Category: News

  • NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

    NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

    by

    in

    NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက် ဖေဖော်ဝါရီ ၁၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြည်သူတွေကို အသိပေးလိုက်ပါတယ်။ “MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူ့ရဲ့ အခုလို အသိပေးလာမှုအပေါ် တော်လှန်ရေးအင်အားစုတွေက ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြသူတွေ…

  • ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်

    by

    in

    ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက် ဖေဖော်ဝါရီ ၁၀- ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ဖျက်ပြီး အချုပ်သားလေးယောက်ထွက်ပြေးမှု ဖေဖော်ဝါရီ ၉ ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” မနက် ၂ နာရီကျော်လောက်မှာ တာဝန်ကျရဲအရာရှိက အချုပ်ခန်းကိုလာစစ်ဆေးတော့မှ အချုပ်ခန်းဖျက်ပြီး ထွက်ပြေးသွားတာကိုသိကြတာ။ထွက်ပြေးတာလေးယောက်လို့သိရတယ်။ယောကျ်ားလေးတွေချည်းပါပဲ။ ထွက်ပြေးတဲ့အထဲမှာ ဒေါပုံမှာနေတဲ့သူကသုံးယောက်ပါတယ်။ကျန်တယောက်ကလှိုင်သာယာကပါ။ ” လို့ရဲစခန်းနဲ့နီးစပ်သူဒေသခံကပြောပါတယ်။ အချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားသူတွေမှာ မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူနှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ထွက်ပြေးအချုပ်သားတွေကို ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေမှုတွေလုပ်နေပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့အချုပ်သားတွေက အသက် ၁၇ နှစ်အရွယ် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်တယ်လို့…

  • လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း  သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင်

    လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင်

    by

    in

    လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့ အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂…

  • စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို

    စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို

    by

    in

    စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကောင်စီက ပြဋ္ဌာန်းထားသော စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ် သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်က ဆက်လက် လစာပေးထားရန် သတ်မှတ်ထားမှုမှာလိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ကြောင်း လှိုင်သာယာနှင့် ရွှေပြည်သာ အပါအဝင် စက်မှုဇုန်တချို့မှ အလုပ်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော…

  • မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

    မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

    by

    in

    မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မကွေးတိုင်း၊ မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေသော ခရီးသွား ယာဉ်လိုင်းများရှိ၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တမာမြေအထူးစစ်ကြောင်း (TAMAR MYAY SPECIAL COLUMN) မှ တော်လှန်ရေး ရဲဘော်များက မကွေး-ရေနံချောင်း-နတ်မောက်…

  • ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး

    ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး

    by

    in

    ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားတချို့ သော့ဖျက်၍ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခန့်က ဒေါပုံမြို့မရဲစခန်းအတွင်းရှိ အချုပ်သားများသည် အချုပ်ခန်းသော့ကိုဖျက်ကာ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။ “ထွက်ပြေးသူတွေကို လိုက်ဖမ်းနေတုန်းပဲ။ မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။ အချုပ်သားများဖြစ်သည့် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင်(ခ)သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲ လင်းတို့ လေးဦး အချုပ်သော့ကိုဖျက်ကာ ထွက်ပြေး သွားပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ ပုံစာ-ဒေါပုံမြို့မရဲစခန်း ဒေါပုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ်လေးဦး အချုပ်ခန်းဖောက်…

  • စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်​ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ

    စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်​ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ

    by

    in

    စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်​ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ ကဖေး/People’s Spring စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ရှေ့ တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ “ကျတော်တို့ ဖမ်းမိတဲ့ စစ်သင်တန်းဆင်းတွေက ပုံမှန်အခြေနေမဟုတ်ဘူး။ မေးကြည့်တဲ့အခါ စိတ်ကြွဆေးပြားတွေ တစ်နေ့တပြားစီနေ့တိုင်းတိုက်တယ်လို့ပြောတယ်” ဟု စစ်ကိုင်းတိုင်းအ တွင်းပြီးခဲ့သည့်ဇန်နဝါရီလကတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းအချို့၏ဝန်ခံချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ စစ်ကောင်စီသည်စစ်သင်တန်းဆင်းများ၊ပြည်သူ့ စစ်များနှင့်ပျူစောထီးများကိုလည်းစိတ်ကြွဆေး များ တိုက်၍ အရပ်သားနေအိမ်များအားမီးရှို့ခိုင်းခြင်း၊ စစ်တိုက်ခိုင်းခြင်းများပြုလုပ်နေသည်ဟု စစ်သုံပန်းအချို့က ထုတ်ဖော်ဝန်ခံဖူးသည်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေး ရွာအနီးတွင်၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ၂၆ရက်နေ့ တွင်တိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်း၌ မူးယစ်ဆေးဝါးသုံးစွဲ‌သလို စစ်သင်တန်းဆင်းများကိုလည်း မူးယစ်ဆေးသုံးခိုင်း၍ စစ်တိုက်ခိုင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၄ အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လည်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်း ၁၀၀ကျော်ရှိခဲ့ပြီး ၎င်းတို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို…

  • ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

    ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

    by

    in

    ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အခြေပြု၍ ကြီးထွားနေသော ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က တိုက်တွန်းပြောဆိုလိုက်သည်။ ထိုင်းလွှတ်တော်အမတ်လည်းဖြစ်၊ Move Forward ပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ Rangsiman Romeက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။ “အစိုးရအနေနဲ့ ကျားဖြန့် ဂိုဏ်းတွေကို နှိမ်နင်းဖို့ လက်ရှိလုပ်ဆောင်နေတာထက် ပိုလုပ်ရမယ်လို့ ထပ်လောင်း ပြောကြားလိုပါတယ်။ မဟုတ်ရင် ပြီးမှာမဟုတ်ဘူး။ ဒီနေ့…

  • ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ

    ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ

    by

    in

    ထိုင်းက မြန်မာနယ်စပ်ကို မီးဖြတ်လိုက်ပြီးနောက် ဂယက်များ -ရဲ​ခေါင်/People’s Spring သူတို့ဘက်ကဖြစ်နေတာ ကျမစိတ်မဝင်စားဘူး . ကျားဖြန့်နှိမ်နှင်းရေးအတွက် ထိုင်းဘက်ကမြန်မာနယ်စပ်တလျှောက် စက်သုံးဆီနှင့်လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် ဆုံးဖြတ်ချက်အပေါ်ပြတ်ပြတ်သားသားရှိတဲ့အတွက် တရုတ်ဘက်က ‌ချီးကျူးကြောင်း တရုတ်ပြည်ကပြန်လာသည့် ထိုင်းဝန်ကြီးပေတုန်ထမ် မှ သတင်းထောက်နှင့်တွေ့ဆုံတွင်ချိန်ပြောကြားခဲ့သည်။ . မီးဖြတ်၊ ဆီဖြတ်လိုက်သည့်အပေါ် အကျပ်အတည်းနဲ့ရင်ဆိုင်နေရသည့် သူတို့တွေဘက်ကရော မေးခွန်းကိုတော့ သူမ ဤသို့ဖြေခဲ့သည်။ “မြန်မာဘက်ကဖြစ်နေတာ ကျမနဲ့မဆိုင်ဘူး၊ ကျမဟာ ထိုင်းဝန်ကြီးဖြစ်လို့ ကိုယ့်ပြည်သူ ဒုက္ခမရောက်အောင် ဦးစားပေးကာကွယ်ရပါမယ်။ သူတို့လူ သူတို့ကြည့်ရမယ်။ ကျမလူ ကျမကြည့်ရမယ်။ ကျမဟာ ဒီနိုင်ငံရဲ့ဝန်ကြီးဆိုတော့ ကိုယ့်လူမျိုးတွေကိုပဲ စောင့်ရှောက်ဖို့ ကျမမှာတာဝန်ရှိတယ်” လို့ ပြတ်ပြတ်သားသားဖြေကြားခဲ့သည်။ . ဆိုတော့ ထိုင်းထုတ်ကုန်တွေပိတ်ဆို့ဖို့ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုကြိုတင်ပြင်ဆင်ထားသလဲ မေးခွန်းကို “ဒီကိစ္စဟာ နိုင်ငံခြားရေးအပိုင်းဖြစ်တဲ့အတွက် သူတို့တွေစကားပြောကြရပါမယ်။…

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

    by

    in

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန် ဖေဖော်ဝါရီ ၉၊ ၂၀၂၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ မပူးပေါင်းကြဖို့ အပါအဝင် ဆုံးဖြတ်ချက် ၉ ခုကို ဖေ‌ဖော်ဝါရီ ၈ ရက် မနေ့ကကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ချမှတ်ခဲ့ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမျိုးစုံအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲက…