံရတယ်။ ဒီမနက်မှာ ရုံးထဲမှာပဲထိုးတာ။ အထိုးခံရတဲ့အကိုက ဇောနဲ့ထိုးတဲ့လူနောက်လိုက်တာနေမယ်။ ရုံးပေါက်ဝနားရောက်တော့ လဲသွားပြီးဆုံးသွားတာ” ဟု အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက…
-
ပုလဲမြို့နယ်တွင် ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိ၊ စစ်တပ်တွင် တိုက်လေယာဉ်ဟောင်းများ ထုတ်သုံးခုခံရသည်အထိ အခြေအနေဆိုးရွားမှု ပေါ်လွင်စေဟုဆို
ပုလဲမြို့နယ်တွင် ပစ်ချခံလိုက်ရသည့် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိ၊ စစ်တပ်တွင် တိုက်လေယာဉ်ဟောင်းများ ထုတ်သုံးခုခံရသည်အထိ အခြေအနေဆိုးရွားမှု ပေါ်လွင်စေဟုဆို ရန်ကုန်၊ ဇွန် ၁၂ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က ပစ်ချလိုက်၍ ပျက်ကျခဲ့သော စစ်တပ် တိုက်လေယာဉ်မှာ တရုတ်ထုတ် Chengdu F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က စစ်တပ်၏တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း၊…
-
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခွန်ကောက်ခံမည်ဖြစ်ပြီး ကုမ္ပဏီများနှင့်ကုန်တင်ယာဉ်များ တရားဝင် မှတ်ပုံတင် အခွန်ဆောင်ရန် အသိပေးကြေညာ
မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အခွန်ကောက်ခံမည်ဖြစ်ပြီး ကုမ္ပဏီများနှင့်ကုန်တင်ယာဉ်များ တရားဝင် မှတ်ပုံတင် အခွန်ဆောင်ရန် အသိပေးကြေညာ ရန်ကုန်၊ ဇွန် ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် အခွန်ကောက်ခံမည်ဟု အသိပေးကြေညာထားကြောင်း မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လာမည့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ မူဆယ် ၁၀၅ မိုင် ကျင်းစန်းကျော်ဂိတ်တွင် မဟာမိတ်ညီနောင် ၃ ဖွဲ့၏ အကောက်ခွန်ဌာနက ကုန်သွယ်မှုအသွင်းအထုတ် ဂျူတီဆောင်နှုန်းများကို စီမံခန့်ခွဲမည်ဖြစ်ပြီး ကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနက အဆိုပါလုပ်ငန်းစဉ်များကို စီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် တရုတ်-မြန်မာနယ် နယ်စပ်ဂိတ်ပေါက်များ ပိုမိုဖွင့်လှစ်လာသည်နှင့်အမျှ…
-
ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ
ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ ရန်ကုန်၊ ဇွန် ၁၁ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ်များ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ပြောဆိုသည်။ ယခုဇွန်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၄ အတွက် ရေနံချောင်းမြို့ပေါ်တွင် စစ်တပ်၊ရဲနှင့် ပျူစောထီးများကနေ့စဉ် လူငယ်များကို လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရာတွင် လှည့်ကင်းဖြင့် ဖမ်းဆီးခြင်း၊ ဂိတ်ချ၍ ဖမ်းဆီးခြင်း စသည့် ပုံစံမျိုးဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇွန်လ ၉ ရက်နေ့မှ ယနေ့ ဇွန်လ ၁၁ ရက်နေ့…
-
နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၁ ဦး ဒဏ်ရာရ၊ စစ်တပ်က နောင်ချိုသို့တောက်လျှောက် ထိုးစစ်ဆင်နေသဖြင့် TNLA တပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ
နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၁ ဦး ဒဏ်ရာရ၊ စစ်တပ်က နောင်ချိုသို့တောက်လျှောက် ထိုးစစ်ဆင်နေသဖြင့် TNLA တပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ ရန်ကုန်၊ ဇွန် ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အမျိုး သားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။ ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ ကျောက် မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီး ဖြင့် ၂…
-
မဘသများ၏ တောင်းဆိုမှုကြောင့် မင်းအောင်လှိုင်က ဘုန်းကြီးကျောင်းများအတွက် လိုင်စင်မဲ့ကားများကို မြို့နယ်သံဃာနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် ပြန်လည် စီးနင်းခွင့်ပြု
မဘသများ၏ တောင်းဆိုမှုကြောင့် မင်းအောင်လှိုင်က ဘုန်းကြီးကျောင်းများအတွက် လိုင်စင်မဲ့ကားများကို မြို့နယ်သံဃာနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် ပြန်လည် စီးနင်းခွင့်ပြု ရန်ကုန်၊ ဇွန် ၁၁ အကြမ်းဖက် စစ်ကောင်စီက ဘုန်းကြီးကျောင်းနှင့်သံဃာတော်များအတွက် လိုင်စင်မဲ့ကားများကို မြို့နယ်သံဃာနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့် ပြန်လည် စီးနင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်နှင့်မန္တလေးတိုင်းရှိ တိုက် အုပ်ဆရာတော်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များမှာ သာသနာအမည်တပ်ထားသော လိုင်စင်မဲ့ကားများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဘုန်းကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ အသနားခံစာတင်ပြကြရာ သက်ဆိုင်ရာမြို့နယ်သံဃာနာယကအဖွဲ့ များ၏ ထောက်ခံချက်ဖြင့် လိုင်စင်မဲ့ကားများကို ပြန်လည် စီးနင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “သာသနာအမှတ်တံဆိပ်မှာ မြို့နယ်သံဃာနာယကအဖွဲ့ ထောက်ခံချက်ပါရမယ်၊…
-
မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များ နိုင်ငံရေးအရသရုပ်ဖော်နေမှုအပေါ် ကန့်ကွက်ဟု တရုတ် သံတမန်ဆို
မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များ နိုင်ငံရေးအရသရုပ်ဖော်နေမှုအပေါ် ကန့်ကွက်ဟု တရုတ် သံတမန်ဆို ဧရာဝတီ၊ ဇွန် ၁၁၊ ၂၀၂၅ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာများကို နိုင်ငံရေးအရသရုပ်ဖော်ခြင်းအား ဆန့်ကျင်ပြီး ထိုသို့ ကိစ္စရပ်များအပေါ် လူထုဖိအားပေးသည့် အလေ့အထကိုလည်း ပယ်ချကြောင်း ယမန်နေ့တွင်ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ လက်ထောက် အမြဲတမ်း ကိုယ်စားလှယ် Sun Lei က ပြောသည်။ အဆိုပါ ကုလသမဂ္ဂအစည်းအဝေးကို အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၉/၁၈၂ ဖြင့် ပြုလုပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်ရာတွင် ပံ့ပိုးပေးပြီး ၎င်း၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည်ကိုသာ အားပေးထောက်ခံသည်ဟု…